Final Part
90 6 0
အနီရောင် သွေးတစ်စက်ရဲ့ မာယာမျက်နှာဖုံး
……………………………………………………………………
အပိုင်း ( ၅ ) ဇာတ်သိမ်း
'ဟုတ်​တယ်​....ကျွန်​​တော်​ လုပ်​ခဲ့တာပဲ၊ အဲဒီ​နေ့က ကား
ဘရိတ်​ကို ဖြတ်​ခဲ့ကြတာဟာ ကျွန်​​တော်​တို့နှစ်​​ယောက်​ပဲ ၊ ကံ
ကောင်းတယ်​ ​ပြောရမလား၊ ကံဆိုးတယ်​ပဲ ​ပြောရမလား အဲဒီ
နေ့ ခင်​ဗျား မဖြစ်​ပဲ ရှင်းသန့်​ ခံလိုက်​ရတာ ကျွန်​​တော်​လည်းမ
တတ်​နိုင်​ဘူး​လေ......´´
''မင်းကငါ့.....ငါ့ကို.......´´
ပြုံး​လေးသာ ပြန်​​ငေးရင်း.....
''ဟုတ်​တယ်​ ခင်​ဗျားကို ​သေ​ကြောင်းကြံတာ ဘုန်းရှိန်​ထက်​နဲ့
ကျွန်​​တော်​ပဲ......´´
''ဘာ........!မင်း.......မင်း..........´´
       လတ်​တ​လော ကြားလိုက်​ရတဲ့ စကား​ကြောင့်​ ​ဒေါ
သစိတ်​​တွေ ​တောက်​​လောင်​လျှင်​ လှည့်​စားခံ​နေရတဲ့ သူ့မျက်​နှာ
ဖုံးကို မုန်းတီးစွာနှင့်​.......
''ဟာ.........ခွပ်​.......ဒုန်း........ဒုန်း..........´´
''အား.........အား............´´
''သတိုး...........​နွေ​နှောင်း............´´
           ရုတ်​တရတ်​​ဒေါသစိတ်​​ကြောင့်​ ​နွေ​နှောင်း သတိုးကို ​လှေကား ကလပ်​အ​ပေါ်မှ ​နေရင်း ထိုးနှက်​လိုက်​သည်​မို့ အရှိန်​လွန်​စွာ ​အောက်​သို့ သတိုး ပြုတ်​ကျမည်​ ပြုချိန်
ရမ်းသပ်​ ဆွဲဖမ်းလိုက်​တဲ့ သတိုး လက်​သည်​ က ​နွေလက်​ကို
ဖြစ်​သည်​။ ​နွေလည်း ရုတ်​တရတ်​ အရှိန်​​ကြောင့်​ အရှိန်​မထိန်း
နိုင်​စွာနှင့်​ နှစ်​​ယောက်​သား ​လှေကား ကလပ်​မှ ​​အောက်​သို့ ဒ
လိမ့်​ထိုး ​ဆောင့်​တိုက်​ကာ လိမ့်​ဆင်းသွား​တော့သည်​။ ထိုအဖြစ်
ခြင်းစုံရာကို ​လှေကား ထိတ်​မှ ကြမ်းပြင်​ တွင်​ လဲ​လျှောင်းရင်း
နား​ထောင်​ကာ မျက်​ရည်​ကျ​နေသည်​က ရှင်းသန့်​ ဖြစ်​သည်​။
       ရုတ်​တရတ်​ လိမ့်​ဆင်းကျသွားမှု​ကြောင့်​ ​အောက်​ထပ်
လှေကား ဝပ်​တွင်​ ​သွေးအလိမ့်​လိမ့်​ ထွက်​ကာ လဲ​လျှောင်း​နေ
ကြသည်​က သတိုး​အောင်​ နှင့်​ ​နွေ​နှောင်းသျှင်​ဖြစ်​သည်​။ ရှင်း
သန့်​ ထိုဖြစ်​ခြင်းကို ​ငေးကြည့်​ရင်း...နှုတ်​မှ......
''​နွေ​နှောင်း.......သတိုး........အား.......´´
       အတုန်​ကယင်​ ခါး​အောက်​ပိုင်းကို အတင်း​ရွှေ့ကာ
အောက်​ထပ်​သို့ ဆင်းရန်​ပြင်​ဆင်​လိုက်​ချိန်​ အရှိန်​မထိန်းနိုင်​စွာနှင့်
ရှင်းသန့်​ ​လှေကား ကလပ်​ အ​ရောက်​တွင်​......!
''ဒုန်း............အွပ်​.....အွပ်​.....´´
         ''ရှင်းသန့်​..............´´
တွတ်​​ခေါ်ကာ ​အောက်​ထပ်​သို့ ​ငေးကြည့်​​နေ​သည့်​ ရှင်းသန့်​ကို
နွေ​နှောင်း လည်း မတ်​တတ်​ရပ်​ မရနိုင်​​တော့သည့်​ ခန္ဒာကိုယ်
လေးကို အတင်းဆွဲယူကာ ရှင်းသန့်​ ထံ အ​ရောက်​ကြိုးစားရင်း
.................!
'' ရှင်းသန့်​ ......၊  တကယ်​​တော့ အချစ်​ဆိုတာ ရယူ
ပိုင်​ဆိုင်​ခြင်းလို့ မင်းထင်​လား......?´´
''ငါမထင်​ဘူး....​နွေ​နှောင်း.....၊ အချစ်​ဆိုတာ ​ပေးဆပ်
ခြင်းပါ´´
''မင်း​နောင်​တရ​နေတာလား ရှင်းသန့်​......´´
''ဟင့်​အင်း.....ငါ​နောင်​တမရပါဘူး​နွေ​နှောင်း.....´´
''ဘာအတွက်​လဲ.........´´
''ငါ့ရဲ့​နောက်​ဆုံးထွက်​သက်​ကို ငါချစ်​တဲ့ သူနဲ့ ​တွေ့ခဲ့ရလို့​ပေါ့၊
မင်း​ကော ​နောင်​တက​သေးလား.....´´
''မရပါဘူး ရှင်းသန့်​´´
''ဘာလို့လဲ.....​နွေ​နှောင်း......!´´
''ငါ့ရဲ့​နောက်​ဆုံးထွက်​သက်​ထိ ငါ​ပေးဆပ်​ခြင်းနဲ့ ချစ်​ခဲ့ရလို့​ပေါ့´´
''​နွေ​နှောင်း .....ငါတို့ ​နောက်​ဘဝသာ ရှိခဲ့မယ်​ဆိုလျှင်​´´
''ထပ်​တူ ပါပဲ ......ရှင်းသန့်​ရယ်​.........´´
ကား ကလပ်​မှ ရှင်းသန့်​ သည်​ ​အောက်​ထပ်​​လှေကားဝပ်​မှ အ
တင်းရုန်းကန်​ တက်​လှမ်း​နေတဲ့ ​နွေ​နှောင်းသျှင်​ကို တွဲမြဲမည့်​လက်
တစ်​စုံကို ကမ်း​ပေး​နေသလို ​အောက်​ထပ်​ ​လှေကားဝပ်​မှ ​နွေ
နှောင်းလည်း ရှင်းသန့်​ လက်​ကို အမှီကိုင်​တွယ်​နိုင်​ရန်​ကြိုးစားရင်း
ဒီသံသာရာ စက်​ဝိုင်း အပြင်​သို့ ပြုံးရွှင်​စွာ နှုတ်​ဆက်​ထွက်​ခွာ
သွား​တော့သည်​။
'တကယ်​​တော့ အချစ်​ဆိုတာ ရယူပိုင်​ဆိုင်​ခြင်းလည်း မဟုတ်​သ
လို ​ပေးဆပ်​ခြင်းသည်​လည်း မဟုတ်​၊ နားလည်​ ​ပေးနိုင်​ခြင်း
သည်​သာ အချစ်​စစ်​ရဲ့. တန်​ဘိုး ဟု သုံးသပ်​လျှက်​.......................။
ပြီးပါပြီ။
            ဆက်​လက်​ကြိုးစားပါဦးမည်​-
                             မင်းဒီပါ။
{1:22pm- 19-7-2017-WEDNESDAY}
You've reached the end of published parts.
⏰ Last updated: Jan 10, 2018 ⏰
Add this story to your Library to get notified about new parts!
အနီရောင် သွေးတစ်စက်ရဲ့ မာယာမျက်နှာဖုံးWhere stories live. Discover now