"Park Chanyeolကိုပြိုင်လုရင် ကန်ချမယ်လို့ပြောထားပြီးပြီလေ~
ဘယ့်နှယ်ကြောင့် တယောက်ပြီးတယောက်လာကြိုက်နေကြတာလဲ ~
ဒီမှာ တယောက်တည်းနေရင်းတောင် တိုင်ပတ်နေရတဲ့ကြားထဲ :') "ပုံ / Kris Wu
(Park Chanyeolအား တယောက်တည်းအပိုင်စီးထားချင်သူ )💙
**************
"Eခန်းထဲကကောင်ကိုအလိုမရှိဆိုပါ့လား? "
"Eခန်းထဲရောက်နေတာ ငါ့အပြစ်လား? "
"Eခန်းထဲကထွက်ပြေးချင်တယ် "
"Eခန်းထဲမှာမနေချင်ဘူး "
မနက်က Chanyeolပို့လိုက်သော ပြန်စာကိုဖတ်ရင်း ကျွန်တော် အသည်းကွဲ၍ပူဆွေးဝမ်းနည်းနေသည်။
"မင်းကအသည်းကွဲပြနေ....ဟိုမှာ Chanyeolနားမှာ တကောင်ဝဲနေပြန်ပြီ "
"ဟမ် ? "
"ဒီတခါဝဲနေတဲ့လိပ်ပြာကြီးက တကယ့်အကြီးကြီးနော်....၀န်ကြီးသား Aခန်းထဲမှာ အမြဲအဆင့် ၁ရတဲ့ကောင်...ရုပ်ရည်ကတော့ပြောစရာကိုမလိုတော့ဘူး....နာမည်က Oh Sehunတဲ့ "
Chenပြောပြသောသတင်းကိုနားထောင်ရင်း ရင်ဘတ်ထဲကတစ်စို့စို့နဲ့ ~
၀မ်းနည်းလာသလိုပဲ....။Oh Sehunကို ကျွန်တော်သိတာပေါ့ ။ အဘက်ဘက်ကဒီလောက်ပြည့်စုံနေတဲ့ကောင် ။ အကယ်၍ Chanyeolဆိုတာကိုသာ ကျွန်တော်မသိခဲ့ရင် Oh Sehunကို ကျွန်တော်ကြိုက်မိမှာ ~
Chanyeolရယ်......မင်းအနားမှာဝဲတဲ့ဘဲတွေလောက်တော့ ငါက ဘယ်စာတော်လိမ့်မလဲ :") Sex life ...အဲလေ....Sad life :3
"Aခန်းထဲကကောင်နဲ့ Eခန်းထဲကကောင်ချစ်သူတွေဖြစ်တယ်ဆိုတာက ဇာတ်လမ်းထဲမှာပဲရှိတာကွ...ခိခိ...."
အရေးထဲမှာ ဘေးကနေ အားပေးစကားပြောကြားနေပြန်တဲ့ချစ်သူငယ်ချင်းလေး ။
ကျေးဇူးတင်လွန်းလို့ ထိုင်တောင်ရှိခိုးချင်တယ်။"Eခန်းထဲကကောင်က Aခန်းထဲကကောင်လေးကိုမချစ်ရဘူးလို့ ဘယ်သမ္မတကစည်းကမ်းထုတ်ပြန်ထားလဲ!! လူသားအားလုံးချစ်ခွင့်ရှိတယ်! ဒါလူ့အခွင့်အရေး! "
Chenကိုလက်သီးလက်မောင်းတန်းကာအားကြိုးမာန်တက်ပြောပြရင်း ရှေ့ဆက်သွားရမယ့်အချစ်ခရီးအတွက် နည်းလမ်းအသွယ်သွယ်ကို ကြိုတင်စဉ်းစားရပါတော့တယ်။