6

2.5K 308 19
                                    

7129 words ပါ😎
ဇာတ်လမ်းကခုမှအစဆိုတော့ plot twist လေးတွေကိုသည်းခံပေးကြပါနော်။ဒီအပိုင်းကို
ရေးနေတာကြာလှပီ။ ဘယ်ဖက်လက်မလေးအဆစ်ရောင်နေလို့ဆေးစည်းနေရတာနဲ့ ခုမှပဲလက်စသတ်နိုင်တော့တယ်။

ဆယ်တန်းဖြေထားတဲ့ Readernim ပေါက်စလေးတွေ အားလုံးအခြေအနေကောင်းကြတယ်ဟုတ်။

Uni တွေလည်းပြန်ဖွင့်တော့မယ်ဆိုတော့ တက္ကသိုလ်ကျောင်းသူကြီးများလည်း Fighting ပါ။

ဒီအပိုင်းမှာထည့်ထားတဲ့ Fan-art လေးတွေအဆင်မပြေခဲ့ရင် မျက်လုံးထဲမပေါ်ခဲ့ရင်အနူးအညွတ်တောင်းပန်ပါတယ်နော်။
ဆိုတော့..... Enjoy reading ပါ ။

#dafBAMA2018EXO ကို Vote ဖို့မမေ့ကြနဲ့အုံးနော် ။

-----------------------------


Waterfall Camping ပထမဆုံးညမှာပဲ သည်းသည်းမည်းမည်းရွာချလာတဲ့ မိုးကြောင့် Camp fire လုပ်မယ့်အစီအစဉ်ကပျက်သွားသလို မီးပုံဘေးမှာထိုင်ပီး Game ကစားကြမယ့်အစီအစဉ်က အလိုအလျောက်ပျက်သွားခဲ့တယ်။

ညစာချက်ပြုတ် စားပီးသောက်ပီး အိုးခွက်ပန်းကန်တွေဆေးကြောပီးမှ အချိန်ကိုက်ရွာချပေးတဲ့မိုးကိုကျေးဇူးတင်ရအခက်အပြစ်တင်ရအခက်။
ရေတံခွန်ရဲ့ရေကျသံတောင်မိုးရွာတဲ့အသံအောက်မှာပျောက်ကွယ်လုနီးပါး ဖြစ်နေတာ
ကြောင့် စီစဉ်ထားတဲ့ activities တွေအကုန်ဖျက်ပီး ဆိုင်ရာဆိုင်ရာ Tent တွေဆီပြန်ပီး အိပ်ဖို့ပြင်ကြရတော့တယ်။

"နည်းနည်းအေးလာသလိုပဲ Chan ရော့ ဒါလေးဝတ်ထားလိုက်အုံး"

ရေတံခွန်ကြောင့်နဂိုထဲကအေးစိမ့်စိမ့်ဖြစ်နေတဲ့ပတ်ဝန်းကျင်က အရှိန်နဲ့ရွာချနေတဲ့မိုးကြောင့်အေးတဲ့ဖက်ကိုကူးပြောင်းလာတယ်။

ညနေစောင်းလောက်မှာအနာရှိန်နဲ့ကိုယ်တွေပူလာတဲ့ Chan ကတော့ ခေါက်ကုတင်ပေါ်က စောင်ပါးပါးထဲမှာကွေးနေရပီ။
မိုးကာအကျီ င်္ကလွဲရင် အနွေးထည်အထူမပါတဲ့ Chan အတွက် Leader Hyung ဆီက Hoodie တစ်ထည်သွားငှားပီး သူဝတ်ထားတဲ့ ရှပ်လက်ရှည်ပေါ်ထပ်ဝတ်ခိုင်းရတယ်။

Y.O.U Where stories live. Discover now