Episode-4
46 5 0
အနီရောင်သွေးတစ်စက်ရဲ့ မာယာမျက်နှာဖုံး
…………………………………………………………………………
အပိုင်း ( ၄ )
           ~~~~~~~~~~~~~~~~~~~~~~~
''သား​နွေ​နှောင်း၊ ဒီ​နေ့ သားသူငယ်​ချင်းတို့အိမ်​ကို မသွားဘူး
လား...........´´
''သွားမှာပါ ​မေ​မေ၊ ခု နည်းနည်း ​စော​နေသလားလို့´´
''​အေးကွယ်​....​မေ​မေလည်း သူတို့ကို ကြည့်​ရတာ စိတ်​မ
ချမ်းသာဘူး၊ သား​လေး ရှင်းသန့်​ ​ကော သက်​သာရဲ့လား´´
''ရှင်းသန့်​က​တော့ ပုံမှန်​ အတိုင်းပါပဲ​မေ​မေ၊ ​အောက်​ပိုင်း ​သေ
သွားတာ ဆို​တော့ ချက်​ချင်း​တော့ ဘယ်​​ကောင်းပါ့မလဲ၊ အချိန်
ပေးရတာ​ပေါ့......´´
''သားလည်း သူတို့​တွေကို ​သေချာ ဂရုစိုက်​ပါကွယ်​၊ သူတို့က
သားကို အားကိုးပြီး ​နေ​နေရတာ ဆို​တော့ သားတာဝန်​ကိုသား
ကျေပွန်​​အောင်​ ​တော့ လုပ်​​ပေး​နော်​´´
''ဟုတ်​ကဲ့ပါ ​မေ​မေရယ်​....သား​သေချာ ဂရုစိုက်​ပါတယ်​´´
''ခု​ခေတ်​ က​လေး​တွေက မလွယ်​ဘူး​ဟယ်​၊ မိဘနဲ့ စကားများ
တာ​တောင်​ အိမ်​က ဆင်း​ပြေးတဲ့ အထိလုပ်​ရတယ်​လို့ ´´
လူငယ်​​တွေကို အပြစ်​ဆိုဖွဲ့​နေသည်​။ အမှန်​တကယ်​ အဖြစ်​​တွေ
ကို သိရင်​ ​မေ​မေ လက်​မခံ နိုင်​မှာ စိုးပြီး ရှင်းသန့်​ နှင့်​ သတိုး
အောင်​ တို့ သည်​ အိမ်​မှာ ပြသာနာ ဖြစ်​ပြီး အိမ်​​ပေါ်က ဆင်း
ပြေးလာခဲ့တာလို့ပင်​ ​မေ​မေ့ကို ​ပြောထားရသည်​။ ​မေ​မေက​တော့
သ​ဘောထားကြီးစွာ လက်​ခံ ထား​ပေမယ့်​ တစ်​​နေ့ အဖြစ်​မှန်​ကို
သိသွားခဲ့မည်​ ဆိုလျှင်​..............
''ကဲသား....​ရော့ ​၊ ​မေ​မေ သား​လေး ရှင်းသန့်​ အတွက်
ကြက်​စွပ်​ပြုတ်​ လုပ်​​ပေးထားတယ်​၊ သူ့ကို သွား​ကျွေးလိုက်​ဦး´´
''ဟုတ်​ကဲ့ ​မေ​မေ၊ သားခုပဲ သွားပို့လိုက်​ပါ့မယ်​´´
''​သြော်​သား......၊ဒါနဲ့ သားသွားမယ်​ဆိုရင်​​လေ ကံလှက
မောင်​ စိုးထိုက်​ဆီ ခဏဝင်​သွားဦး၊ သူက သားနဲ့​တွေ့ချင်​တယ်
ဆိုပြီး ​ဈေးမှာ ​ပြောသွားလို့.........´´
''​သြော်​....ဟုတ်​ကဲ့​မေ​မေ၊ သား ရှင်းသန့်​ဆီသွားရင်းတစ်
ပါတည်း ဝင်​​တွေ့လိုက်​မယ်​´´
''​အေ​အေ............´´
အနီရောင် သွေးတစ်စက်ရဲ့ မာယာမျက်နှာဖုံးWhere stories live. Discover now