အပိုင်း(၁)

25.1K 209 2
                                    

“ ​ယောကျာ်းလှကျွန်း ”
------ အပိုင်း(၁) -------

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

"ထိုးထားမယ်နော် ထိုးထားမယ် လေထိုးရင်လေရမယ် ငွေထိုးရင်ငွေရမယ် ရပ်ကြည့်လို့အမြတ်မရှိဘူး ထိုးထားမှအကျိုးများမယ်နော်"

လေးကောင်ဂျင်ဒိုင်မှ စကားများကို စက်သေနတ်ပစ်သလို တတွတ်တွတ်ရွတ်နေလေသည်။ လောင်းကစားဝိုင်းထဲတွင်လည်း လူများအုံခဲကာ စကားပြောသံများဖြင့် ကျွတ်ကျွတ်ညံနေတော့သည်။ အရှေ့တွင်ရှိသောထိုးသားများမှ ပိုက်ဆံများကိုလက်ထဲတွင် အလျားလိုက်အလယ်တစ်ခြမ်းချိုးကာကိုင်ထားကြပြီး  အာရုံစိုက်နေကြသည်။ အချို့ မှာမူ ထွက်ပြီးသားအကောင်များချိတ်ထားသည့် အလှူမီနီယံဘုတ်ကြီးပေါ်သို့ ကွမ်းတမြုံ့ မြုံ့ ဖြင့်ကြည့်နေကြသည်။
မိမိထိုးလိုသည့်ဇယားပေါ်ရှိအကောင်များကို

"ထိုးထားမယ် ထိုးထားမယ်။ ငါးရာတန်ခေါက်ထားတာလေးတွေ ပြန်ဖြန့်ပါ။ အနည်းဆုံးငါးရာဖြစ်သွားပါပြီ။ တိုင်ပင်သမားတွေနောက်ကိုနည်းနည်းဆုတ်ပါ လက်ကြီးတွေကိုဦးစားပေးပါ။ ကလေးမအေတွေဝေးဝေးသွားနေပါ ဒါလောင်းကစားဝိုင်းနော် ကလေးထိန်းကျောင်းမဟုတ်ဘူး။ ဆူညံနေတာပဲ။ သွား……….ဝေးဝေး သွားနေကြ”

”အမယ်လေးတော် ဒိုင်ကလည်း လူကျလာပြီ ဆိုဖင်ခေါင်းက ကျယ်ချင်လာပြီ။ ကျုပ်တို့ကလည်းပိုက်ဆံနဲ့ ထိုးနေတာပါနော်။ ”

ဂီနိုထိုမိန်းမကြီးကို ပြုံးပြီးကြည့်လိုက်မိသည်။ မကျေနပ်ချက်တွေဖြင့် ပွစိပွစိပြောကာ သူ့အနားမှထသွားသဖြင့် ဂီနိုလွတ်နေသော ထိုနေရာသို့ဝင်ထိုင်လိုက်၏။

လေးကောင်ဂျင်သီးတွင် အကောင်လေးကောင်ပါပြီး တစ်ကြိမ်လျှင်တစ်ကောင်သာ ပေါ်သည်။ လေးကောင်ထဲမှတစ်ကောင်သာ ပေါ်ခြင်းကြောင့် တစ်ကောင်တည်းထိုးလျှင် သုံးဆရသည်။ တစ်ကောင်တည်းအောသည် ဟုခေါ်သည်။ အကောင်နှစ်ကောင်ကို ခွပြီးတင်လိုက်ပါက ကြိုးတင်သည် ဟုခေါ်သည်။
ကြိုးတင်ထားသည့် နှစ်ကောင်ထဲမှ တစ်ကောင်ပါလာလျှင် တစ်ဆသာရသည်။ တိုင်ပင်ပစ်သည်ဆိုသည်မှာ လေးကောင်ရှိသည့်အနက် သုံးကောင်ကိုအောထားခြင်းဖြစ်သည်။ ထိုသို့အောထားပါက လေးကောင်ထဲမှ သုံးကောင်သည် မိမိအပိုင်ဖြစ်ပြီး ထိုသုံးကောင်ထဲမှ တစ်ကောင်ပါလျှင် သုံးဆရမည်။ သို့သော် ကျန်နှစ်ကောင်မှာ အစားခံရမည့်ဖြစ်သဖြင့် တစ်ဆသာမြတ်မည်ဖြစ်သည်။ ထိုသို့ထိုးသော ထိုးသားများကို တိုင်ပင်သမားဟုခေါ်သည်။ ပိုက်ဆံများများထိုးသော ထိုးသားကိုမူ လက်ကြီးဟုခေါ်သည်။

ယောကျာ်းလှကျွန်းWhere stories live. Discover now