[Final]
ချန်းယောလ် သူတို့အတူတူ trainingလေ့ကျင့်ခဲ့တဲ့ နေ့ရက်တွေကို မကုန်ဆုံးစေချင်ခဲ့တာအမှန်~ ဂျောင်ဆူးနဲ့အတူ ကုန်ဆုံးဖြတ်သန်းခဲ့ရတဲ့ အချိန်တွေဟာ ချန်းယောလ်ဘဝတွက် တောက်ပလင်းလက်ခဲ့သော နေ့ရက်များပင်။ဒါပေမဲ့ အခုတော့ ထိုရက်များဟာ တဖြည်းဖြည်းမှေးမိန်လာသော မီးပွားလေးများလို~~ မခွဲရက်မခွာရက် ဖြစ်ခဲ့ကြပေမဲ့ အခုနေများတော့ ချန်းယောလ်ဟာ ဂျောင်ဆူးကို တချိန်တုန်းက သူတမ်းတခဲ့ရပါသာ ဂျောင်ဆူးကဲ့သို့ မခံစားမိတော့။ သူကိုယ်တိုင်ပင် ပြောင်းလဲချင်လာလေပီ။ထိုအခြေအနေကိုတော့ သူလုံးဝ ဝန်မခံချင်!ဒါပေမဲ့ သူ့အတွက် ပထမဆုံးသောဖြစ်တည်ခဲ့တဲ့ အချစ်တွေနဲ့ကောင်လေးဟာ သူ့ဘဝရဲ့အိမ်မက်လေး ဖြစ်နိုင်ခဲ့ပေမဲ့ အခု သူ့အရှေ့တည်ရှိနေမဲ့ သူတစ်ယောက်အနေနဲ့တော့ မဖြစ်နိုင်တော့ချေ။
Fan တွေ သတိမထားမိနိုင်အောင် ခေါင်းစွပ်အနွေးထည်အောက် ဦးထုပ်ပါ ဆောင်းထားပေမဲ့ ချန်းယောလ် ဂျောင်ဆူး မျက်ဝန်းထဲက ဝမ်းနည်းရိပ်တွေကို ဖတ်လို့ရနေသည်။ ဂျောင်ဆူးရဲ့ မျက်ဝန်းရိပ်တွေကြောင့် သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်က ခက်ခဲလွန်းနေမည်ကို ချန်းယောလ် တွေဝေနေမိ၏။
ရုတ်တရက် ဂျောင်ဆူး ချန်းယောလ်လက်ကို လှမ်းကိုင်လိုက်သည်။ ထိုအခိုက်အတန့် ချန်းယောလ်ရဲ့ မောင်းတင်ထားသမျှ အင်အားတွေ စုတ်ယူခံလိုက်ရသလို...
"ငါတို့ ဒီလိုအပြင်မထွက်ဖြစ်ခဲ့ကြတာ တော်တော်တောင် ကြာနေပီနော်။ဟန်မြစ်ကြီးက ဒီနေ့ည လှနေတယ်လို့ မင်းမထင်ဘူးလား"
အရောင်တောက်နေတဲ့မျက်လုံးလေးတွေနဲ့
ချန်းယောလ်ဘက် လှည့်ကြည့်ကာ ပြောသည်။ ဂျောင်ဆူး သူသိပ်ချစ်ဖို့ကောင်းလွန်းသည်။
YOU ARE READING
When We were Wrong~
FanfictionTrainee ကာလအတွင်း ချန်းယောလ် ဂျောင်ဆူးရဲ့လက်တစ်စုံကို မလွတ်စတမ်း ဆုတ်ကိုင်ခဲ့ပေမဲ့ Debut ပီး ကာလ အချိန်မှာတော့ တစ်ချိန်က ဖမ်းဆုတ်ခဲ့သော တွယ်တာခဲ့သော ထိုလက်တစ်စုံကို သူလက်လွှတ်ခဲ့သည်။ #Just_translated_fic #Sources_from_AFF #...