ကယ်တင်ရှင်.. Intro

808 81 16
                                    

မှိန်ပျပျမီးရောင်အောက်မှာ ယိမ်းထိုးစွာကနေတဲ့ လူတွေ...

မြူးကြွတဲ့တီးလုံးသံစဉ်နှင့်အတူ စည်းချက်ညီစွာကနေ
ကြလေသည်။ နာမည်ကြီးကလပ်တစ်ခုဖြစ်တဲ့နေရာမို့
သူဌေးသားသူဌေးသမီးတွေပဲရှိနေတဲ့နေရာတစ်ခု။

သူ ထောင့်တစ်နေရာတွင်ထိုင်ကာလက်ထဲကပုလင်းကို
ခပ်ကြမ်းကြမ်းမော့ချလိုက်သည်။ ခါးသက်ပီးပြင်းလှတဲ့
အရက်အရသာက လည်ချောင်းတစ်လျှောက်ပူပီး
လျှောဆင်းသွားလေရဲ့။ အရက်ဆိုတာဒီလိုအရသာကိုး။

အရက်ရှိန်ကြောင့်ပူလာသလိုခံစားရကာ အနည်းငယ်
ယိုင်လာသလိုပင်။သောက်လည်းမသောက်ဖူးသည့်သူမို့
ချက်ချင်းပင် မှောက်ချင်လာတာဖြစ်လောက်သည်။
ဝတ်ထားသော ဂျာဂင်အနွေးထည်အဟောင်းကြီးကို
ချွတ်ပစ်လိုက်တော့ အနားကဖြတ်သွားသော
ဝိတ်တာကောင်လေးဆီမှ အကြည့်စူးစူးကိုလည်း
ခေါင်းကြီးလည်နေသည့်ကြားမှ တွေ့ဖြစ်လိုက်သေး
သည်။

ဟုတ်သည်လေ။ သူဌေးတွေပဲလာနိုင်သည့်နေရာကို
သူ့လိုငမွဲကဘာလို့ ရောက်လာတာလဲ။

" ဟက်.."

ခပ်ရွဲ့ရွဲ့ပင် တစ်ချက်ရယ်လိုက်ရင်း တစ်ခွက်မော့ချလိုက်
သည်။ဒီတစ်ခွက်ကတော့ အရင်ကဟာလောက်
အရသာမပြင်းတော့ဘူးဟု ထင်ရသည်။ စိတ်ထင်၍ပဲ
လား...အရက်ဝင်သွား၍ပဲလား....

နောက်တစ်ခွက်ကိုထပ်ဌဲ့ကာ ပါးစပ်နားသို့တေ့လိုက်စဉ်
မှာပဲ

" မင်ဆော့..."

အသံနှင့်အတူ သူ့နားသို့ရောက်လာကာ တေ့ထားသော
ခွက်ကိုဆွဲယူလိုက်သည့်သူက သူ၏အလုပ်ရှင်
ကျန်းရီရှင်း.....

" သူဌေး.."

" ထပ်မသောက်နဲ့တော့..မူးမယ် "

" ဟင့်အင်း..ကျွန်တော်မမူးသေးဘူး.."

" မင်ဆော့မူးတော့မယ်ဆိုတာ ကိုယ်သိနေတယ်
သောက်ဖူးတာလဲမဟုတ်ပဲနဲ့...ပေးပါ
ကိုယ်ပဲသောက်လိုက်မယ် "

ပြောပြောဆိုဆိုနှင့်အရက်ခွက်ကိုဆွဲမော့ချလိုက်ပြီး
သူ့အနားတွင် ဝင်ထိုင်လိုက်တော့သည်။
သူဌေးခေါ်လာ၍သာ သူ ဒီနေရာကိုရောက်လာရတာ။
ထိုအတွက်တော့ သူကျေးဇူးပြန်ဆပ်ရမည်ထင်သည်။

ကျွန်တော့်ရဲ့...ကယ်တင်ရှင်Où les histoires vivent. Découvrez maintenant