4

2.4K 322 37
                                    

Hiking မသွားခင် တစ်ပတ်ကတော့ မနက်အစောထပီး Training ဆင်း...
အိမ်ပြန် ရေအမြန်ချိုး လွယ်အိတ်ကိုဖြစ်သလိုဆွဲပီးကျောင်းကိုပြေး.....
ညနေ တခါ Training ထပ်ဆင်း.... အဲ့တာတွေကလွဲရင် ကျန်တာတွေကတော့ပုံမှန်အတိုင်းလည်ပတ်နေဆဲပါပဲ ။

"Baek ရော. ဒါလေးသောက်အုံး"

40 kg လေးတဲ့ Hiking Bag ကြီးကိုပုခုံးကနေတောင်မချွတ်နိုင်ဘဲ လွယ်ရယ်သားထိုင်ချပီး ခြေပစ်လက်ပစ် ထိုင်နေတဲ့ကျတော့်နားကိုလာပီး Energy Drink ကမ်းပေးတဲ့ Sunbae ကို ကျေးဇူးတင်စကားပြန်မပြောနိုင်လောက်အောင်မောနေတာမို့ ခေါင်းသာတဆက်ဆက် ငြိမ့်ပြလိုက်မိတယ် ။

သစ်ရွက်စိတ်စိတ်လေးတွေရှိတဲ့အပင်အောက်မှာထိုင်နေတာမို့ နေပြောက်လေးတွေက ဟိုတကွက်ဒီတကွက်မျက်နှာပေါ်ကျနေတာကိုမျက်လုံးတွေမှိတ်ထားပေမယ့် ခံစားလို့ရနေတယ် ။
လွယ်အိတ်ကြီးတခုလုံးကိုပစ်မှီပီး ထိုင်နေရတာ သူများအမြင်သက်တောင့်သက်သာမရှိပေမယ့် ကိုယ့်အတွက်က သက်သာတာထက်ဟိုဖက်ကမ်းတောင်လွန်နေပါပီ ။

"ပင်ပန်းနေပီလား?"

မျက်နှာပေါ်ကျနေတဲ့နေပြောက်လေးတွေမရှိတော့တဲ့ ခံစားမှုနဲ့အတူ နားထဲဝင်လာတဲ့ အသံခပ်သြသြ.....

မျက်နှာချင်းဆိုင်မှာ ထိုင်ချလိုက်ပုံရတာကြောင့် ခြေထောက်နားကသစ်ရွက်ကြွေလေးတွေ လွှင့်သွားတာကိုခံစားလိုက်ရတယ် ။
လေအဝှေ့မှာပါလာတဲ့ ချွေးနံ့ရောယှက်နေတဲ့ ကိုယ်သင်းနံ့ကြောင့် မျက်လုံးဖွင့်ကြည့်စရာမလိုပါဘဲ ဘယ်သူမှန်းတန်းသိလိုက်ပါရဲ့ ။

"အင်း"

ညကြီးမင်းကြီး အိမ်ကနေရေကြီးသုတ်ပြာထွက်သွားပီးနောက်ပိုင်း တစ်ပတ်တိတိအကြာမှာ အပြန်အလှန်ပြောဖြစ်ကြတဲ့စကား ၂ ခွန်းက ဒီလောက်ပါပဲ ။

အဲ့နေ့ညအပီး နောက်ရက်တွေကျောင်းမှာလည်း မျက်နှာချင်းမဆိုင်ဖြစ်သလို ဖုန်းနဲ့လည်းအဆက်အသွယ်မရှိခဲ့ ။
Hiking သွားဖို့လိုနေတာတွေရှိနေသေးတာကြောင့် သူ့ဆီဖုန်းဆက်ဖို့ တစ်ပတ်အတွင်း အကြိမ် 40 ထက်မနည်းကြိုးစားခဲ့ဖူးတာတော့ ဝန်ခံရပါလိမ့်မယ် ။

Y.O.U Where stories live. Discover now