သိပ်လှပတဲ့ စကားလုံးတွေနဲ့နက်နဲတဲ့ ၀မ်းနည်းမှုတွေဖွဲ့စည်းထားတဲ့
(R.I.P)စကားလုံးကို အရင်က
ခပ်ပေါ့ပေါ့စကားတွေလို့တွေးထားတယ်၊
အဲစကားကို လက်တွေ့ကျင့်သုံးခဲ့တဲ့အခါ...
ဒါပေမယ့် မင်းအတွက်မဟုတ်ခဲ့ပေမယ့်၊
ကိုယ်ထာဝရမယုံကြည်ရဲတဲ့
လျှို့ဝှက်မာယာချောက်နက်ကံတရားကို
ကိုယ်အရှေ့မှာရှိနေမယ်မှန်းမှမမြင်ရတာ၊
ကိုယ်ယခုနေရာ၊ယခုနေ့ရက်၊ယခုအချိန်ကစပြီး
ကိုယ်မှာမင်းနဲ့ထပ်ပြီး စိတ္တဇ ရောဂါတစ်ခု
ဘယ်သူမှမသိအောင်ရရှိခဲ့ပြန်ပြီ။
တစ်ကယ်တော့............
ကိုယ်မပိုင်ရရင်တောင်မှ ကလေး မင်းတော့.....
ကိုယ်ငေးကြည့်လို့ရအောင်တော့
ကိုယ်အသက်ရှူနေတုန်းလေးမှာ.....၊
ကြယ်လေးအဖြစ်ကနေဘယ်တော့မှ
ကြယ်ကြွေဆင်းရတဲ့ အချိန်တော့မရောက်လိုက်နဲ့
ဒါကိုယ်မင်းနဲ့ပတ်သက်ရင်ဖြစ်သွားတဲ့
ဘယ်သူမှမသိတဲ့တစ်ယောင်တည်း
မြတ်နိုးမှုနဲ့
ဖြစ်ပေါ်လာသော စိတ္တဇ ရောဂါတစ်ခုဘဲ....
ဟုတ်တယ်!ကိုယ်ဟာမင်းနဲ့ပတ်သက်ရင်
ကမ္ဘာပေါ်မှာရှိတဲ့
ရူးသွပ်ခြင်းနဲ့ဆက်နွယ်တဲ့ရောဂါတွေဟာ
ကိုယ့်အတွက်ဖူးစာပါပြီးသား ~~~~။#ParkJiSoo
#R.I.P (examကြောင့်အသိနောက်ကျခဲ့)
#JiJiSoo
#"WEAREONE"
#Fighting SHINNE !!!
#မေ့လို့မရတဲ့ နာကျင်စရာသတင်းဆိုပေမယ့်
ပြုပြင်လို့မရတဲ့အရာ၊ တစ်ကယ်တော့
သူမရှိပေမယ့်သူ့သမိုင်းဟာအမြဲတမ်းကျန်ရစ်နေမယ်သူ့ကိုချစ်သောသူတွေနဲ့ ....ထာဝရ ရင်ထဲ...#သတင်းကြားချင်းကောလဟာလ လို့ဘဲထင်နေဆဲ
😢Examဖြေနေလို့ သူငယ်ချင်းပြောတော့မယုံသေး ဒါပေမယ့်.....ကိုယ်တစ်ကယ်မယုံသေးဘူး
အိမ်မက်လို့ထင်နေဆဲယောင်ယောင်ဘဲ
အမှန်တရားကိုသိရက်နဲ့ လက်မခံချင်ဘူး
R.I.Pပါ ဒါပေမယ့် ကိုယ်မင်းနာမည်တော့မရေးတော့ဘူး ကိုယ်အိမ်မက်ဆိုပြီးသိမ်းထားလိုက်တော့မယ် ပထမဆုံးစသိခဲ့တဲ့မင်းတို့ပုံရိပ်တွေဟာ
ကိုယ့်မျက်ဝန်းထဲနေရာယူလာခဲ့တယ်ခုစာနေရင်း
ကိုယ်ကEXOLဆိုပေမယ့် ကိုယ်စသိတဲ့ First
Boy Group ဟာ..SHINNE ပါ
Girl Groupက SNSD,2EN1
😪သိပ်ကြောက်ဖို့ကောင်းတဲ့လောကကြီးနဲ့
မာယာများတဲ့ကံတရားရေ ဒီနှစ်ကုန်ဆုံးရင်တော့
ကျွန်မတို့ချစ်ခင်ရသောမိသားစုသူငယ်ချင်းတွေနဲ့အတူ ကျွန်မတို့လေးစားမြတ်နိုးနှစ်သက်တဲ့သူတို့အားလုံးအတွက်ရော ကံကောင်းခြင်းတွေ
မယူဆောင်လာပေးရင်တောင် ကံဆိုးခြင်း၊
ဤလိုမျိုးထပ်တူဖြစ်ရပ်မျိုးရော ကျေးဇူးပြုပြီး
မသယ်ဆောင်လာပါနဲ့။ နှစ်သစ်ရေအမြန်ရောက်ချင်ပြီ အတိတ်မှာ လွမ်းစရာကောင်းတဲ့အတိတ်၊
နာကျင်စရာကောင်းတဲ့အတိတ်နဲ့ပျော်ရွှင်စရာကောင်းတဲ့အတိတ်တွေ ခံနိုင်ရည် အနာဂတ်မှာ ရှိဖို့သာ။
YOU ARE READING
Dreams[သူမမြင်နိုင်သောကျွန်မရဲ့ကဗျာအပိုင်းအစများ]
Random#တစ်ချိန်ကျရင် ဒီခံစားချက်လေးတွေကို ပြန်ဖတ်ပြီး နှုတ်ခမ်းထက်မှာအပြုံးဆင်ကာ လွမ်းခြင်းကိုရင်ဝယ်ပိုက်ပြီး သူကိုအမှတ်ရချင်လို့ #Pomes