Episode - 1
237 6 0
အနီ​ရောင်​​သွေးတစ်​စက်​ရဲ့ မာယာမျက်​နှာဖုံး
••••••••••••••••••••••••••
အပိုင်း ( ၁ )
                 Written by:Min De Par
                 •••••••••••••••••••••
''ကိုရှင်း .... ကျွန်​​တော်​တို့ ဘယ်​လိုလုပ်​ကြမလဲဟင်​!။အိမ်
ကညီတို့ကိစ္စကို သိသွားကြပြီ  ကိုရှင်းရဲ့၊ ညီရင်​မဆိုင်​ရဲဘူး...
အရမ်း​ကြောက်​တယ်​.......´´
''​သြော်​ညီရယ်​......ဒီ​လောက်​လည်း ​ကြောက်​မ​နေပါနဲ့၊ညီ့
အနားမှာ ကိုရှင်း တစ်​​ယောက်​လုံးရှိပါတယ်​၊ ညီနဲ့ ကိုယ်​တို့ကိစ္စ
ကို ညီ့အိမ်​က သိသွားကြသလို....ကိုရှင်းမိဘ​တွေလည်းသိ​နေကြပြီ....´´
       ခွဲခွာခြင်းကို ​ကြောက်​လန့်​​နေကြတဲ့ ရှင်းသန့်​နဲ့ သတိုး
အောင်​တို့ကို ​နွေ​နှောင်းသျှင်​ သူ ခပ်​​ဝေး​ဝေးမှ ​ငေးကြည့်​​နေမိ
သည်​က အမှန်​ပင်​။ ခဏတာ ​ငေးကြည့်​ပြီးတဲ့​နောက်​ ​နွေကိုယ်
တိုင်​ သူတို့နှစ်​​ယောက်​ အနားသို့ သွား​ရောက်​ပြီး....!
''ရှင်းသန့်​....!´´
လိုက်​တဲ့ သူ့အသံကြောင့် ရှင်းသန့်​ ​နွေ့ကို ​ငေးကြည့်​ရင်း..
''​နွေ​နှောင်း.....!´´
          ခပ်​တိုးတိုး​ရေရွတ်​လိုက်​တဲ့ သူ့နှုတ်​မှ အသံကြား
တော့ ​နွေ ရှင်းသန့်​ မျက်​နှာ​လေးကို ပြုံးရွှင်​စွာ ကြည့်​ရင်းပင်​..
''​နွေ​နှောင်း လာထိုင်​​လေ´´
        အင်းယားကန်​​ရေပြင်​က စိမ်းလန်းစို​ပြေလျှက်​ရှိသည်​။ ကန်​​ရေပြင်​အ​လျှောက်​ တိုက်​ခတ်​​နေတဲ့ ​လေ​ပြေနုနု​လေးကို​နွေ
ခံစား​နေရ​ပေမယ့်​ ​နွေ့ရင်​ထဲက ​အေးချမ်းမှုကို မသယ်​​ဆောင်​နိုင်​၊
ရင်​ခွင်​တစ်​စုံကို နင်းဖျက်​ခံခဲ့ရတဲ့ သူ့​ရှေ့​မှောက်​ အချစ်​တစ်​ခုအ
တွက်​နှင့်​ ဒူး​ထောက်​ရမည့်​ အ​လျှောက်​သာ.....!
လက်​က​လေးကို ဖမ်းဆုတ်​ရင်း ရှင်းသန့်​အနားသို့ သတိုးကိုထိုင်
ခိုင်းသည်​။ ဖြစ်​ခင်းတစ်​စုံကို ​ငေးကြည့်​​နေတဲ့ ​နွေ​နှောင်းက အ​ခြေအ​နေတစ်​ရပ်​အားလုံးငြိမ်​​အေးသည်​မို့ လွတ်​​နေတဲ့ ​နေရာ​လေး
တွင်​ ထိုင်​ရင်း ကန်​​ရေပြင်​ကို ​ငေးကြည့်​ခြင်းနှင့်​အတူ ရှင်းသန့်​ကို
ခပ်​တိုးတိုး​လေးပင်​ စကားဆိုသည်​။
အနီရောင် သွေးတစ်စက်ရဲ့ မာယာမျက်နှာဖုံးWhere stories live. Discover now