Two

1.5K 132 10
                                    

[Two]

Status: [ M]

ခ်စ္သူ​ေ​တြ ဖြစ်တာ ​တစ်ပတ်ကြာပီးနောက်မှာ​တော့ ချန်းယောလ် ဂျောင်ဆူးကို အိမ်ရှေ့အထိ လိုက်ပို့ပေးချင်သည်ဟု တောင်းဆိုခဲ့သည်။ ဂျောင်ဆူးတ​ယောက်​ အစကနဦးက ငြင်းဆန်နေပေမဲ့ နောက်ဆုံးတော့လဲ ချန်းယောလ်၏တောင်းဆိုမှုကို လိုက်လျောပေးခဲ့သည်။ အိမ်ရှေ့တံခါးနား မက်တပ်ရပ်ကာ ကိုးယို့ကိုးယားနိုင်လှသည့် ချန်းယောလ်ပုံစံကြောင့် ဂျောင်ဆူး ခပ်ဖျော့ဖျော့လေးပြုံးကာ

"မင်း..မင်းအိမ်ထဲဝင်ချင်လား။ ​ဖေကြီးနဲ့မေကြီးက​တော့ အခုချိန် အလုပ်က ပြန်မလာကြသေးဘူး။ ငါပဲအိမ်အရင်ရောက်နှင့်ပီး ညစာအတွက် ပြင်ဆင်နေကျလေ။"

ထိုနေ့ညကဂျောင်ဆူး ညစာပြင်ချိန်မရလိုက်ပါ။ ချန်းယောလ်၏ခပ်ပြင်းပြင်းအနမ်းတစ်စုံက ဂျောင်ဆူး၏နှုတ်ခမ်းဖူးဖူးပေါ်သို့ ကျရောက်ခဲ့ခြင်းကြောင့်ပင်။ သဘာဝတရားနှင့် ဆန့်ကျင့်နေသည့် သူတို့နှစ်ဦး၏ဆက်ဆံရေးသည် လူအများကြားထဲတွင် ​ပေါ်​ပေါ်လွင်​လွင်​ ဖော်ပြရန်အလွန်ပင် ခက်ခဲပင်ပန်းလွန်းလှသည်။ အခုလို သူတို့နှစ်ယောက်၏ ကိုယ်ပိုင်လွတ်လပ်ချိန် အခိုက်အတန့်ကတော့ ချန်းယောလ်အတွက် အဖိုးတန်များပင်။ ဂျောင်ဆူးအား နံရံပေါ် တွန်းဖိစေပြီး အသည်းပုံနှစ်ခမ်းနှစ်လွှာကို စုပ်ယူနမ်းရှိုက်လိုက်သည်။

ချန်းယောလ်​ရဲ့ ​နွေးထွေးလွန်းလှတဲ့ နှုတ်​ခမ်း
အတွင်းထဲ စူးစမ်းလိုချင်စိတ်ကြောင့် ဂျောင်ဆူး အလွယ်တကူပင် သူ၏နှစ်ခမ်းလွှာ အပွင့်နှစ်ဖက်ကို သာသာလေးဟစေကော ချန်းယောလ်၏လျှာအားဝင်ရောက်စေခဲ့သည်။
နှစ်ယောက်သား အပြန်အလှန် လိုချင်စိတ် ရမက်​များကြောင့် ထိုနေရာမှာပင် အချိန်အတော်ကြာ အနမ်းများနှင့်သာ ကုန်ဆုံးခဲ့သည်။ ချန်းယောလ် ယခုအ​ခြေအ​နေထက်​ ပိုလိုချင်လာတာကြောင့် ဂျောင်ဆူးအား ပွေ့ချီလိုက်ကာ အခန်းထဲသို့ ဦးတည်လိုက်သည်။

When We were Wrong~Where stories live. Discover now