Sica မသိလိုက်တာက Tae က ညကျရင်သူ့ကိုအောက်မှာထားမယ်ဆိုတာပါဘဲ
Jessica' Point of view
လေးလိုက်တာ ဝက်ပေါက်လေးကျနေတာဘဲ လူကောင်ကသေးသေးလေးရယ် ဘာလို့အဲ့လောက်တောင်လေးရတာလဲမသိဘူး လူကိုအသေများသတ်နေတာလားမသိဘူး ဓာတ်လှေကားကလဲမဆင်းခိုင်းဘူး လှေကားကဆင်းတဲ့ ဘယ်လိုကလေးလဲမသိဘူး တွေ့မယ် တွေ့မယ် ညကျမှ အဲ့ကလေး😒
Tae-"Sica လေးနေပီလား"
မေးတတ်ပါပီ့.....
Sica-"ဟင့်အင်း Tae ရယ် မလေးပါဘူး"
ဟုတ်တယ်လေ သူ့ရှေ့မှာလေးတယ်လို့သွားပြောကြည့်ပါလား တနေ့လုံးကောက်လို့ပီးမှာမဟုတ်တော့ဘူး ကိုယ်တွေလဲသူနဲ့ကျမှ Ice Princess image ပျက်တယ်😒
Tae-"ရပီ ရပီ ဒီမှာချတော့"
Sica-"မရောက်သေးဘူးလေ"
Tae-"လေးနေမှာစိုးလို့ ကိုယ့်ဘာသာလမ်းလျှောက်သွားတော့မယ်"
အလိုက်သိလေး အာ့တွေကြောင့်အချစ်တွေပိုနေရတာ
Sica-"မလေးပါဘူးဆို အဲ့လောက်တောင်ဆင်းချင်မှတော့ ဆင်းပါ Tae သဘော"
မူရသေးတယ်လေ
Tae-"အင်း"
ကလေးလိုလို ဘာလိုလိုနဲ့လူကိုလာဖက်နမ်းတယ်လေ ရွတ်ကနဲမြည်အောင် ဒါသက်သက်လူကိုမြူစွယ်တာ ပီးတော့လက်ကိုချိတ်ထားတာပြောမနေနဲ့ လက်တောင်ပြုတ်ထွက်မတက်ဘဲ ဘာလို့အဲ့လောက်ချိတ်ရတာလဲမေးတော့ ဘာပြောတယ်မှတ်လဲ ပိုင်ရှင်ရှိပီးသားမှန်းသိအောင်တဲ့ သူများထုတ်ပေးထားတဲ့လည်ပင်းအစိနဲ့အင်္ကျီလဲမဝတ်ဘူး လည်ပင်းအဟိုက်ဝတ်လာတယ် ကျွန်မပေးထားတဲ့ အမှတ်အသားလေးတွေကသူ့လည်ပင်းမှာအစီအရီ သူများတွေကြည့်နေတယ်ဆိုတာလဲသူလေးကမရှက်ဘူးဆိုဘဲ အဲ့စကားလေးတွေကြောင့်သူလေးကိုကျွန်မတိုးတိုးပီး ချစ်မိနေတယ်ဆိုပါတော့လေ
ကျွန်မတို့လဲစားပီးတော့ကမ်းခြေကိုသွားသည့်တိုင်အောင်ဘယ်သူ့ဘက်မှစကားမစ၊နောက်ဆုံးတော့သူမဘက်မှ
စကားစလာတယ်Tae-"Sica Yoon ကိုပြန်တွေ့လား"
ကြားလိုက်ရသောစကားကြောင့်တုန်လှုပ်သွားတယ် သူသိနေတယ်
YOU ARE READING
I Need You[Complete]
Fiksi Penggemarတကျောင်းလုံးရဲ့မာနခဲမင်းသမီးလေးက ကျောင်းကိုအသစ်ပြောင်းလာသောကောင်မလေးကိုမြင်မြင်ချင်းချစ်မိသွား၍အိမ်ခေါ်သွားသောအခါ~~~~ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ သိချင်ရင်~~~ Taengsic (Yuri fic)