*Part 1*

1.8K 133 2
                                    

'I give my first love to you' Part 1

ကြီးမားတဲ့ Seoulမြို့ရဲ့ ဆေးရုံက အခန်းတစ်ခန်းထဲမှာ ရှိနေတဲ့ ၇နှစ်အရွယ်ကောင်လေးနှစ်ယောက်
နားရွက်ကားကားလေးတွေ ပိုင်ဆိုင်ထားတဲ့ကောင်လေးကို
မျက်လုံးပြူးပြူးနဲ့ အသည်းပုံနှုတ်ခမ်းလေးနဲ့ ကောင်လေးက ဆရာဝန်တွေသုံးတဲ့နားကျပ်တဲ့ နှလုံးခုန်သံကိုနားထောင်နေပါတယ်

Kyungsoo : Chanyeol ငြိမ်ငြိမ်နေကွာ ငါနားထောင်လို့မရဘူး

Chanyeol : မင်းကဆရာဝန်မှမဟုတ်တာ နားထောင်လို့ရပါ့မလား

Kyungsoo : အဲလောက်အထင်မသေးပါနဲ့ ငါ့အဖေဆေးကုတုန်းက ငါသေချာကြည့်ထားပါတယ်
ခဏ မင်းရဲ့နှလုံးခုန်သံမြန်နေတယ်

Chanyeol : ဟုတ်လား

Kyungsoo : ဟုတ်တယ်

ရုတ်တရတ် သူတို့ရှိနေတဲ့ အခန်းရဲ့ပြတင်းပေါက်ကနေ အလင်းရောင်တွေထွက်လာတာမို့ ကြည့်လိုက်တော့ မီးရှူးမီးပန်းတွေ ဖောက်နေတာကိုကြည့်နေတုန်း
Kyungsooရဲ့လက်ကို ဆွဲကာ အခန်းပြင်ကိုထွက်ပြီး ဆေးရုံခေါင်မိုးပေါ်သွားနေတဲ့Chanyeol

Kyungsoo : ဘယ်သွားမလို့လဲ Chanyeol

Chanyeol : မီးပန်းဖောက်တာ သွားကြည့်မယ်

Kyungsoo : Wow အရမ်းလှတာပဲ

Chanyeol : ငါOmmaတို့ကိုပါသွားခေါ်လိုက်ဦးမယ်

အောပ်ထပ်ပြန်ဆင်းလာပြီး အခန်းတစ်ခန်းရှေ့အရောက်မှာ ငိုနေတဲ့Ommaရဲ့အသံကိုကြားရပါတယ်
အခန်းထဲမဝင်ဘဲ ဟနေတဲ့တံခါးပေါက်ကနေလှမ်းကြည့်လိုက်တော့
Kyungsooရဲ့အဖေ Dr.Wu Krisနဲ့ သူ့ရဲ့ Appa Xingနဲ့ Omma Suhoတို့ထိုင်စကားပြောနေပါတယ်
ငိုနေတဲ့Ommaရဲ့ပုခုံးကိုဖက်ထားပေးပြီး Appaရဲ့မျက်နှာမှာ ဝမ်းနည်းနေတဲ့မျက်ဝန်းတွေ

Kris : သူ့ကို အစစအရာရာဂရုစိုက်ပေးပါ သူ့ရဲ့နှလုံးက မွေးလာတည်းက အားနည်းနေတာ အခုအခြေအနေက

Suho : သားလေးကို ကယ်ပေးလို့မရဘူးလား

Xing : Kris ငါတို့ကိုအားမနာပါနဲ့ ပြောပြပေးပါ သားလေးရဲ့သက်တမ်းက ဘယ်လောက်နေနိုင်မှာလဲ

Suho : Xing

Kris : သူ့အသက်၂၀မကျော်ဘူးXing ဒီကြားထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ မောပန်းရမယ့်အားကစားတွေ ဝမ်းနည်းစရာတွေကို မကြုံပါစေနဲ့ သူ့ရှေ့မှာ မငိုပါနဲ့ သူ့ရဲ့ကျန်တဲ့ သက်တမ်းမှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်တယ်

❤I give my first love to you❤Where stories live. Discover now