ကျိန်​စာ-၁၂

1.9K 141 6
                                    

ကျိန်​စာ

အခန်း ( ၁၂ )

"သက်​ထား "

လရိပ်သည် နောက်​​တစ်နေ့ ​ကျောင်းက အပြန်​ ရတီ့ကို ​ခေါ်ပြီး​  သက်​ထား၏ ဆိုင်သို့ နောက်တစ်ခေါက် ထပ်​သွားခဲ့သည်​။ လရိပ်ကို မြင်တော့ သက်ထား၏ မျက်နှာထက် မလိုလားသည့် အရိပ်အယောင်များ ဖြစ်တည်လာ၏ ။

"နင်​ ဘာလာလုပ်​ပြန်​ပြီလဲ ။ ငါ  နင့်ကို ​ပြောစရာမရှိပါဘူးဆိုတာ နားမလည်​ဘူးလား "

သက်ထားက မျက်နှာထားတင်းတင်းနှင့် လေသံက ခပ်မာမာဖြင့် ဆိုသည်  ။

"လရိပ်​ကို ကို​နေပိုင်​ အားလုံး ​ပြောပြပြီးပါပြီ "

"ဟုတ်​လား ။ ဒါဆို သူလဲ မိုးဆု ကို ဒုက္ခ​ပေးခဲ့တယ်ဆိုတာရော ထည့်ပြောရဲ့လား "

လရိပ် သက်ပြင်းရှိုက်ပြီး ခေါင်းညိတ်လိုက်သည် ။

"သူအားလုံး​ပြောပြပြီးပါပြီ ။ ဇွဲ နဲ့ မိုးဆုတို့  တ​စ်​​ယောက်​နဲ့တ​စ်​​ယောက်​ ချစ်​ရဲ့သားနဲ့ ဝေးခဲ့ရတယ် ။ လရိပ် သူတို့ကို ပြန်​ပြီး အဆင်​​ပြေ​စေချင်​တယ် "

"ပြီးခဲ့တာ​တွေ ပြီးပါ​စေ​တော့ ။ ရှင်​ အခုမှ အဆင်​​ပြေ​စေချင်​လဲ အားလုံး ​နောက်​ကျ​နေပြီ လရိပ်​"

"ဒါနဲ့ မိုးဆုက ဘာလို့ ဇွဲကို အဖြစ်မှန်တွေ မ​ပြောပြခဲ့ရတာလဲ ဟင် "

"သူက ဘယ်​လို ​ပြောရမှာလဲ ။ သူ လက်​စွပ်​ခိုးတာက အစွပ်​စွဲခံရတာပါလို့ ​ပြောရမှာလား ။ သူ့အချစ်​ဆုံး သူငယ်​ချင်းနေပိုင်​က​တောင်​ သူ့ကို ​ခိုးတယ်​ဆိုပြီး ​ပြောခဲ့တာ ။ သူက ဇွဲကို အဲ့ဒီချိန်​မှာ ဘာတစ်ခုမျှ မရှင်းပြချင်ခဲ့ဘူး ။ နောက်ပြီး မိုးဆုက  စာအရမ်းတော်​တာ ။  ဆရာ၀န်​ ဖြစ်​ဖို့လဲ ရည်မှန်းချက်အပြည့်နဲ့ သူ ကြိုးစားခဲ့တာ ။ အခန့်မသင့်ရင်​ သူ့နာမည်​ပျက်​ပြီး ကျန်​ခဲ့မှာ ။ အဲဒါ​ကြောင့်ပဲ ဘယ်​သူ့ကိုမှ အသိမပေးဘဲ သူ့မိသားစု​တွေနဲ့အတူ စာ​မေးပွဲပြီးတာနဲ့ အခြားမြို့ကို ​ပြောင်းသွားခဲ့ကြတာ "

" ကြားရတာ  တကယ်​ကို စိတ်​မ​ကောင်းပါဘူး ။ လရိပ်​ အားလုံးကို ​ဖြေရှင်းပေးပါ့မယ်​ ။  လရိပ်​ကို မိုးဆုရဲ့ ဖုန်းနံပါတ်​လေးပဲဖြစ်​ဖြစ်​​ပေးပါလား သက်ထားရယ် "

ကျိန်စာ < Completed >Donde viven las historias. Descúbrelo ahora