'I give my first love to you' part 3
ညဘက်မိုးချုပ်တဲ့အထိ Chanyeolစောင့်နေပေမယ့် Kyungsooရောက်မလာခဲ့ပါဘူး
သူအပြင်ထွက်ပြီး စောင့်ကြည့်တော့
သူတို့နဲ့ uniformတူတဲ့ ကျောင်းသားလေးတွေ ဆေးရုံလာတာတွေ့ရပါတယ်'မဟုတ်သေးပါဘူး ငါ့ကိုလာကြည့်တာလည်းမဖြစ်နိုင်ဘူး'
'ဒါမှမဟုတ် Kyungsoo . . . .'စိုးရိမ်စိတ်နဲ့ သူများရောက်နေမလားဆိုတဲ့အတွေးနဲ့ သူ့အခန်းဆီပြန်လာခဲ့ပါတယ်
အခန်းထဲမှာ သူ့ကိုကျောပေးပြီး မတ်တပ်ရပ်နေတဲ့Kyungsoo
အနောက်ကနေသူ့ခါးကိုဖက်လိုက်တာ သူ့ရဲ့ပုခုံးပေါ်မေးတင်ပြီး-
Chanyeol : ငါစိတ်ပူနေတာ မင်းတစ်ခုခုဖြစ်နေတယ်ထင်တာ
Kyungsoo : ငါဘာမှမဖြစ်ပါဘူး
Chanyeol : ငါ့အတွက်အလှူရှင်ရပြီတဲ့Kyungsoo
Kyungsoo : Appaပြောလို့ငါသိပြီးပြီ
Chanyeol : မင်းပုံစံကြီးကလည်း ပျော်တဲ့ပုံမပေါက်ဘူး
Kyungsoo : ငါစိုးရိမ်လို့
Chanyeol : ဘာကိုလဲ
Kyungsoo : ဘာမှမဟုတ်တော့ပါဘူး မင်းညစာစားပြီးပြီလား
Chanyeol : မစားရသေးဘူး
Kyungsoo : အဝတ်အစားလဲလိုက် သွားကြမယ်
- - - - - - - - - - - - - - ;
ချယ်ရီပန်းပင်တွေကြားထဲမှာ ရှိတဲ့စားသောက်ဆိုင်Chanyeol : Wow လှလိုက်တာ မင်း ဒီဆိုင်ကိုဘယ်လိုသိတာလဲ
Kyungsoo : Sakuraပဲလေ ဒီနားမှာ သူတို့ရိုးရာဂျပန်အစားအစာရောင်းတဲ့ဆိုင်ရှိတယ်ဆိုလို့
Chanyeol : အော် ဟုတ်လား Kyungsoo
သူMenuကြည့်နေရင်း ကျွန်တော့်ကိုမော့ကြည့်လာပါတယ်
Kyungsoo : ဘာလဲ Chanyeol
Chanyeol : ငါ့ကိုနှလုံးပေးခဲ့တဲ့အလှူရှင်က ဘယ်သူလဲသိလား
Kyungsoo : မသိပါဘူး ကောင်လေးတစ်ယောက်တဲ့ ရထားတိုက်ပြီးဆုံးသွားတာ
သူကအခုComaဖြစ်နေတာ
အခြေအနေမကောင်းဘူး
သူ့အသက်၁၈ပြည့်တည်းက ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဆေးရုံမှာလှူခဲ့တာ သူအဲလိုဖြစ်တော့ နှလုံးကိုလိုအပ်တဲ့မင်းကိုပေးဖို့ Drတွေဆုံးဖြတ်ခဲ့တာ သူ့အိမ်ကလည်းသဘောတူတယ်လေ
YOU ARE READING
❤I give my first love to you❤
Romance'ကျွန်တော်တို့ရဲ့ ချစ်ခြင်းဟာ အချိန်အကန့်အသတ်နဲ့ပါ' 'ရှင်သန်နေရတာ တကယ်ဝမ်းနည်းဖို့ကောင်းတယ်' *Japanese movieကိုCS versionပြန်ရေးထားတာပါ*