ကယ်​တင်​ရှင်​ - Part 3

303 49 10
                                    

'.........မင်းအနားမှာ ငါရှိ​နေရင်
တစ်​​လောကလုံးကလူ​တွေ မင်းကိုတိုက်​ခိုက်​ရင်​​တောင်
မင်းဘာမှမဖြစ်​​စေရဘူး
အဲ့တာ​တော့ မင်းယုံ ..............'

💗ကယ်​တင်​ရှင်​💗

ခံစား​နေရသည့်​ မျက်​နှာ​ပေါ်ကျ​ရောက်​လာတဲ့
နေ​ရောင်​စူးစူး​ကြောင့်​ သူ မျက်​လုံးကို ဖြည်းဖြည်းဖွင့်​ကြည့်
မိသည်​။

' နိုးပီလား...မင်​​ဆော့ '

ကြားလိုက်​ရတဲ့ ဘတ်​ဟွန်းရဲ့အသံ​ကြောင့်​ ​ငေါက်​ခနဲ
ထထိုင်​လိုက်​မိသည်​။ အိမ်​ပြန်​​ရောက်​​နေတာပဲ....
ဘယ်​လိုဖြစ်​တာလဲ.. ..ညက ဘယ်​က​နေဘယ်​လိုဖြစ်​ပီး
အိမ်​ပြန်​​ရောက်​လာတာပါလိမ့်

ဟိုလူနဲ့​ဝေးရာ ထွက်​​ပြေးရင်းက ကားတိုက်​ခံရမလိုဖြစ်​ပီး
သေ​တော့မလို့....။ အဲ့က​​နေမှတစ်​ဆင့်​ ရင်​ခွင်​ထဲ
ရောက်​ပီး သူ...ဘာဆက်​ဖြစ်​သွားတာလဲ...

' မင်းကို လမ်း​ပေါ်မှာ လဲ​နေတာ​တွေ့လို့ '

ဇ​ဝေဇဝါ ဖြစ်​​နေတဲ့သူ့မျက်​နှာကိုကြည့်​ပီး ဘတ်​ဟွန်းက
အ​ဖြေပြန်​​ပေးသည်​။ ဘာပဲ​ပြော​ပြော တစ်​ခုခုက
ထူးဆန်း​နေတာပဲ ။ သူ့​ဘေးနားက ထထွက်​သွားသည့်
ဘတ်ဟွန်းကို တစ်​ချက်​ကြည့်​မိ​တော့လဲ သူဘာလို့
လမ်း​ပေါ်မှာ လဲ​နေလဲဆိုတဲ့ အ​ကြောင်းအရင်းကို
တစိုးတစိမှ သိချင်​စိတ်​ရှိမ​နေ .....
ပီး​တော့ သူကိုယ်​တိုင်​လဲ ​ဝေခွဲမရ ။

' ​ကော်​ဖီ ...'

ကော်​ဖီခွက်​​လှမ်း​ပေး​ပေမဲ့ သူလှမ်းမယူဖြစ်​ပဲ ဘတ်​ဟွန်း
မျက်​နှာကိုပဲ ကြည့်​​နေမိသည်​။ တစ်​ခုခုမှား​နေပြီ.. ...
ဘတ်​ဟွန်း ဘာကိုဖုံးကွယ်​ထားတာလဲ

' ယူ​လေ... လန်းသွား​အောင်​ ​ကော်​ဖီ​သောက်​ဦး...
ဒီ​နေ့အလုပ်​နားမလား...။ သူ​ဌေးကို ဖုန်းဆက်​ပီးခွင့်​တိုင်
ပေးမယ်​​လေ ...။ ဘာပဲဖြစ်​ဖြစ်​ နားလိုက်​မလား...။
ကိုယ်​ပူ စမ်းကြည့်​ရ​အောင်​.... ပူ​နေလားလို့..
အင်း.... ကိုယ်​​တော့ မပူပါဘူး "

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Feb 26, 2018 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

ကျွန်တော့်ရဲ့...ကယ်တင်ရှင်Wo Geschichten leben. Entdecke jetzt