အခန်း-၃

1.7K 153 1
                                    

✿ တိမ်တောင်ညိုပြာ ✿
-------(အခန်း-၃)---------

ကောင်း အိမ်ပြန်ရောက်ကတည်းက ဘာမှ မလုပ်ဖြစ်ပါ။ ဘယ်ဘက်လက်ဝါးကို ဖြန့်လိုက် စာကိုဖတ်လိုက် ပြန်ဆုပ်လိုက်နဲ့ အလုပ်ရှုပ် နေမိသည်။ မေမေကတောင် ဘာဖြစ်နေတာလဲ မေးယူရသည့် အထိ စိတ်ထဲ အတွေးတွေနဲ့ ပြည့်နေတာ ဖြစ်သည်။
"ဘယ်သူလဲ ဘာအဓိပ္ပါယ်ဆောင်ပြီး ရေးသွားတာလဲ "
ဒီပန်းလေးကို ကောင်းချစ်တယ် ဆိုတာကို လပြည့်တစ်ယောက်တည်းကိုဘဲ ကောင်း သေသေချာချာပြောဖူးတာပါ။
ဒါကြောင့်လည်း ဒီပန်းလေးလို သစ္စာ ရှိပါ့မယ်လို ကတိပေးထားတာလည်း လပြည့်ပဲ သိတာ ဖြစ်သည်။
"ဟာ လပြည့်များ မန်းလေးရောက်နေတာလား "
ကောင်း ရင်တချက် ခုန်လာသည်။
ကောင်း မျက်မှောင်ကုပ် အတွေးလွန်နေရာက ခေါင်းကို တချက် ပြန်ရမ်းပစ်လိုက်ပြီး
"ဟာ မဖြစ်နိုင်တာ လပြည့်ရောက်ရင် ကောင်းဆီ လာမှာပေါ့"
"ဟင် ဒါဆို ဘယ်သူက ရေးသွားတာလဲ
ငါ့ကိုများ လူတစ်ယောက်ယောက်က နောက်နေတာလား"
"နောက်နေတာတော့ အသေအချာပဲလေ ဘယ်သူမှန်း မသိတာ"
အိပ်ယာထက်မှာ ဟိုဘက်လှိမ့် ဒီဘက်လှိမ်းနဲ့ ဟိုးတွေ ဒီတွေး တွေးနေမိတာ ဖြစ်သည်။
ရေချိုးဖို့ ပြင်ပြီး အဝတ်ဗလာနဲ့ မချိုးဖြစ်သေးဘဲလည်း ရှိနေသည်။
လပြည့်ဆီ ဖုန်ခေါ်တော့ phက ပိတ်ထားသည်။
viberကို ခေါ်တော့လည်း မကိုင်။ fb ပေါ်လည်း မရှိ ဖြစ်နေသည်။
ဟင်း ရေအရင်ချိုးလိုက်မည်။ ကောင်း အိပ်နေရာက ထလိုက်တော့
"တိန်း တိန်းး"
messangerက တချက်မြည်လာသည်။ ကောင်း ဖုန်းကို အဆောတလျင် ကောက်ကိုင်လိုက်သည်။
လပြည့် ဆီက ဝင်လာတာ ဖြစ်သည်။
"အိမ်ပြန်ရောက်ပြီလား"
ဒီနေ့ အပြင်မှာ တနေကုန်ဘဲပေါ့ ဟုတ်လား"
"အင်း ဒါနဲ့ မနက်က ဘာလို့ဖုန်းခေါ်တာလဲ အစောကြီးကို"
လပြည့်ရဲ့စာတွေ ဖတ်ပြီး ကောင်းတချက် ပြုံးလိုက်မိသည်။
မနက်က ဟုတ်သားပဲ ကောင်း သူ့ဆီ ဖုန်ခေါ်မိတာဘဲ။
အင်း သူကို လောလောဆယ် မပြောတာဘဲ ကောင်းပါတယ်။
တော်ကြာ ကောင်း အစအဆုံးပြောပြလိုက်ရင်
လပြည့် ကောင်းကို မဆိုင်တာတွေးက စိတ်ပူပြီး သဝန်တိုနေဦးမည် ဖြစ်သည်။
"ဘာမှ မဟုတ်ဘူးလေ
မနက်က ဘုရားရောက်တော့ စိတ်ထဲ လပြည့်ကို အရမ်းသတိရတယ်ကွာ
အာ့ လက်က လုံးဝမနေနိုင်ဘူး နိပ်မိသွားတယ်
ပြီးတော့ လပြည့်အသံလဲ ကြားချင်လို့
"ဘာလဲ အိပ်ရေးပျက်သွားလား
အတန်းထဲ ငိုက်တယ် ဆိုပါတော့ ဟုတ်လား"
တဖက်က ပို့လာတဲ့ ကောင်းရဲ့ ပြန်စာတွေကိုကြည့်ပြီး လပြည့် ရယ်ချင်မိသည်။
ဟိုတယ်ခန်းထဲ လပြည့် တစ်ယောက်ထဲ သဘောကျစွာ အော်ရယ်နေမိသည်။
အင်း မဖြစ်သေးဘူး မနက်ဖန် သူ့plan လေးတွေကို အောင့်အစ်ပြီး မေးဦးမှ။
မဟုတ်ရင် လိုအပ်တာတွေ ပြင်ရအောင် အချိန်မရဖြစ်မည်။
မနေ့ကလဲ ဘုရားကြီးသွားတဲ့ လိပ်စာတွေ စက်ဘီး တွေကို အချိန်မှီ လိုက်ရှာရသေးတာ ဖြစ်သည်။
တကယ်ကို မရောက်ဖူးဘူး ဆိုပေမဲ့ မန်းလေးက လပြည့်နဲ့ မစိမ်းသလို ခံစားနေရတာကိုက အံ့သြစရာပါ။
လမ်းတွေကို သေချာဖောက်ထားပြီး လမ်းတိုင်း လမ်းနံပါတ်လေးတွေ ရှိနေတော့လဲ မဆိုးဘူးလို့ ပြောရမှာ ဖြစ်သည်။
သွားချင်တဲ့ နေရာတွေကို အလွယ်တကူ ရောက်သွားတာကိုက ကံကောင်းနေသည်။
ချစ်တဲ့ ကောင်းကိုလည်း လပြည့် ကျီစယ်နိုင်သည်။
လပြည့် ကျေနပ်စွာ တစိမ့်စိမ့် ပြုံးမိရင်း ပက်လက်လှန်အိပ်ပြီး ခြေနှစ်ချောင်းကို မိုးပေါ်ထောင်ကာ စက်ဘီးနှင်းသလို လုပ်ပြီး ကျေနပ်စွာ အော်ရယ်နေမိသည်။

တိမ်တောင်ညိုပြာWhere stories live. Discover now