ကိုယ်လေ မျက်ရည် ဆိုတဲ့အရာနဲ့ကို
အကြောင်းအရင်းမရှိဘဲ အဖော်မပြုဘူး
ဒီနေ့မှာတော့ အကြောင်းအရင်းမရှိဘဲ
မျက်ရည်တွေကို အဖော်ပြုနေမိတယ်။
ကိုယ်တဖြည်းဖြည်းငိုရင်း ကိုယ်အရမ်းမုန်းတဲ့
အတိတ်အကြောင်းတွေဟာ.....
ပြန်ပေါ်လာတယ် အထူးသဖြင့်
မိဘနဲ့ဆိုင်တဲ့ ဒဏ်ရာတွေပေါ့
ကိုယ်ဆေးသောက်မှဖြစ်မယ်ထင်တယ်။
ကိုယ့်နှလုံးက နာကျင်မှုကြောင့်
အတိုင်းမသိ အောင့်လာပြန်တယ်၊
ကိုယ်မေ့သွားတာဘဲ~~~~
ကိုယ်ကလေးတို့ကြောင့်နဲ့
ဆေးမသောက်တာ နှစ်တွေကြာပြီလေ၊
ဆေးမှမရှိတော့တာ.....
ကိုယ်ခဏလောက် မရမက
ကလေး မင်းပုံရိပ်ကိုပုံဖော်မိတယ်
အဲအချိန်....ကိုယ်ပျော်လာမိတယ်
ကိုယ်ဖုန်းကို အားတင်းယူပြီး
Music တစ်ပုဒ်ဖွင့်မိတယ်၊
သာယာတဲ့မင်းရဲ့သီချင်းဆိုသံလေဟာ
မြူးကြွစွာ ပေါ်ထွက်လာတယ်၊
ခဏလောက်မျက်လွှာကိုချပြီး
ကိုယ်နားထောင်လိုက်တယ်၊
နာကျင်မှုတွေသက်သာလာတယ်
ကိုယ်တဖြည်းဖြည်းမခံစားရတော့ဘူး။
ဒါပေမယ့် ကိုယ်သက်ပြင်းချမိလိုက်တယ်
ကလေးမင်းမရှိရင်ရော?
ကိုယ်ရဲ့ဖန်ကမ္ဘာမှာတစ်ဆင့်
ကလေးမင်းပြုလုပ်လိုက်တဲ့
မှတ်တမ်းအရာတွေ တစ်ချိန်ကျရင် ခုလို
မြင်ခွင့်မရရတော့ရင်......
YOU ARE READING
Dreams[သူမမြင်နိုင်သောကျွန်မရဲ့ကဗျာအပိုင်းအစများ]
Random#တစ်ချိန်ကျရင် ဒီခံစားချက်လေးတွေကို ပြန်ဖတ်ပြီး နှုတ်ခမ်းထက်မှာအပြုံးဆင်ကာ လွမ်းခြင်းကိုရင်ဝယ်ပိုက်ပြီး သူကိုအမှတ်ရချင်လို့ #Pomes