အခန်း-၁

5.5K 273 6
                                    

✿ တိမ်တောင်ညိုပြာ ✿
--------(အခန်း-၁)---------

သူက မြေပြင်မှာကပ်ပြီး ပေါက်တဲ့ ပန်းလေ
သူ့မှာ အဆစ်တွေ အများကြီး ရှိပေမယ့်
တစ်ဆစ်မှာ တစ်ပွင့်စီပဲ ပွင့်တာ
အဲဒီတစ်ပွင့်ကြွေရင် နောက်ထပ် မပွင့်တော့ဘူး
ဒါ ဒီပန်းရဲ့ သစ္စာရှိတဲ့ သင်္ကေတတစ်ခုပေါ့
သူ့ကို တိမ်တောင်ညိုပြာ လို့ ခေါ်တယ်
ကောင်းရဲ့ အချစ်ကလည်း လပြည့်အပေါ်
ဒီ ညိုပြာရောင် ပန်းလေးလိုပါပဲ
အမြဲ သစ္စာရှိနေမှာပါ
#ကောင်း

***********************************

လပြည့် စီးလာတဲ့ လေယာဉ်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းရဲ့ ပြေးလမ်းပေါ် ဆင်းသက်ပြီး ပြေးလမ်းပေါ် လေယာဉ်ဘီးတွေ အရှိန်နဲ့ ပွတ်ဆွဲသွားပြီးနောက် ရပ်တန့်သွားသည့် တပြိုင်နက် ခရီးသည်တွေ လှုပ်ရှား ဆင်းသက် နေသည်အထိ လပြည့် ထိုင်ခုံက မလှုပ်ရှားမိသေးပါ။
လပြည့် ရင်တွေခုန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေမိသည်။

တခါမျှ မရောက်ဖူးသော နေရာတစ်ခုကို အချစ်ဆိုတဲ့ အရာတစ်ခုကြောင့် ရောက်လာခဲ့တာ ဖြစ်သည်။
မြန်မာပြည်က ကိုယ့်နိုင်ငံလို့ အမည်တပ်ထားပေမဲ့
ကိုယ်ကိုယ်တိုင်ကလည်း မြန်မာ တစ်ယောက်လို့ အမည်ခံထားပေမဲ့
တကယ်တမ်း ဒီနိုင်ငံကို ရောက်လာတော့ ကိုယ်နဲ့မဆိုင်သလို
ကိုယ်က သူစိမ်းတစ်ယောက် သာသာ ဧည့်သည်လို ဖြစ်နေမိသည်။
ငယ်လေးကတည်းက ပြည်ပမှာ နေရတဲ့ လပြည့်က
မြန်မာနိုင်ငံက လပြည့်နိုင်ငံ ငါဟာ မြန်မာလူမျိုးဆိုတာကို သက်သေပြဖို လိပ်ပြာမလုံသလို ဖြစ်နေမိသည်။
လပြည့် အသက် ၂၃ကျော်လာပြီ ဖြစ်သည်။
ဒီတစ်ကြိမ် ရောက်လာသည့် မြန်မာမြေသည် လပြည့်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
အရင်က တခါမှ မရောက်ဖူးသော မြန်မာမြေကို
ဟိုးအရင် ဖေဖေက
"ဖေဖေတို့ မြန်မာပြည်က အမျိုးတွေဆီ အလည်သွားရအောင်" လို့ခေါ်ရင်
"မသွားချင်ပါဘူး ဖေဖေရာ"
ဆိုပြီး လပြည့် အမြဲငြင်းတတ်သည်။
ပြည်ပမှာ ကြီးပြင်း လာတဲ့ လပြည့်က
ပြည်ပမှာဘဲ ပျော်ပိုက်ပြီးနောက်
ကိုယ့်ကိုယ်ကို ထိုနိုင်ငံသားလို့ ထင်ထားခဲ့သည်။
ဖေဖေကဆို ပုဆိုးဝတ်တတ်ဖို့ သင်ပေးတတ်သည်။ လပြည့် မဝတ်ခဲ့။
မေမေကဆို မြန်မာစာ မြန်မာစကား သင်ပေးသည်။ လပြည့် စိတ်မပါဘဲ သင်ခဲ့ရသည်။
အခုမှ မေမေ့ ကျေးဇူးတွေကို လပြည့် သိတတ်မိသည်။

တိမ်တောင်ညိုပြာWhere stories live. Discover now