သဝန်​တိုတတ်​တဲ့Kitty

3.5K 180 19
                                    

Love Me Like You Do

Part.19

**သဝန်တိုတတ်​တဲ့Kitty**

Mingစိတ်​လှုပ်​ရှားစွာနဲ့ပဲ Moowanကို​ကော်​ဖီဆိုင်​ထဲမှာ​စောင့်​​နေမိ​တယ်​...ဘာကိစ္စပဲဖစ်​လာလာ ဘာ​တွေပဲဖစ်​​နေ​နေ သူအမှန်တ​ရားကို​ပြောပြရမယ်လို့ ဆုံးဖြတ်​ထားတယ်​...ဟုတ်​တယ်​...သူ့ရဲ့ခံစားချက်​အစစ်​အမှန်​ကို​ပြောပြရမယ်​...

သူမ နာကျဉ်​မယ်​ဆိုတာသိ​ပေမဲ့လည်း သူမကို မနာကျဉ်​​စေချင်ဘူး...​Mingအေးစက်​လာပီး လက်​ဖဝါး​တွေမှာလည်း​ချွေး​တွေထွက်လာသလို ခံစားလိုက်​ရတယ်​...ဘွဲ့ရပီးပီးချင်း ပထမဆုံးအကြိမ်​အင်​တာဗျူး​ဖြေရတဲ့ ခံစားချက်​မျိုးပဲ...စိတ်​လှုပ်​ရှားမှုကို​ဖြေ​ဖျောက်​ဖို့ Ming
သူ့လက်​​တွေကိုပဲ အချင်းချင်း ဆုပ်​ညှစ်​​နေမိတယ်​...
ခနကြာ​တော့ သူ​စောင့်​​နေတဲ့​ကော်​ဖီဆိုင်​ထဲကို Moowan​ပြေးဝင်​လာတာကို ​တွေ့လိုက်​ရတယ်​...

#Moowan: "Hi..."

Moowan ပြုံးပီးMing ကိုလက်​လှမ်းပြလိုက်​တယ်​...
ပီး​တော့​နေရထိုင်​ရခက်​သလိုဖစ်​​နေတဲ့ Ming ဆီကို​ဖြေး​ဖြေးချင်း​လျှောက်​သွားလိုက်​တယ်​...

#Moowan: "​နေ​ကောင်းရဲ့လား babe...I miss U..."

MoowanMingရဲ့နှုတ်​ခမ်းကိုနမ်းပီး​မေးလိုက်​တယ်​...
အမြဲတမ်း​တွေ့​နေရ​ပေမဲ့ Moowan Mingကို
အရမ်းလွမ်း​နေမိတယ်​...အချစ်​ဆိုတာကိုယ့်​အနီးပတ်​ဝန်း
ကျင်​မှာအမြဲရှိ​နေ​ပေမဲ့လည်း အ​ကြောင်းပြချက်​မရှိပဲ လွမ်း​နေတတ်​တာမျိုး​လေ...

#Ming: "​ကောင်း...​ကောင်းပါတယ်​..."

Ming​ပြန်​​ဖြေရင်း​ကြိုးစားပီးပြုံးလိုက်​တယ်​...

#Moowan: "အဲ့တာဆိုဘာဖစ်​လို့လဲ...
Moowanကို​ပြောစရာရှိတယ်​ဆိုတာဘာလဲ...မြန်​မြန်​​ပြောပါလားMoowan Ming ကို​ပြောစရာရှိလို့..."

#Ming: "ကိုယ့်​ကို​ပြောစရာရှိတာလား...အို​ကေ အရင်​​ပြော​လေ..."

#Moowan: "Okay...ဒီတပတ်​ပိတ်​ရက်​မှာ
သူငယ်​ချင်း​တွေကMoowan တို့ကို​တောင်​တတ်​ဖို့​ခေါ်​နေတာသွားချင်​လို့..."

Love Me Like You Do Donde viven las historias. Descúbrelo ahora