ပိစိကွေး.. .
ပိစိကွေး.. .
ပိစိကွေး...
ဆိုတဲ့ နာမ်စားလေးနှင့် ကျနော့် OhSeHunအသံလေးဟာ ကျနော့်နားထဲပဲ့တင်ထပ်နေပါသည်...
မှားစရာရှားလို့ တိုက်တိုက်ဆိုင်ဆိုင် ဒဲ့ကြီးကို ကျနော်မှားခဲ့သည်...
ပြန်မတွေးရဲလောက်အောင်ခြောက်ခြားစရာအကောငိးသား...
ကျနော့် အသဲအသက်နုနုထွဋ်ထွဉ်လေးအား ကျနော် လက်ဖြင့် ကိုယ်ထိလက်ရောက် ကိုယ်တိုင်ရိုက်နှက်ခဲ့သည်တဲ့...
အီး ဟီး...
Luhan ဆိုတာ တကယ်သေသင့်တာ...ခေါင်းအုံးပေါ် မျက်နှာအပ်ကာ တအီးဟီး ငိုချလိုက်သည်...
ပြီးတော့လေ ကျနော်ကိုယ်တိုင်ကပဲ သူ့ရဲ့ရေကူးနေတဲ့ vidကို သူ့ဆီကနေ တောင်းယူခဲ့မိသည်...
Luhan ဆိုတာ မျက်နှာပြောင်တယ်လို့ပဲ သူထင်ချင်တိုင်းထင်သွားလို့ရသည်ပေါ့...သွားပါပြီ...သွားပြီ...အီး ဟီး...
ဒါပေမယ့် ကျနော်တောင်းတဲ့ သူ့vidကို သူကိုယ်တိုင်ကပဲပေးခဲ့တယ် ဆိုတာကကော...
ခေါင်းအုံးမှာ အပ်ထားတဲ့ မျက်နှာကိုခွာလိုက်ရင်း အိပ်ယာပေါ်ငုတ်တုတ်ထိုင်လိုက်သည်...
ပါးပြင်တလျှောက်က မျက်ရည်တွေကို သုတ်လိုက်မိသေးသည်...
ဒါကကျကော...သိသိရက်နဲ့ Service ပေးခဲ့တာမျိုး...အူလှိုက်အသည်းလှိုက် ပျော်လွန်းပြီး ရင်တွေကစုံပေါက် တအားနင်း ခုန်အောင်အထိ uniထိရောက်လာကာ သူကပြုစားသွားသေးသည်ကလည်း ကျနော့်အသက်မပျောက်တာ ကံကောင်း...
မူးမေ့လဲသွားအောင်အထိ ကျနော့် ကို ကျနော့် OhSeHunကပြုစားကာ ထားသွားခဲ့သည်က အဲ့ဒီမျက်မှန်လေးပေးပြီးတဲ့နေ့ကစလို့ ဒီနေ့အထိဆိုလျှင် လေးပတ်ကျော်ခဲ့ပြီ...မကြာခင်တစ်လပြည့်တော့မည်...
သူ၏ Service အကြောင်းလေးတွေးကာ ကြည်နူးမလိုဖြစ်သွားရတဲ့ ကျနော့်စိတ်လေးက ဟက်ကော့ကြီးထားသွားကာ ပြန်မဆက်သွယ်လာသည့် သူ့အကြောင်းတွေးလိုက်မိသည်မို့ ဝမ်းနည်းသလို ခိုးလို့ ခုလု ဖြစ်သွားရပြန်လျက်...