Sica တယောက်ချိန်းထားသောနေရာသို့ရောက်ခဲ့ပီ ဂိုဒေါင်ပျက်ကြီးတခု......မှောင်မည်းနေသည်.....အသံကတိတ်ဆိတ်နေသည်
Sica-"Tae Tae.... (shout)"
အသံကလုံနေသောကြောင့် Sica အသံဘဲပဲ့တင်ထပ်နေသည်......
Sica-"Hell ဆိုတဲ့ကောင် အခုချက်ချင်းထွက်ခဲ့ ဘယ်မှာလဲ မင်းတို့တွေ့ချင်နေတဲ့ငါရောက်လာပီ Tae သူ့ကိုလွှတ်ပေး......"
*ဖြောင်း.....ဖြောင်း.....ဖြောင်း.....
လက်ခုပ်၃ချက်တီးကာ Hell ဆိုသူထွက်လာသည်
"ဟေး.....အရမ်းကိုသတ္တိတွေကောင်းနေပါလား......အဲ့လောက်တောင် Kim Taeyeon ဆိုတဲ့နတ်သမီးလေး ကိုချစ်တယ်ပေါ့ ဟုတ်လား......"
အနောက်မှကြိုးတုတ်ထားသော Taeyeon ရဲ့မျက်နှာကိုလက်နဲ့ဖွဖွလေးထိကာပြောလိုက်သော Hell လုပ်ရပ်ကြောင့် Sica ဒေါသကိုဆွပေးနေသလိုဖြစ်သွားတယ် ဒါကြောင့် Hell ဆီကိုသွားဖို့အပြင်အနောက်ကနေလူကြီး၂ယောက် Sica ကိုချုပ်ထားလိုက်တယ်
Sica-"နင်မယုတ်မာနဲ့နော် Tae ကိုထိစရာမလိုဘူး ငါ့ကိုအခုလွှတ်ပေး......."
Tae-"Sica......Tae ဘာမှမဖြစ်ဘူး Sica ဘာလို့တယောက်ထဲလာတာလဲ"
"စောက်စကားတွေအရမ်းများနဲ့ Kim Taeyeon"
ပြောလဲပြော ဖြောင်း ဆိုသောအသံနှင့်အတူ Taeyeon ခေါင်းတပတ်လည်သွားတယ်
Sica-"Tae........😡😡😡😡 Hell ငါနဲ့ဖြစ်တဲ့ပြဿနာကိုငါနဲ့ဘဲဖြေရှင်း Tae ကိုမထိနဲ့ Tae ကိုထိရင်နင်သေတဲ့နေ့ဘဲ ငါ့ကိုအခုလွှတ်......"
အတင်းရုန်းသည် သို့သော်မရ ယောက်ျားရင့်မာကြီး၂ယောက်ချုပ်ထားတာမို့ မိန်းကလေးတယောက်အားနဲ့ဘယ်လိုမျှပင်မရုန်းနိုင်
"Jessica အခုတော့မင်းဘာမှမတတ်နိုင်တော့ပါဘူးကွာ မင်းလဲအခုငါ့ရှေ့မှာကျရှုံးနေပီ မင်းလိုမောက်မာတဲ့ကောင်မ ကအခုငါ့ကိုတောင်းပန်ရတော့မယ် တောင်းပန် ငါ့ကိုမှားသွားပါတယ်ဆိုပီး ဒူးပါထောက်နော် မင်းမလုပ်ရင် မင်းရဲ့နတ်သမီးလေးကငါ့အတွက်ဘဲ"
Tae-"Sica မလုပ်နဲ့ အဲ့လိုကောင်မျိုးရှေ့မှာ Sica ဒူးမထောက်လိုက်ပါနဲ့ 😢😢"
YOU ARE READING
I Need You[Complete]
Fanfictionတကျောင်းလုံးရဲ့မာနခဲမင်းသမီးလေးက ကျောင်းကိုအသစ်ပြောင်းလာသောကောင်မလေးကိုမြင်မြင်ချင်းချစ်မိသွား၍အိမ်ခေါ်သွားသောအခါ~~~~ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ သိချင်ရင်~~~ Taengsic (Yuri fic)