[One]
How to kill someone:
Hold their hand and then never touch their skin again,
See them nearly everyday and pretend they don’t exist,
Act like everything you ever said to them was a lie.”.....သီချင်းလဲဆုံးရော အရွယ်ခပ်သေးသေးကောင်လေး တစ်ယောက် training room ထဲဝင်လာသည်။ချန်းယောလ် တွေးတောင် မတွေးကြည့်မိဘူး... သူနဲ့ ဒီကောင်သေးလေး နေ့စဉ်နဲ့အမျှ အနေနီးကာ ဆက်ဆံရေး တစ်စထက်တစ်စ တိုးလာလိမ့်လို့...
ကောင်လေးပုံစံက လွယ်လွယ်နဲ့ ပေါင်းသင်းလို့ ရမယ့် ပုံစံမျိုးတော့ မဟုတ်ခဲ့။သူ့မျက်ဝန်းတွေထဲ မနှစ်မြို့ဖွယ် အကြည့်စူးစူးများက ချန်းယောလ်အား အနေခက်စေသည်။ (နောက်ပိုင်း ချန်းယောလ် သိရှိလာခဲ့တဲ့အမှန်တရားတစ်ခုက ဒါဟာ ဂျောင်ဆူးရဲ့အားနည်းနေတဲ့ အမြင်အာရုံကြောင့်ပင်ဆိုတာ) သို့ပေမဲ့ ချန်းယောလ် လို ဖော်ရွေပီးဆက်ဆံရေးကောင်းတဲ့ လူတစ်ယောက်အတွက်တော့ ထိုကောင်လေးက သူ့ရဲ့ သူငယ်ချင်းအသစ်တစ်ယောက်အဖြစ် ဖြစ်တည်လာခဲ့သည်။
ကောင်လေးရဲ့နာမည်က ဒိုဂျောင်ဆူး ~~~
အခြား trainee members တွေကတော့ ဂျောင်ဆူးကို သဘောမကျခဲ့သော်ငြားး ချန်းယောလ် ကတော့ ထိုသို့ မဟုတ်ခဲ့ပါ။ သူသဘောကျခဲ့သည်။ခင်မင်ခဲ့သည်။
ဂျောင်ဆူး စကားပြောတဲ့အချိန် မျက်လုံးလေးတွေကအရောင်လေးလက်လာသည်။ နောက်ပီးနှုတ်ခမ်းလေးတွေကလေ ကဗျာဆန်ဆန် အသည်းပုံဆန်ဆန် ဖြစ်သွားသေးသည်။ ဒါတွေကို ချန်းယောလ် နှစ်သက်သည်။ ဂျောင်ဆူးက သူ့ရဲ့ရှက်ကြောက်ကြီးတတ်တဲ့ အသွင်ကြောင့် သူစိမ်းတွေဆို စကားအများကြီးပြောလေ့ ပြောထမရှိပေမဲ့ ချန်းယောလ်က သူပြောလာအောင် အမျိုးမျိုးကြိုးစားခဲ့သည်။နောက်ပိုင်းတော့
မိသားစုအခက်အခဲတွေကြောင့် စားသောက်ဆိုင်လေးတစ်ခုမှာ ဂျောင်ဆူး အလုပ်လုပ်တာကို ချန်းယောလ်သိရှိခဲ့ရပြန်သည်။ ဂျောင်ဆူးက သူ့အတွက် ခက်ခဲကြမ်းတမ်းတဲ့ အရာအာလုံးကို ကြိုးကြိုးစားစားနဲ့ အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။
YOU ARE READING
When We were Wrong~
FanfictionTrainee ကာလအတွင်း ချန်းယောလ် ဂျောင်ဆူးရဲ့လက်တစ်စုံကို မလွတ်စတမ်း ဆုတ်ကိုင်ခဲ့ပေမဲ့ Debut ပီး ကာလ အချိန်မှာတော့ တစ်ချိန်က ဖမ်းဆုတ်ခဲ့သော တွယ်တာခဲ့သော ထိုလက်တစ်စုံကို သူလက်လွှတ်ခဲ့သည်။ #Just_translated_fic #Sources_from_AFF #...