Episode - 2

59 5 0
                                    

-အနီရောင် သွေးတစ်စက်ရဲ့ မာယာမျက်နှာဖုံး
…………………………………………………………………………
အပိုင်း ( ၂ )

''ရှင်းသန့်​........´´

           စိတ်​တို​နေသည့်​ အသံနှင့်​​ခေါ်လိုက်​​တော့ရှင်း
သန့်​ ​နွေ​နှောင်းကို အ​အေး​သောက်​​နေရင်း ​ငေးကြည့်​လာခဲ့သည်​။

''ဟာ....​နွေ​နှောင်းထိုင်​​လေ.....´´

        ရှင်းသန့်​ ဧည့်​ခံသည်​မို့ ​နွေ​နှောင်း ရှင်းသန့်​ကိုမျက်
မှုကုတ်​ရင်း စားပွဲထဲ၌ဝင်​ထိုင်​လိုက်​သည်​။

''ဆိုစမ်းပါဦး....ဒါကဘာသ​ဘောလဲ၊ မင်းခုတ​လောငါ့ကို
ရှောင်​ဖယ်​​ရှောင်​ဖယ်​ လုပ်​​နေတာ သိပ်​များပြီ​နော်​....ငါမင်းမ
ကျေနပ်​​အောင်​ ဘာများလုပ်​ထားလို့လဲ​ပြော´´
''မဟုတ်​ရပါ ​နွေ​နှောင်းရာ....ငါကမင်းကို ဘာမ​ကျေနပ်​စရာ
ရှိမှာလည်း´´
''ခုပဲကြည့်​လေ....အတန်းချိန်​လွတ်​တာ​တောင်​မင်းငါ့ကို မ​ခေါ်ပဲ တစ်​​ယောက်​တည်း ထွက်​သွားတာ၊ မင်းအခုလို လုပ်​​နေ
တာ ဟိုအ​ကောင်​​ရောက်​ကတည်းက​နော်​၊ ငါသိ​နေတယ်​ရှင်းသန့်​´´
''မဟုတ်​ပါ ​နွေ​နှောင်းရာ....မင်းစိတ်​ထင်​​နေလို့ပါ´´
''မ​ပြောလိုက်​လျင်​ဘူး´´

        ဆိုပြီး ​နွေ​နှောင်း ရှင်းသန့်​ကို ဘာမှဆက်​မ​ပြော
တော့ပဲ အ​အေးခွက်​ကိုသာ ကိုင်​​သောက်​လိုက်​သည်​။

''​သြော်​....ညီ၊ လာဒီမှာထိုင်​​လေ.....´´

        ရှင်းသန့်​ နှုတ်​က ​ပြောဆိုရင်း ပြာပြာသလဲ ဖြစ်​​နေ
တာမြင်​​တော့ ​နွေ​နှောင်း ရှင်းသန့်​ မျက်​ဝန်းကို တစ်​ချက်​​ငေး
ကြည့်​လိုက်​​တော့ သူ့မျက်​ဝန်းတစ်​စုံက ​နွေ​နှောင်း ​ရဲ့ ​နောက်
ကျောဘက်​ကို ရည်​ညွှန်း​နေတာ မြင်​သည်​မို့ ​နွေ​နှောင်းအ​နောက်
သို့ တစ်​ချက်​ ​ငေးကြည့်​လိုက်​သည်​။

''​သြော်​.....သတိုး၊ လာထိုင်​​လေ.....´´

        စိတ်​က ရှင်းသန့်​ နဲ့ နှစ်​​ယောက်​တည်း အတူတူရှိ
နေချင်​ခဲ့​ပေမယ့်​ မာန်​ကို ဟန်​ပြုကာ ဧည့်​ဝတ်​​ကျေပွန်​သည်​ကိုရှင်း
သန့်​ သိမည်​မဟုတ်​ပါ၊ တစ်​ဘက်​သတ်​အချစ်​က ပူ​လောင်​လွန်း
သည်​။ တစ်​ချိန်​က သူနဲ့ပတ်​သတ်​သမျှ အရာအားလုံးကို ပိုင်​ဆိုင်
ခဲ့တဲ့ ဘုရင်​တစ်​ပါးလို ​နေထိုင်​ခဲ့ရသ​လောက်​ အခုအချိန်​မှာ ခွဲ​ဝေ
ဆုံးရှုံးလိုက်​ရသည်​။ ဒါ​တွေဟာ သတိုး​အောင်​ ဆိုတဲ့ ​ကောင်
လေးတစ်​​ယောက်​​ကြောင့်​ ​နွေ​နှောင်းသျှင်​ ဘဝ နစ်​မွန်းသွားခြင်း
ပင်​ဖြစ်​သည်​။

အနီရောင် သွေးတစ်စက်ရဲ့ မာယာမျက်နှာဖုံးWhere stories live. Discover now