✿ တိမ်တောင်ညိုပြာ ✿
-------(အခန်း-၂)---------လပြည့် တစ်ယောက် သူ့ဖုန်းwallpaperလေးကို
ကြည့်ကာ အူမြူးနေသည်။
မျက်ခုံးတစ်ဖက်ပင့် မျက်လုံးလေးပြူးကာ
အမှတ်တမဲ့ဒေါသထွက်နေသည့် ပုံ ပေါက်နေသော ကောင်း ပုံလေး။
သူ ကောင်းကို ပိုချစ်မိရပါပြီ။
ကောင်း သည် အခြေအနေနှင့်အချိန်အခါအပေါ်မှာ ကောင်းမွန်သင့်တင့်စွာ ရွက်ဆောင်တတ်သူတစ်ဦးဟု မနက်က အတွေ့အကြုံအရ သိလိုက်ရသည်။
ဒါ့ကြောင့်လည်း ခုလို ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ငန်းရာထူးတစ်နေရာကို အောင်မြင်စွာ ရောက်ရှိနေခြင်းဖြစ်မည်။
ကောင်းအကြောင်းတွေးရင်း ကောင်းကို ပိုသတိရမိနေသည်။
'တုံ တုံ'
viber မှာ စာဝင်လာသည်။
wow! ကောင်းဆီမှလာသောစာပင်။
'ဘာလုပ်နေလဲ ချစ်'တဲ့။
ကောင်း သည် သူအားသည်နှင့် လပြည့်အပေါ်ဂရုတစိုက် စာပို့တတ်သည့် မြတ်နိုးစရာချစ်သူလေးပါ။
'စာဖတ်နေတာ
ချစ်သောမန္တလေး ပြန်ဖတ်နေတာ'
လပြည့်ကို ဖတ်ရန် ကောင်းအတန်တန်ညွှန်းဆိုခဲ့သော စာအုပ်။
ဖတ်စေချင်လွန်း၍ Linkပေးခဲ့ပြီး
'ကောင်းကို ချစ်ရင် မန္တလေးကိုလည်း ချစ်ရမယ်'
ဟူသည့် ကောင်း၏စကားလေးတစ်ခွန်းကြောင့်
လပြည့် ကြိုးစားဖတ်ရှုခဲ့သည်။
တကယ်တော့ လပြည့် ထိုစာအုပ်ကို သုံးခါမက ဖတ်ပြီးခဲ့ပါပြီ။
သို့သော် မြန်မာစာပေမကျွမ်းကျင်မှုကြောင့် တစ်ချို့အသုံးအနှုန်းတွေကို လပြည့် အမှန်ပင်နားမလည်နိုင်။
ကောင်းနှင့်တွေ့လျှင်မေးမည်ဟု တွေးထားခဲ့ပြီး လပြည့်မသိ မရှင်းလင်းသော စာသားများကို မှတ်သားထားသည်။
'လိမ္မာလိုက်တဲ့ ကလေး၊
ကောင်း ကတော့ ခြေသန်းနာနေတယ်'
ကောင်းထံမှReplyကြောင့် လပြည့် ရယ်ချင်သွားသည်။
မနက်က သူဖိနပ်ဖြင့်ကြိတ်လိုက်တာ အရှိန်လွန်သွားပုံပေါ်သည်။
တစ်ဆက်တည်းမှာပင်
မနက်ကဈေးဝယ်တစ်ယောက် သူ့ခြေထောက်ကိုဖိနပ်ဖြင့်တက်နင်းမိသွားသောကြောင့်
သူ့ခြေသန်းဒဏ်ဖြစ်နေကြောင်း၊သို့သော် စိုးရိမ်စရာမလိုကြောင်း၊
မတော်တဆမို့ သူသည်းခံလိုက်ကြောင်း စသည်ဖြင့် သူဖြစ်ပျက်ခဲ့သမျှအလုံးစုံကို ခရေစေ့တွင်းကျ ပြောပြနေတော့သည်။
ကောင်းကို အချစ်ပိုရသည်မှာ ဒါကြောင့်ပင်။
လူချင်းဝေးနေသော ချစ်သူတွေအဖို့ တစ်ယောက်ရဲ့အကြောင်းတစ်ယောက်သိဖို့ လိုအပ်သည်တဲ့လေ။
စင်ကာပူက လပြည့်၏ နိစ္စဒူဝအခြေအနေကို ကောင်းစိတ်ဝင်စားသလို
ကောင်းရဲ့daily lifeကိုလည်း လပြည့် သိနေရမည်ဟု ကောင်းပြောဖူးသည်။
'ကောင်း မနက်ဖြန် ဘာအစီအစဉ်ရှိလဲ'
သူ မေးလိုက်သည်။သည်မေးခွန်းက မထူးဆန်းတော့ပြီ။
လပြည့်မမေးလည်း ကောင်းက သူ၏အစီအစဉ်များကို chat boxကနေ စာပို့နေကြ မဟုတ်ပါလား။
'မနက်ဖြန်ခါဆယ်ရက်နေ့က Bossရဲ့မွေးနေ့လေ၊
မနက်အစော ဘုရားကြီးမှာ မျက်နှာသစ်တော်ရေ သွားကပ်မယ်တဲ့။
အဲဒါ ကောင်းက သူနဲ့လိုက်ရမယ်။
နေ့လည်ပိုင်းတော့ ဝန်ထမ်းတွေကို ကစားကွင်း လိုက်ပို့ပေးမယ် ပြောတယ်၊
ပြော ကိုယ်တော်ချောကော ဘာတွေလုပ်ဖို့ရှိလဲ'
ကောင်းက သူ့planကို ရှည်လျားစွာပြောပြီးသည့်နောက် လပြည့်ကို ပြန်မေးသည်။
လပြည့် သိလိုသမျှသိရပြီ။
ကောင်းကို မနက်ဖြန် တွေ့နိုင်မည့်နေရာကို သူသိရပြီလေ။သူပျော်နေသည်။
ကောင်းကိုမူ လပြည့်အနေဖြင့် စင်္ကာပူမှာပင် ပုံမှန်အတိုင်းအတန်းတက်နေမည်ဖြစ်ပြီး
အထွေအထူးplanမရှိကြောင်း ရွှီးကာ
နှုတ်ဆက်ခဲ့ပြီးline outခဲ့တော့သည်။
'ကောင်းရယ် ကောင်းကြောင့်
လပြည့်ရဲ့ မနက်ဖြန်တွေဟာ ရင်ခုန်ဖွယ်ရာတွေနဲ့
ပြည့်နေပြီဆိုတာ ကောင်း သိရဲ့လားဗျာ'
ESTÁS LEYENDO
တိမ်တောင်ညိုပြာ
Romanceတိမ်တောင်ညိုပြာ ---------------------------- ဖုန်အလူးလူး ရွှံ့အပေပေနဲ့မို့ မော်မထင်စေသလို တော်မဝင်စေတဲ့ပန်း။ အနုအလှမရှိလို့ အယုအယမခံရပေမယ့် သမုဒယသည်ရင်ထဲမှာ သူကသစ္စာ သြော်.... တိမ်တောင်ညိုပြာ တိမ် တောင် ညို ပြာ။ ...