❤Valentine Day Present❤

927 100 1
                                    

❤Because you loved me❤

❤ဒီနေ့က ချစ်သူတွေရဲ့ အထိမ်းအမှတ်နေ့

❤ဒါပေမယ့် သူနဲ့ ကျွန်တော်ရဲ့ ရင်ထဲမှာတော့ အတူဖြတ်သန်းခဲ့တဲ့နေ့တိုင်းဟာ တန်ဖိုးရှိတဲ့ နေ့ရက်တွေ

'ချစ်တယ်'ဆိုတဲ့ စကားရဲ့ လေးနက်မှုကို လူသားတွေဟာ ယူဆချက်အမျိုးမျိုး ခံစားချက်အမျိုးမျိုးနဲ့ ဖော်ပြကြတယ်
နားလည်ပေးမှု တန်ဖိုးထားချစ်ခင်မှုတွေလည်း လိုအပ်တယ်လို့ဆိုကြတယ်

ကျွန်တော်တို့ကရော .  .  .  ?

Idolတစ်ယောက် မဖြစ်ခင် Debutမလုပ်ပေးခင်တည်းက ဖြစ်တည်လာခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက်ကြား တနည်းအားဖြင့် Park Chanyeol နဲ့ Doh Kyungsooဆိုတဲ့ လူသား၂ဦးကြားက သာမန်မဟုတ်တဲ့ relationship

ဝမ်းနည်းမှုတွေ ခက်ခဲမှုတွေ ကြုံတွေ့နေရရင်တောင် တခြားသူတွေ မမြင်အောင် ဖုံးကွယ်နေတတ်တဲ့သူ

Memberတွေအားလုံးအပေါ် နွေးထွေးစွာ ဂရုစိုက်ဆက်ဆံသူ

Movieတွေဆက်တိုက်ရိုက်နေရတာကြောင့် တချို့ပွဲတွေတောင် သူမလိုက်နိုင်အားခဲ့

တစ်ခါတစ်လေ memberတွေနဲ့အတူ airportမဆင်းရဘဲ တစ်ယောက်တည်းလိုက်လာရတဲ့ အခါတွေလည်းရှိတယ်

Elyxion D2 ပြီးပြီးချင်း 
ငယ်လေးနဲ့ ပြန်သွားတယ်ဆိုလို့ တော်သေးတယ်လို့ တွေးနေမိတာ memberအဖော်မပါဘဲ တစ်ယောက်တည်း ပြန်သွားမှာ စိုးရိမ်နေခဲ့တာ

D1 D2 နှစ်ရက်လုံး ပြုံးပျော်နေတဲ့ သူ့ရဲ့ ပုံစံလေးမြင်ရတော့ အပျော်တွေပါ ကိုယ့်ဆီကူးစက်လာသလို ခံစားရတယ်

Confettiကြိုးတွေနဲ့ ကျွန်တော့်ကို လာလာစနေသေးတာ

Dorm ပြန်ရောက်တော့ သူ့မတွေ့လို့ manager hyungကိုမေးကြည့်တော့ Swing Kids Movieအတွက်သွားနေတယ်တဲ့

ငယ်လေးကလည်း သူ့ဇာတ်ကားအတွက် လိုအပ်တဲ့ Trainingဆင်းနေရတယ်

သူ့ကိုလွမ်းတဲ့စိတ်နဲ့ပဲ အခန်းထဲမှာပဲ အရင်က အကြောင်းတွေ ပြန်စဉ်းစားရင်း အချိန်ကုန်ခဲ့တယ်

အခန်းထဲ Chen Hyungဝင်လာတာကြောင့် တွေးလက်စရပ်သွားတယ်

'Chanyeol အပြင်မသွားဘူးလား Scheduleလည်းမရှိဘူးမလား'

❤I give my first love to you❤Where stories live. Discover now