Chapter - 3

6.8K 625 8
                                    

●●●Zawgyi●●●

နဂိုထက်​ပို၍ ရွာသွန်းလာ​သောမိုးများမှာ ရပ်​စဲသွားမည့်​အသွင်​မဟုတ်​​ကြောင်း ပြသ​နေသည်​။

'Dumb.... dumb.... dumb....'

ကိုရှီရို အ​တွေး​​ပေါင်းများစွာကို ​တွေး​တော​နေသည်​။ မိုးခိုရန်​အတွက်​ ကီရီဟာရာ နှင့်​ Love Hotel သို့ ​ရောက်​လာရသည်​။

"ဟ...ဟတ်​ချိုး !!! အာ... အဝတ်​လဲမှပဲ ဖျား​နေမှ ဒုက္ခဖြစ်​ဦးမယ်​"

ကိုရှီရို အဝတ်​လဲပြီးသည်​နှင့်​ ကုတင်​​ပေါ်လှဲချလိုက်​သည်​။

"ဘာမှမဖြစ်​နိုင်​ပါဘူး​နော်​.... ဟာ ဖြစ်​ဖြစ်​မဖြစ်​ဖြစ်​ မသိ​တော့ဘူးကွာ .... ပင်​ပန်းလိုက်​တာ" ​ပြောပြီး ကိုရှီရို အိပ်​​မောကျသွား​တော့သည်​။

ကီရီဟာရာ ​ရေချိုးပြီးထွက်​လာ​တော့ နစ်​ခြိုက်​စွာအိပ်​​ပျော်​​နေ​သော ကိုရှီရို ကို ​တွေ့လိုက်​ရသည်​။

"အိပ်​​တောင်​အိပ်​​နေပြီလား .... ​ဟေ့ မင်း​ရေမချိုး​တော့ဘူးလား ​နေမ​ကောင်းဖြစ်​မယ်​​နော်​"

ပခုံးကိုအသာပုတ်​၍​မေး​တော့ အင်းအဲအသံသာ ထွက်​လာသည်​။

"ဒီအတိုင်းပဲ ထားလိုက်​တာ​ကောင်းပါတယ်​"

ကီရီဟာရာ သည်​ ကိုရှီရို ​ဘေးတွင်​ ဝင်​လှဲလိုက်​ပြီး ကိုရှီရို ပါးကို လက်​ညိုးဖြင့်​ ထိုးကာ ​စ​နောက်​​နေသည်​။ ပါးတစ်​ဖက်​ကို အသာဆွဲလိုက်​​တော့ ကိုရှီရို ​ယောင်​ယမ်းပြီး ကီရီဟာရာ လက်​ကို ဆွဲကိုင်​ထားလိုက်​သည်​။ ကီရီဟာရာ ခဏတုန့်​သွား​သော်​လည်း မျက်​နှာ​ပေါ်တွင်​ အပြုံးတစ်​ခု​ပေါ်​ပေါက်​လာသည်​။

"မင်းက တကယ်​ချစ်​စရာ​ကောင်းတာပဲ"

~•~ Love Me Baby ~•~

သည်းမည်းစွာ ရွာသွန်းပြီး မိုး​သောက်​ယံအချိန်​​ရောက်​မှ တိတ်​ဆိတ်​သွားခဲ့သည်​။ နံနက်​ခင်း ​နေ​ရောင်​ခြည်​ကျ​ရောက်​လာ​တော့မှ ကိုရှီရို လည်း နိုးထလာခဲ့သည်​။

"အင်း...ဟင်း... ဒါက ဘယ်​​နေရာလဲ...."

စိမ်းသက်​​နေသည့်​​နေရာ​ကြောင့်​ ကိုရှီရို ​တွေး​တော​နေစဉ်​မှာပဲ အသက်​ပုံမှန်​ရှူ​နေသံ​ကြောင့်​ ​ဘေးကိုကြည့်​မိ​တော့ အိပ်​​မောကျ​နေ​သော ကီရီဟာရာ ကို ​တွေ့လိုက်​ရသည်​။

Love Me BabyWhere stories live. Discover now