"Chanyeol "
"Chanyeol....ခဏကွာ..."
ကျောင်းစောစောလာပြီး Chanyeolကျောင်းအလာကို ကျွန်တော်ကျောင်းဂိတ်ပေါက်၀ကနေ ရပ်စောင့်နေတာ ။
ဆိုးလ်မှာ ဒီလောက်ချမ်းအေးနေတာကို ကျွန်တော်မိုက်မိုက်မဲမဲနဲ့ကို ရပ်စောင့်နေတာပါ :(
အနီရောင်မာဖလာကိုလည်ပင်းဖုံးရုံတင်မက မျက်နှာတ၀က်ဖုံးသည်အထိပါပတ်ပြီး ချမ်းလွန်းလို့ကျောင်းဂိတ်ပေါက်၀နားမှာ ခုန်ဆွခုန်ဆွလုပ်နေရတယ်။ဒီလောက်ထိ ဒုက္ခခံပြီး ရပ်စောင့်နေတာ ဘာဖြစ်လို့လဲ?
ကျွန်တော်Chanyeolနဲ့ အရမ်းတွေ့ချင်နေလို့လေ ။
သူ့ကိုသေချာတောင်းပန်ပြီး သူနဲ့ကျွန်တော့်ရဲ့အချစ်ဇာတ်လမ်းကို season-2ရုိက်ချင်လို့ :')ဒီလိုဒုက္ခခံပြီးစောင့်နေတာကို သူက ကျွန်တော့်ကိုတွေ့တာနဲ့ မျက်စောင်းထိုးပြီးကျောင်းထဲကိုခြေလှမ်းကျဲကြီးတွေနဲ့ဝင်သွားတယ်။ အနောက်ကနေ လက်ကိုအတင်းလိုက်ဆွဲတော့ ကျွန်တော့်လက်ကိုဖြတ်ရိုက်ချပြီး ဆက်လျှောက်နေပြန်တယ်။ကျောင်းထဲကဖြတ်သွားဖြတ်လာလူတွေလည်း ကျွန်တော်တို့နှစ်ယောက်ကို မသိမသာကြည့်ကြည့်သွားကြတယ်။ ရှက်စရာကောင်းပေမယ့်မတတ်နိုင်ဘူး ။ Chanyeolစိတ်ဆိုးပြေဖို့က နံပါတ်(၁) ။ :')
"Chanyeol-a "
်ဘယ်လိုမှပြောနေတာကို နားမထောင်တဲ့အဆုံး ကျွန်တော်သူ့အရှေ့ကနေ ပိတ်ရပ်လိုက်ပြီး ။
ကျောင်းမြေပြင်ထက်Chanyeolရဲ့ရှေ့မှောက်မှာ ဒူးထောက်ထိုင်ချလိုက်တယ်။:')
ရုတ်တရက်ဒူးထောက်လိုက်တဲ့ ကျွန်တော့်အပြုအမူကြောင့်Chanyeolဟာ အနည်းငယ်တော့ကြောင်အသွားပုံရတယ်။ အံ့သြ၀ိုင်းစက်နေသောမျက်လုံးဝိုင်းလေးများဖြင့်ကျွန်တော့်အားကြည့်နေတယ်။ကျွန်တော်တို့ နှစ်ယောက်ရဲ့ အဖြစ်အပျက်လေးက Korea Dramaဇာတ်လမ်းတွေထဲက Love sceneလေးလိုပဲ။
ကျွန်တော်ကတော့ ဒီဇာတ်လမ်းရဲ့မင်းသားပေါ့ ။ Chanyeolကတော့ ကျွန်တော့်ဇာတ်လမ်းတိုင်းရဲ့ပင်တိုင်စံ ဖူးစာဖက်ပေါ့ ။
Chanyeolရဲ့ရှေ့မှာ ကျွန်တော်က ဒူးထောက်လို့...။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဝန်းကျင်မှာတောင်ကိုရီးယားနိုင်ငံရဲ့ အဖြူရောင်ဆီးနှင်းလေးတွေကဝေ့၀ဲလ်ုိ့ ။ wow.......တကယ့်Dramaပဲ ။(◠‿◠)