"Yah......Baekhyun Baekhyun Baekhyun"
လှမ်းကြည့်ရင်တောင်မြင်နေရတဲ့အကွာအဝေးလောက်ကို Campus တစ်ခုလုံးကြားအောင်အော်ခေါ်ဖို့ ဆန္ဒရှိနေသလားပဲ ။
"ပြော ပြော ဘာလဲ? ဒီနားရောက်လည်းပြောလို့ရတာကို အသံပြဲကြီးနဲ့အော်လာသေးတယ်"
ကျတော် မကျေမနပ်ပြောတဲ့အသံကိုသူကပန်းနဲ့ပေါက်နေတဲ့အတိုင်း ပီကေအဝါးမပျက် အပြုံးမပျက်တုန့်ပြန်လာတယ် ။
"Baek ရ.....ဟီးးးး"
ပေါင်းသင်းလာတဲ့ 7 နှစ်အတွင်းမှာ ဒီအပြုံးတွေကိုခနခမြင်ခဲ့ဖူးပေမယ့် ဘယ်ချိန်မြင်ရမြင်ရ အဲ့ဒိ အပြုံးတွေက ကျတော့်ရင်ကို ဗရမ်းဗတာတွေဖြစ်သွားစေနိုင်တုန်း ။
"စာအုပ်သွားထပ်ပီး ပြန်မှာမလား? "
"အင်းလေ ပြန်မှာ ဒီမှာလွယ်အိတ်တောင်တစ်ခါတည်းယူလာခဲ့ပီ ဘာလဲတူတူပြန်မလို့လား? "
ကျတော့်မေးခွန်းအဆုံးမှာ ပြောရအခက်မပြောရအခက်ဖြစ်နေတဲ့သူ့မျက်နှာလေး ဝင်းပသွားရှာတယ် ။
တစ်ဖက်ကလည်း ကိုယ်နဲ့တူတူပြန်မယ်ပြောဖို့ ချီတုံချတုံဖြစ်နေတဲ့သူ့ပုံစံလေးကြောင့် ကြိတ်ဝမ်းသာမိသလိုလို ။
ဟုတ်တယ်လေ မသိရင် သူက ကျတော့်ကိုကြိုက်နေလို့ တူတူပြန်ဖို့ပြောရမှာမဝံ့မရဲဖြစ်နေတဲ့ပုံပေါက်နေတာကိုး ။
အာာ Mola လိုရာဆွဲတွေးကျန်းမာရေးပဲ ။"ငါ့မျက်နှာက အဲ့လောက်ရယ်စရာကောင်းနေလားဟင် Baek?"
"ဟမ်! ဟာာ မဟုတ်ဘူး မဟုတ်ဘူး ဒီတိုင်း ငါက အဟမ်း....miya "
သူခိုးလူမိဆိုတာဒါမျိုးထင်ပါရဲ့ ။
"အဲ့တာဆို ငါ စာအုပ်သွားထပ်လိုက်အုံးမယ် မင်း အရှေ့ပေါက်ကစောင့်နေလေ နော်"
"Baek ခန"
သူ့ကိုပြောပီးလှည့်အထွက်ကျတော့်လက်ကို အမိအရလှမ်းဆွဲလိုက်တဲ့ သူ့လက်နွေးနွေး ။
"Wae-yaw?"
"ဟိုဟာလေ Baek.....အင်းးး.....ဟို......"
YOU ARE READING
Y.O.U
Fanfictionပင်ပန်းလွန်းလို့အဝေးဆုံးကိုထွက်သွားချင်တိုင်း မထွက်သွားနိုင်ရတဲ့အကြောင်းပြချက် တစ်ခုတစ်လေကတော့ရှိနေမြဲပဲ ။