အပိုင်း(၁)

128 0 0
                                    

🌙✨🌙✨🌙✨🌙✨🌙✨🌙✨🌙
ခြံဝန်းလေးထဲမှာဆူညံသံများပင်ဖြစ်သည်။
အကြောင်းရင်းမှာတော့သူငယ်ချင်း
သုံးယောက်ဆယ်တန်းစာမေးပွဲကိုနှစ်ချင်း
ပေါက်အောင်သွား၍ပါတီပွဲလေးလုပ်နေချင်း
ပင်ဖြစ်ပေသည်။🍾🍸
ကြယ်စင်ပိုင်ရဲ့မိဘများနှင့်ယွန်းသစ်ခက်ရဲ့မိဘများကတော့တစ်ဝိုင်းစကားလက်စုံကျနေသလိုခက်တို့သူငယ်ချင်းသုံးယောက်မှာလဲစကားလက်စုံကျနေကာစလိုက်ပြောင်လိုက်ဖြစ်နေကြသည်။
"ဟဲ့...တွေ့တယ်နော်ငပိုင်..."ဟု
ခက်ကပြောလိုက်ခြင်းပင်...
"Amm...ဘာလဲဟ...ဘာကိုတွေ့ရမှာလဲ...?"
"ဟာ...နင်ကလည်းတုံးလိုက်တာ...
ငါအောင်တယ်လို့ပြောတာ...နင်ပြောတော့ငါ့ကိုအောင်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်လေ...
ဟွန်း...ချက်ချင်းကိုမမှတ်မိတော့ဘူးနော်"
"Aww...အာ့လား...အေးလေ...
ဟုတ်တယ်လေ....ခုကနင်ကြက်ကန်းဆန်အိုးတိုးသွားတာဟုတ်ဘူးလား😂"
"ဘာ...ဘာပြောတယ်...??😠
"ဟားဟား...မဟုတ်ဘူးလား😂😜"
"သေလေဖြစ်ရတယ်...ဆုတောင်း😏"
"အေးလေဟယ်...ငပိုင်နင်ကလဲ"
"ပန်းမ...ဘာကိုအေးလေဟယ်လဲ...အေးလေဟယ်လုပ်မနေနဲ့...နင့်ပါပြောတာငါက...ဟားဟား"
လို့ပြောကာကြယ်စင်ပိုင်တစ်ယောက်
အားရပါးရရီချလိုက်လေ၏။စားပြီးသောက်ပြီး
သည်နှင့်သိမ်းဆည်ရမည်များကိုသိမ်းဆည်းကာပန်းကိုအိမ်လိုက်ပို့ရန်ပြင်ကြ၏။
ထိုအချိန်ထိတိုင်သုံးယောက်သားမတည်ကြ
သေးပါ။ကားပေါ်တွင်ဖြစ်မြဲထုံးစံအတိုင်း
ရန်ဖြစ်နေကြပြန်၏။ပန်းလရိပ်ကတော့ထုံးစံအတိုင်းငြိမ်နေပေမယ့်ကြယ်စင်ပိုင်နှင့်
ယွန်းသစ်တို့နှစ်ယောက်ကတော့ဖြစ်မြဲထုံးစံအတိုင်းကိုက်နေကြပြန်သည်။ပန်းလရိပ်ကိုပို့ပြီးသည်နှင့်အိမ်သို့နှစ်ယောက်သားပြန်လာ
ကြသည်။ကြယ်စင်ပိုင်နှင့်ယွန်းသစ်တို့က
အိမ်ဘေးချင်းကပ်ဖြစ်၍မိဘများကလည်း
ငယ်သူငယ်ချင်းများဖြစ်ကြကာသူတို့
နှစ်ယောက်မှာလည်းငယ်မွေးခြံပေါက်များ
ဖြစ်ကြလေသည်။အဲ့ဒါများကြောင့်ပင်
နှစ်ကောင်သားတွေ့လိုက်ရင်တကျက်ကျက်
ရန်ဘဲဖြစ်နေကြ၏။အိမ်ရှေ့ပင်ရောက်လာ
လေပြီ။
"ဟဲ့....ခက်မ...ထတော့...နင်အိမ်ရှေ့ရောက်
ပြီ"
"Amm...ဟုတ်လား..."ဟုအိပ်ချင်မူးတူးလေးနဲ့ပြောကာသူ၏အိမ်ကိုလှမ်းကြည့်ရင်း
"Aww....aa...ဝင်ပြီအာ့ဆို...ဘိုင့်ဘိုင့်...
ငပိုင်ရေ"ဟုအော်ပြီးခြံထဲသို့ပြေးဝင်သွား
လေ၏။ကြယ်စင်ပိုင်တစ်ယောက်လဲကားကို
အိမ်ရှေ့ဘက်သို့ဆက်မောင်းသွာတော့၏"
💕💕💕💕💕💕💕💕💕💕💕💕💕ခက်ခြံထဲမှချောင်းကြည့်နေသည်ကို
သူမသိပါ...😞
သူကားလေးအိမ်ထဲသို့ရောက်ပြီးနေရာတကျ
ဖြစ်သွားကာသူအိမ်ထဲဝင်သည်ကို
ကြည့်ပြီးမှသာအိမ်ထဲဝင်လေ့ရှိသော
ခက်တစ်ယောက်....🤓
အိမ်ထဲဝင်ပြီးသည်နှင့်ဧည့်ခန်းထဲမှ
အိပ်ရင်းနှင့်စောင့်နေသောမေမေ...😘
"မေမေ...ခုထိအိပ်သေးဘူးလား...ဘာလို့
စောင့်နေတာလဲမေမေရာ...အိပ်နှင့်တာ
မဟုတ်ဘူးမေမေကလဲ..."
"ဟုတ်ပါဘူးသမီးရယ်...တီဗီကြည့်ရင်း
အိပ်ပျော်သွားတာပါ..."
သိပ်ချစ်ဖို့ကောင်းသောမေမေ...လိမ်နေတာလေးကိုကချစ်စရာလေး...။သို့ပေမယ့်
ကြယ်စင်ပိုင်နဲ့နှစ်ယောက်ယှဉ်ရင်တော့ကိုယ်ကဘဲအမြဲမေ့မေ့အချစ်ကိုပြိုင်ရင်ရှုံးလေ
သည်....။အတွေးတွေလွန်ကဲနေရင်းနဲ့ဘဲ
မေမေခေါ်သည်ကိုပင်မကြားလိုက်ပေ....🙊
"ကဲ...သမီး...အိပ်ချေတော့တစ်နေကုန်လဲ
ပင်ပန်းနေပြီ....သွား...သွားအိပ်တာ့...."
"ဟုတ်ကဲ့မေမေ..."ဟုဆိုရင်းအပေါ်ကအခန်းဆီသို့ဦးတည်သွားလေတော့သည်....။
💕💕💕💕💕💕💕💕💕💕💕💕💕

ရင်နင့်အောင်ချစ်ရပါသောသူWhere stories live. Discover now