အခန်း (၁)

859 70 13
                                    



တိတ်ဆိတ်တဲ့ညရဲ့ပန်းချီကားကို...
ထူပိန်းတဲ့အမှောင်ထုက ပံ့ပိုးပေးနေသောအချိန်....
အိပ်ပျော်နေတဲ့လူသားတေကတော့ ဒီဆောင်းညရဲ့အလှကိုတဖွဲ့တနွဲ့မခံစားနိုင်ပါ အပူများနဲ့အိပ်မပျော်တဲ့ဒေါ်ထားနွယ်တို့အပါအဝင်......

"အဓိပ္ပါယ်မရှိလိုက်တာရှင်..ရှင်ရူးများသွားတာလား"

ထမင်းစားစားပွဲပေါ်မှာအရက်ပုလင်းထောင်နေတဲ့လင်ယောင်္ကျားတဖြစ်....အိမ်ထောင်ဦးစီးကြီးလည်းဖြစ်တဲ့ဦးသီဟမင်းအား ဒေါ်ထားနွယ် အားမရစွာလှုပ်ရမ်းပြီးအော်ဟစ်မိလိုက်သည်။

"ကိုရွေးချယ်ခဲ့တာမဟုတ်ဘူး ထား....
ကို...ကိုဘာမှမတတ်နိုင်တော့လို့..သူများကအခွင့်ရေးပေးတာကိုဖမ်းဆုပ်မိတာပါ"

အရမ်းတည်ငြိမ်ပြီး အရာရာဦးဆောင်နိုင်တဲ့သူမခင်ပွန်းက ဒီလိုဖရိုဖရဲဖြစ်နေကတည်းက
ဘယ်လောက်ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရလဲဆိုတာ သူမသဘောပေါက်သည်။ခုချိန်မှာသူမလုပ်ပေးနိုင်တာ...အရမ်းပင်ပန်းနေတဲ့ခင်ပွန်းဖြစ်သူကိုနှစ်သိမ်ဖို့အပြင်ဘာမှမရှိတော့..

"ဟင်း..မုန်းကို ထားဖြောင်းဖျကြည့်ပါဦးမယ်..."

.............................

"ဒေါက်...ဒေါက်"

"ဘယ်သူလဲ..."

"အမေပါ...."

ညဉ့်နက်မှရောက်လာပုံထောက် အရေးကြီး
ကိစ္စဖြစ်နိုင်တာကြောင့်စာဖတ်နေရာကထ
ပြီးတံခါးဖွင့်ပေးလိုက်သည်။

"မိုးချုပ်မှဘာကိစ္စများတုန်းမေမေရဲ့"

သက်ပြင်းကြမ်းကြမ်းချကာပုခုံးနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်လာတဲ့မေမေ့ကြောင့်ခံစားချက်ကတော့မကောင်း ။

"မေမေတို့ မင်းမုန်းလေးက ကောင်းကောင်း
အရွယ်ရောက် လာတာပဲ..ကြည့်စမ်းပါဦး"

ခပ်ပြုံးပြုံးဆိုလာတဲ့အမေ့စကားကမုန်တိုင်း
တစ်ခုရဲ့ရှေ့ပြေး လေပြေလေးဆိုတာ..
သားခံစားမိတယ်မေမေ...။

"ပြောစရာရှိရင် ပြောပါမေမေ သားကိုအားနာ
စရာအကြောင်းမှမရှိတာပဲ..."

 - မုန်းသူမှာ ရှုံးသည်မို့ -Where stories live. Discover now