အပိုင်း(၁၁)

3.8K 53 1
                                    

“ ​ယောကျာ်းလှကျွန်း ”
----- အပိုင်း(၁၁) -------

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

သူအံသြပြီးမှင်သက်သွားမိသည်။ ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းပင်မသိတော့ချေ။
သူ့နှုတ်ခမ်းတွေ တုန်ရီလာရင်း  ဂီနို့ကို မျက်လုံးအဝိုင်းသား ဖြင့်သာငေးကြည့်နေမိ၏။

“နီယွန်.......”

“နီယွန်.......”

“မင်းကိုချစ်တယ်လို့ပြောနေတာကြားလား”

“ဟင်..........ဟို........ငါ...........ကြား.........အဲ့
မကြား............ကြား”

ဂီနိုက သူ့ကိုတစ်ချက်စေ့စေ့ကြည့်သည်။ ထို့နောက် တခွိခွိရယ်တော့သည်။ ဂီနိုရယ်တော့ သူပိုလို့ပင် ရှက်လို့သွားမိသည်။ သူခြေဖျားလက်ဖျားတွေ အေးစက်လာ၏။ ရင်တွေလဲ တဒိန်းဒိန်းခုန်လာသည် သူ့ခန္ဓာကိုယ်ပေါ်မှ ဂီနို့ကိုတွန်းချပြီး ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ ဂီနို ဒီကောင် တော်တော်မျက်ခွက်ပြောင်တဲ့ကောင် ဒီကောင် ငပြောင်.................

                                
                        ******************


ညခင်းလေးသည် ပုံမှန်းလေးအတိုင်း စည်ကားလျှက်ရှိသည်။ လမ်းဘေးရှိစားသောက် ဆိုင်များသည်လည်း ​ကြော်​လို့​လှော်​လို့​ ​ကောင်း​နေဆဲ ရောင်းလို့ကောင်းနေဆဲ လူတွေကလည်း စည်ကားမြဲ စည်ကားနေဆဲပင်။
ဂီနိုလမ်းဘေးဘီတစ်ချက်သို့ကြည့်လိုက်ရင်း အခြားလမ်းတစ်ဖက်သို့ လမ်းဖြတ်ကူးလိုက်သည်။
ထို့နောက် သူ့လက်နှစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲသို့ ထိုးထည့်လိုက်ရင်း ခပ်မတ်မတ်လမ်းလျှောက်လာခဲ့သည်။  
ညလမ်း၏ မာကျူရီမီးများက ဝါဝင်းထိန်နေအောင် သာနေသည်။ သူသည်ဆိုင်တန်းလေးတွေကို မှတ်မိသေးပါသည်။ သူနှင့်နီယွန် စတွေ့သည့်နေ့က သူဂျင်ဝိုင်းမှအပြန် ပြန်လာသော လမ်းကလေးဖြစ်သည်။
အရှေ့နားတွင် လူနည်းနည်းပြတ်သည်။ ထိုနေရာတွင်ပဲ သူဓားပြတိုက်ခံခဲ့ရသည်။ သို့မဟုတ်ပါက သူလဲ နီယွန်နှင့်တွေ့ဖြစ်မည်မထင်။
သူကံကောင်းသည်လား ကံဆိုးသည်လားတော့ မပြောတတ် သူ့နီယွန်ကိုချစ်မိသွားသည်။
အစပိုင်းတွင် သူငယ်ချင်းသံယောဇဉ်ဟု မိမိကိုယ်ကိုထင်နေမိသော်လည်း နောက်ပိုင်းတွင် နီယွန်ဖက်မှ သူငယ်ချင်းမကပိုသော် သံယောဇဉ်တွေကို သူတွေ့မြင်လာသောအခါ သူကိုယ်တိုင်ကလဲ နီယွန့်အပေါ် ယိမ်းယိုင်သွားခဲ့သည်။ နီယွန်ရယ်..........
ဖြစ်နိုင်ရင်လေ  မင်းကိုဟိုးအဝေးကိုခေါ်ပြီး ဒီလောကကြီးထဲကနေ ထွက်သွားချင်လှပြီကွာ။ ငွေကြောင့်သာမဟုတ်ရင် ငါတို့ဒီလောကကြီးထဲကို ရောက်လာစရာ မလိုဘူး။
မင်းလဲ သိပ်မွန်းကြပ်နေမှာပဲနော်။
ငါတို့အတွက် အကောင်းဆုံးနေ့တစ်နေ့ ရောက်လာပါစေလို့ ငါဆုတောင်းပါတယ်ကွာ။

ယောကျာ်းလှကျွန်းWhere stories live. Discover now