အပိုင်း(၁၀)

4.7K 67 2
                                    

“ ​ယောကျာ်းလှကျွန်း ”
------ အပိုင်း(၁၀) ------

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

သံယောဇဉ်တစ်ခု စတင်တွယ်ကပ်လာပြီဆိုလျှင် လူကိုအလွန်အင်မတန်မှ မွန်းကြပ်စေသည်။ ယောက်ျားလေးတွေနှင့်ပဲ အထိအတွေ့များခဲ့သည့် နီယွန်က မိန်းမတစ်ယောက်ကို ချစ်ကြိုက်ရကောင်းမှန်း မသိတော့သည်လား။
ထိုမှမဟုတ် သူ့ကိုပဲ နီယွန်ကချစ်နေပြီလား။
နီယွန်ချစ်သည်က အကြောင်းမဟုတ်ပါ။
သူက နီယွန်ကိုချစ်နိုင်ပါ့မည်လား။ စိတ်ကူးယဉ်ဆန်သည့် ယောက်ျားအချင်းချင်းချစ်သည့် အချစ်မျိုးသူတစ်ခါမှ မချစ်ခဲ့ဖူးပါ။ သူဒီလောကကိုရောက်လာခဲ့သည်ကလဲ ငွေကြေးချို့တဲ့သည့် သူ့ဘဝ အခြေအနေကြောင့်သာဖြစ်သည်။ သို့ပေမယ့် နီယွန့်ကိုတော့ မုန်းတီးနေသည့် စိတ်မရှိပါ။ သူ့အပေါ်စိုးရိမ်နေသော နီယွန့်ကို ကြည့်ပြီး သူသနားသည်။

ချစ်ခြင်းအစ သနားခြင်းကတဲ့။
တကယ်လို့သူသာ နီယွန့်ကိုသနားနေမိတာမှန်လျှင် သူလဲ နီယွန့်ကို ကြိုက်နေပြီလားမသိပါ။ ဘာပဲဖြစ်ဖြစ် နီယွန်က သူကဘေးနားမှ အမြဲရှိနေသည့် အဖော်မွန်ကောင်း တစ်ယောက်မှန်းသူသိသည်။
ထို့အပြင် နီယွန့်ကျေးဇူးတွေလဲ သူ့မှာရှိနေသေးသည်။  
နီယွန်က သူ့ကိုကြိုက်သည်ဟု ဖွင့်ပြောလာခဲ့ရင်ကော။ သူမည်သို့ ဆုံးဖြတ်ရမည်နည်း။ ထူးဆန်းသည်က သူလဲယခုအချိန်ထိ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ ခြင်းမျိုးမရှိခဲ့ခြင်းပင်။ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး ကုတင်အောက်ထပ်ရှိ နီယွန့်ကို လှမ်းငုံ့ကြည့် လိုက်သည်။ နီယွန်ကတော့ ငြိမ်သက်စွာအိပ်ပျော်နေဟန်ရှိသည်။ ထို့နောက်စောင်ကိုခြုံကာ သူလဲ အိပ်ပျော်အောင် ကြိုးစားလိုက်၏။

“ဂီနို................”

အောက်မှ အသံထွက်လာသော နီယွန်ကြောင့် ခြုံထားသော စောင့်ကို သူပြန်လှန်လိုက်သည်။ ထို့နောက် အောက်ထပ်ကုတင်ကို ပြန်ငုံ့ကြည့်လိုက်၏။ နီယွန်ကသူ့ကို ဝိုင်းစက်နေသော မျက်လုံးလေးတွေ ဖြင့်ကြည့်နေသည်။ နီယွန့်မျက်လုံးတွေက ညိုရင့်နေပြီး ရွှန်းလက်နေ၏။

ယောကျာ်းလှကျွန်းDonde viven las historias. Descúbrelo ahora