~Unfair~
ကောင်းကင် ကြီးမှာ တိမ်တွေကင်းစင်နေလိုက်ပုံက...အပြာရောင် တောက်တောက်ကသာ တပြင်လုံးဖြစ်နေတာ...
နေမင်းကြီးက ကြဲကြဲတောက်...နေရောင်ခြည်တွေက အတအဆီးမရှိ ဖြာကျနေပေမယ့်လေ...
ဆောင်းဥရာသီ ဖြစ်တာမို့...အအေးဓာတ်ကအုပ်မိုးေံပးထားလို့..
အရာရာဟာသေသပ်ပိရိစွာ...နေလို့ကောင်းအောင် သာယာနေတယ်...ပြတင်းပေါက်ကိုဖွင့်ပြီး...မနက်ခင်းရဲ့ကောင်းကင်ကြီးကို မော့ကြည့်ရင်း...နေရောင်ခြည်တွေကို ထိတွေ့ရင်း...မျက်လုံးကိုမှိတ်နေရာမှ...အပျော်ရွှင်ဆုံး...ရင်အခုန်ဆုံး...အပြုံးတစ်ခုကို လှိုက်လှိုက်လှဲလှဲနဲ့ အလိုအလျောက်ပြုံးနေမိတယ်...
ဘာလို့လဲ...အလှပဆုံးအကြောင်းပြချက်လေးရှိတာပေါ့လို့...အဲ့ဒါ ဒီနေ့က ကျနော်တို့ချစ်သူနှစ်ယောက်ရဲ့သုံးနှစ်ပြည့် Anniversary လေ... 20.12.2017
ပြုံးဖို့...ပျော်ဖို့...ရင်ခုန်ဖို့...လျှောက်လည်ဖို့...ကြည်နူးဖို့...အဖြစ်သည်းဖို့...အဟိ~အဟက်...အဲ့အကြောင်းပြချက်နဲ့ဆိုလုံလောက်ပြီမဟုတ်လားနော့...
လက်ထဲဖက်ထားမိတဲ့ ဖက်လုံးကို သူ့အမှတ်နဲ့ အားရပါးရထိဖက်ကာ နမ်းရှုံ့ကိုက်ဆွဲပစ်လိုက်မိလိုက်သေးတယ်...
အဟဲ...အာသာဖြေတာယ်ဆိုတာမျိုး...မွ မွ..."ငုံးသား! ပြတင်းပေါက် ပိတ်လိုက်စမ်းဟ"
ဝူးတူးဝါးတားပေမယ့် စူးခနဲတချက် အော်ပြောသံနဲ့အတူ...အားပါတဲ့အရှိန်နဲ့ခေါင်းဦးတစ်လုံးကပါ...ကျနော့်နောက်စေ့ဆီတည့်တည့်...
"ဘာလို့လဲကွာ...ဒီမှာ ဖီးလ်တွေငုပ်ကုန်ပြီနော် ZiTao"
ဘုကြည့်ကြည့်ရင်းက မူးဝေသွားတဲ့ကိုယ့်ခေါင်းကိုကိုင်ရင်း သာသနာဖျက်ကောင်ကိုပြန်ဖြေမိတော့...စောင်ပုံထဲက ချက်ချင်းထလာပြီး...တခါးကိုအမြန်လာပိတ်ကာ...ကျနော့်ကိုပုခုံးပေါ်ထမ်း...အိပ်ရာပေါ်ပစ်ချပြီး သမတော့တယ်...