... ပန်းပွင့် ကလေးကို သူ နမ်းရှိုက်လိုက်မိသည်...တစ်ကယ်လို့ အဲ့ပန်းကသာ အဆိပ်ပန်းဖြစ်မယ်ဆို
ခင်ဗျား....နမ်းခွင့်ပေးမလား....တားမလား....
💗ကယ်တင်ရှင်💗
လေအဝှေ့တွင် သူလန့်နိုးသွားသည်။
စူးရှသော နေရောင်ကိုခံစားလိုက်ရပြီမို့ နေပွင့်ပြီမှန်း
သူသိလိုက်သည်။ ကြိမ်းစပ်နေသောမျက်ဝန်းအစုံက
ဖွင့်မရပဲ မှိတ်လိုက်ဖွင့်လိုက်ဖြင့်သာကျင့်သားရအောင်
လုပ်နေရတာ....မျက်လုံးကိုပွတ်ပြီးဘေးပတ်ဝန်းကျင်
ကို ကြည့်မိတော့ ခေါင်မိုးထပ်မှာပင်။" ဟင်! "
ဒါဆို သူညက ဆေးရုံကြီး၏ခေါင်မိုးထပ်မှာပဲ အိပ်ပျော်
သွားတာပဲ။အေးခဲပြီးမသေတာပဲကံကောင်းလှသည်။
ညကမျက်လုံးပြုတ်မထွက်ငိုထားတာမို့ မျက်ခွံတို့
မို့အစ်နေမှာလည်းဖြစ်သလို ကြိမ်းစပ်နေသည်။" အား..."
ကြမ်းပြင်ကိုထောက်မိရာမှ နာသွား၍ ဘယ်ဘက်လက်ကို
ိုကြည့်မိတော့မှ ညကဖြစ်ခဲ့သမျှအကြောင်းအရာအားလုံး
မျက်လုံးထဲတွင်အိမ်မက်တစ်ခုလိုပင် ပြန်မြင်ယောင်
လာသည်။ သူ့ကိုဒဏ်ရာတွေရအောင်လုပ်ခဲ့သည့်
သူရော......သူ သေချာပေါက် ဘယ်ဘက်လက်ကလှုပ်လို့မရတော့တာ။
အခုကျတော့ အကောင်းကြီး .....ဘာတွေလဲ.....အိမ်မက်တွေလား !!
အိမ်မက်လဲ မဟုတ်လောက် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့တာကို
" ငါ ရူးများသွားတာလား ...."
သူ့ဘက်လက်ကို ကိုင်ကြည့်ရင်းနဲ့မှ
ခေါင်းမိုးထပ်တစ်ခုလုံးကို ဝေ့ဝဲပြီးကြည့်လိုက်သည်။
လူဆိုလို့ သက်ရှိဆိုလို့သူတစ်ယောက်ထဲပင်။
ဒါဆိုသူဖြစ်ပျက်ခဲ့သမျှတွေက တစ်ကယ်ပဲ
သူ့အိမ်မက်တွေလား...
ဒါမှမဟုတ်သူစိတ်ကူးယဉ်ပြီးဖြစ်ခဲ့တာတွေလား
သူ တစ်ကယ်ပဲ ရူးများသွားတာလား.. ...
ဒါဆိုဒီလက်က နာနေတာကရော....
အိမ်မက်မို့လို့ သူအသက်မသေတာပေါ့လေ။
BINABASA MO ANG
ကျွန်တော့်ရဲ့...ကယ်တင်ရှင်
Fanfiction" ကျွန်တော်ရှိနေသရွေ့တော့ ခင်ဗျားကိုဘယ်သူမှမထိစေရဘူး ဂင်မင်ဆော့....." " ငါ..မင်းကိုကြောက်တယ်..ဆယ်ဟွန်း" ...... မင်းတောင်မသိလိုက်ခင်မှာပဲ မင်းကငါ့ဘဝရဲ့ကယ်တင်ရှင် ဖြစ်လာခဲ့တယ်...... ' မင်းဟာ ငါ့ရဲ့ကယ်တင်ရှင် '