အပိုင်း ၅

3.7K 191 0
                                    

❀ သူတစ်ယောက်သာ ❀
--------- (အပိုင်း ၅) ----------


နေ့တွေ က အချစ်ဆိုရင်
ကျော်ရှိနေတဲ့ ဒီနေ့က အချစ်စစ်ဖြစ်မယ်
မနက်ဖျန်ဆိုတာ ကိုယ်အတွက် မသေချာတဲ့ အတွက် အချစ်စစ် မဖြစ်နိုင်ဘူး။
ဒါကြောင့် ကျော် ဒီနေ့ တွေနဲ့ဘဲ အတူရှိချင်တယ်။

အန်တီနဲ့ အန်ကယ်လ်က နယ်ကို ခရီးထွက် မယ်ဆိုတော့ ကျော်တချက်တော့ လန့်မိသည်။ အဖိုးက ပြသနာမရှိပါ။ အကိုနဲ့က အဆင်ပြေပါမ လား မသိ။တခုခုဆို သူစိတ်ကြီးဘဲ မဟုတ်လား။
အန်တီက အလွန်ဆုံးကြာ တပတ်ဘဲလို့ ပြောသည်။

"ဟုတ်အန်တီ ဖိုးဖိုးအတွက် စိတ်ချပါ စိတ်မပူပါနဲ့"

"အေးပါ သားရယ် အန်တီ သိပါတယ်ကွယ် အန် ကယ်တောင် ပြောနေသေးတယ် ဒီအိမ်မှာ သားရှိ တော့ အဆင်ပြေနေတယ်လေ ဒီအိမ်မှာဘဲ အလုပ် လုပ်ပေးပါ တခြားအလုပ်တွေ မပြောင်းပါနဲ့တဲ့ သားက မိသားစုလို သေချာဂရုစိုက်တော့ အန်တီ တို့လဲ သားကို အန်တီတို့သားလေးလို သံယောဇဉ် ရှိနေပြီ တခုခု အဆင်မပြေတာရှိရင် အန်တီတို့ကို ပွင့်ပွင့်လင်းလင်းဘဲ ပြောပါ ကိုယ့်မိဘတွေလို သဘောထားပြီး ဟုတ်လား"

အန်တီက အပြုံးနဲ့ စကားဆိုတော့ ကျော် မပြောင်း ပါဘူး အန်တီ။ ကျော်လည်း သံယောဉ်ရှိနေပြီ ဒီမှာ။ ကျော်သိပ်ချစ်တဲ့ အကို ဒီမှာရှိနေတာ ကျော် ဘယ်လို ထွက်သွားနိုင်မှာလဲ။ နောက်ကို အကို အိမ်ထောင်ကျလို သားသမီးတွေ ရရင်တောင် ကျော်လိုက်ထိန်းပေးချင် သေးတယ်။ ဒီမှာ နေခွင့် ရခဲ့သေးရင်ပေါ့။ အကို ကျော့်ကို မချစ်ရင်နေပါ ကျော် အကို့ကို ချစ်နေရရင်ဘဲ ကျေနပ်နေမိပြီ။ ကျော် စိတ်ထဲ ကိုယ့်ကို ပြောနေမိသည်။

"ဟုတ် စိတ်ချပါ အန်တီ "

အန်တီနဲ့ မီးဖိုထဲ စကားပြောရင်း ဖိုးဖိုးအတွက် ပြုပ် ထားတဲ့ ခေါက်ဆွဲ ပြုပ်လေး ရပြီမို့ ကျော်ပန်းဂံလုံး ထဲ ပြောင်းထည့်ပြီး အပေါ်ထပ်ကို ယူတက်လာသည်။ မနေ့ညက အသည်းကွဲနေတဲ့ အကိုကတော့ ခုထိ အိပ်ယာက မနိုးသေးဘူးလေ။
ကျော်အဖိုးကို မနက်စားကျွေပြီး ဆေးတိုက်ကာ

"အန်တီတို့ ခရီထွက်ကြမယ် ဖိုးဖိုး သိပြီးပြီလား"

ဖိုးဖိုးကိုက ခေါင်းတချက်ညိတ်ပြကာ လက်ထဲကိုင်း ထားတဲ့ ဆေးလုံးလေးတွေ ပါးစပ်ထဲ ထည့်လိုက်ပြီး ကျော်လှမ်းပေးတဲ့ ရေခွက်ကို မော့ချလိုက်သည်။

သူ တစ်​​ယောက်​သာWhere stories live. Discover now