ကျိန်စာ
အခန်း ( ၃ )
"အဲဒီ ပန်းချီဆိုတဲ့ မိန်းမ က နင့်ကို လွှဲချတာကို ဘာလို့ နင်က ငြိမ်ခံနေရတာလဲ ။ အဲ့ဒီပန်းချီဆိုတဲ့ ကောင်မကလည်း သူ့ကိုယ်သူ ပြန် နာမည်ပြန်ဖျက်ရလား ။ ငါတော့ အံ့သြလိုက်တာဟယ် "
ရတီက လရိပ်ဘက်မှ မခံရပ်စွာဖြင့် ဒေါသတကြီး ပြောသည် ။
"ထားလိုက်ပါ ရတီရယ် ။ သူ ဇွဲကို ကြိုက်လို့ မလုပ်သင့်တာတွေ ကြံမိတာနေမှာပေါ့ ။ ငါက ဘာမှမဖြစ်ပါဘူး "
လရိပ်က စိတ်ခုခဲ့သော်လည်း ဖြေရှင်းရန် တွေးမနေတော့ပေ ။
"ဪ လရိပ်ရယ် ။ နင် ပန်းချီ့လို လူမျိုးတွေကို သည်းခံမယ့်အစား တုံ့ပြန်သင့်တာဟ "
" အင်းပါ ။ ဒါပေမဲ့ နင် ဘယ်သူ့ကိုမှ ပြောမနေနဲ့တော့ ။ ဖြစ်ပြီးပြီပဲ ။ တစ်ယောက်ယောက် သိလည်း ဘာထူးမှာမို့လို့လဲ "
"အင်း"
ရတီက သက်ပြင်းရှိုက်ပြီး ခေါင်းညိတ်သည် ။
------------------
သည်နေ့ ရတီ က ခေါင်းမူးနေတာကြောင့် အိမ်စောစောပြန်သွား၍ အတန်းဆင်းချိန်၌ လရိပ် တစ်ယောက်တည်း ပြန်ခဲ့ရတော့သည် ။ အေးဆေးစွာ လမ်းလျှောက်လာနေတုန်း လမ်းဘေးမှာ ရပ်စကားပြောသည့် လူသုံးယောက်က လရိပ်ကို မြင်တော့ တီတိုးပြောပြီး နောက်က လိုက်လာသည်။ လရိပ် တစ်ယောက်တည်း မို့ ထိတ်လန့်ပြီး မြန်မြန်လျှောက်သည် ။ သူတို့ကလည်း အနောက်မှ အမှီလိုက်လာသည်။
"ဟေ့ ခဏနေပါဦးကွာ ။ ဖြည်းဖြည်းလျှောက်ပါ ။ အစ်ကိုတို့ လိုက်ပို့ပေးပါ့မယ်ကွာ "
လရိပ် နှုတ်ခမ်းကို ဖိကိုက်၍ ရင်က တထိတ်ထိတ်နှင့် ဇောချွေးပြန်လာသည် ။ ခြေလှမ်းတွေကို သွက်လိုက်တော့ အတင့်ရဲစွာဖြင့် လရိပ်၏ ရှေ့ကနေ လာပိတ်ရပ်သည် ။ လရိပ် ရှောင်ထွက်ဖို့လုပ်လေ ၊ သူတို့က ရှေ့က ပိတ်ရပ်လေ နှင့် ။ လရိပ် ဘာလုပ်ရမည်မသိ ထိုင်၍ ငိုချလိုက်ချင်သည် ။
ထိုအချိန် ကားတစ်စီးက လရိပ်တို့အနား လာရပ်သည်။ အကူအညီတောင်းရန် အားကိုးတကြီး ကြည့်လိုက်သော် ဇွဲ၏ကား ဖြစ်နေ၏ ။ ကားတံခါး ဖွင့်၍ ဇွဲက ကားပေါ်မှ ဆင်းလာသည် ။ ထို့နောက် လရိပ်ကို စိုက်ကြည့်ကာ ပြောသည် ။
VOCÊ ESTÁ LENDO
ကျိန်စာ < Completed >
Romanceငယ်စဉ်ကတည်းက ယောကျာ်းလေးတွေနှင့် မပတ်သတ်ရ ၊ စကားမပြောရ စသည့် မိဘနှစ်ပါး၏ အမိန့်တွေနှင့် ကြီးပြင်းခဲ့ရသော လရိပ် ။ တက္ကသိုလ်တက်တက်ချိန်မှာတော့ အဝေးသင် မဟုတ်ဘဲ ဒေးတက်ခွင့်ရဖို့ ကတိတွေ အထပ်ထပ်ပေးမှ တက်ခွင့်ရခဲ့၏ ။ ထိုကတိက ယောကျာ်းလေးများနှင့် မပတ်ရဟူ၍ ။...