Chapter - 1

17.5K 824 11
                                    

●●●Zawgyi●●●

တက္ကသိုလ်​​ကျောင်းဝင်းအတွင်း ​ကျောင်းသား ​ကျောင်းသူများစွာ စာ​ပေများကို လက်​ဆင့်​ကမ်းယူရန်​ တက်​ညီလက်​ညီ ​လျှောက်​လာကြ​တော့သည်​။

"​ဟေ့ အ​ရှေ့ကမြန်​မြန်​ဖယ်​​ပေး .... ​ငေးမ​နေနဲ့ ကိုယ်​သွားမယ့်​လမ်းကို ကြည့်​ဦး"

ကောင်​မ​လေး​ချော​ချော​လေးတစ်​​ယောက်​​လောက်​ ​တွေ့မလားလို့ ရှာရင်း လမ်း​လျှောက်​​နေရာက အ​နောက်​မှအတိုက်​ခံလိုက်​ရပြီး ထိုလူ​အော်​ခြင်းကို ခံလိုက်​ရသည်​။

"အား !!!! အဲဒါ ကီရီဟာရာ ပဲ !!!!"

"သူက အရမ်း​ချောတာပဲ​နော်​"

စော​စောစီးစီး စိတ်​မကြည်​ရသည့်​ကြားမှ ဘလိုင်းကြီး ​အော်​ခံလိုက်​​တော့ ထို​ကောင်​​လေး တင်းသွား​တော့သည်​။

"ဒီလူ ဘာဖြစ်​တာလဲ ငါ့ကိုများ လမ်းဖယ်​တဲ့ !!!! သူကပဲ ငါ့ကို မ​ရှောင်​ဘဲ တိုက်​သွားပြီး​တော့ !!!!"

"ဟား ဟား ဟား ကိုရှီရို စိတ်​ထိန်းပါကွာ.... ​ကောင်​မ​လေးချိန်​တာ ရှုံးပြန်​ပြီလား"

"မ​တွေ့ဘူးလား တယ်​စုရာ .... မင်းညီဝမ်းကွဲက ​တော်​​တော်​အ​နှောင့်​အယှက်​​ပေးတာပဲ"

"ကီရီဟာရာ က ဒီတိုင်းဖြတ်​​လျှောက်​သွားရင်​​တောင်​ မိန်းက​လေး​တွေ လိုက်​ကြည့်​ကြတာပဲ​လေ"

"​သေစမ်း !!!! ငါ အချစ်​ရှာ​တွေ့ဖို့က ဘာ​တွေမှား​နေလို့လဲ"

"ငါထင်​တာ​တော့ အားလုံးဖြစ်​​နေမလား"

တယ်​စုရာ ​ပြောလိုက်​​တော့ ကိုရှီရို ​မျက်​​ထောင့်​ဖြင့်​ ကြည့်​​လေသည်​။

"သူက Tokai (​တောင်​အာဖရိကတွင်​ရှိ​သော မြို့) မှာ​မွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာတာ​လေ အဲဒါ​ကြောင့်​ ရုပ်​ရည်​ကွဲပြီး ကြည့်​​ကောင်း​နေတာ​ပေါ့ .... မင်းက​တော့ ဂျပန်​နိုင်​ငံသားပီပီ ဂျပန်​ရုပ်​နဲ့ဆို​တော့ မင်းတို့က ​ခေါင်းစ​ခြေဆုံး မတူကြဘူး​ပေါ့"

"တယ်​စုရာ ငါ ဆုံးဖြတ်​ထားပြီးပြီ ငါ ​Popular ဖြစ်​လာ​စေရမယ်​"

Love Me BabyWhere stories live. Discover now