သူနှင့်​လက်​ထပ်​ရန်​(၂)

3.8K 186 4
                                    

Love Me Like U Do

Part.4

**သူနှင့်​လက်​ထပ်​ရန်​(၂)**

#Kit : "ဒီမှာ...အဲ့လိုလုပ်ဖို့​မင်း​ကိုအရင်​​ပြောတာကငါ​လေ...အဲ့ဒီ​တော့ မင်းရဲ့မိဘ​တွေကို​ပြောရမှာကမင်း​လေ ငါမဟုတ်​ဘူး..."

Kitစူပုတ်​ပုတ်​နဲ့ငြင်းလိုက်​​​မိတယ်​...

Kitကချစ်​ဖို့​ကောင်းလိုက်​တာလို့​တွေးပီး...Mingကိုယ့်​ကိုယ်​ကိုသာ ကျိန်​ဆဲလိုက်​မိ​တော့တယ်​...

#Ming : "ဒါ​ပေမဲ့ငါမင်းကို​တွေ့ဖို့​ခေါ်လိုက်ရတဲ့ရည်​ရွယ်​ချက်​က အဲ့တာ​ပဲ​လေ..."

Ming သူတို့ရဲ့က​လေးဆန်​ဆန်​ ရန်​ပွဲကို ဆက်​လိုက်​တယ်​...

#Kit : "ငါဂရုမစိုက်​ဘူး...အရင်​​ပြောတဲ့သူကငါ​လေ..."

Kitပြန်​​ပြောလိုက်​​တော့တယ်​...

Ming​ပြောစရာစကား​တွေ​ပျောက်​ပီး Kitကိုကြည့်​ရင်း ပြုံးလိုက်​တယ်​...အဲ့ဒီအပြုံးက Kitကိုစိတ်​ရှုပ်​​စေသလို စိတ်​လည်းလှုပ်​ရှား​စေခဲ့တယ်​...

#Ming : "မင်းသိလား...မင်းအရမ်းကို​ပြောင်းလဲ သွားတာပဲ..."

Mingမြူဆွယ်​​နေတဲ့​လေသံတိုးတိုး​လေးနဲ့ ​ပြောလိုက်​တယ်​...

#Ming : "ပီး​တော့...အဲ့တာကိုငါကြိုက်​တယ်​..."

Mingဆက်​​ပြောလိုက်​တယ်​...

Mingစကား​ကြောင့်​Kit မျက်​နှာ​တွေနီရဲသွားပီး
အ​ဝေးကိုအကြည့်​​တွေမြန်​မြန်​လွှဲလိုက်​မိတယ်​...စိတ်​ထဲမှာ​တော့...Mingမင်းကိုယ်​မင်းဘယ်သူ​များ
ထင်​​နေလည်း...ငါမင်းကို​ကြွေသွား​အောင်​လုပ်​ဖို့စဉ်းစား​နေတယ်​​ပေါ့...ငါကအဲ့ဒီ​လောက်​မလွယ်​ဘူး...
ပီး​တော့ငါမင်းကိုအရမ်းမုန်းတယ်​...

Kitကား​သော့နဲ့ပိုက်​​ဆံအိတ်​ကို​ကောက်​ကိုင်​လိုက်​ပီး ထွက်​သွားဖို့လုပ်​လိုက်​တယ်​...စကားဆက်​​ပြော​နေလည်း ဘာမှအသုံးဝင်​မှာမဟုတ်​ဘူး​လေ...သူတို့မိဘ​တွေရဲ့
ရူး​ကြောင်​​ကြောင်​ဆန္ဒ​တွေက​နေလွတ်​​မြောက်​နိုင်​မယ့်
နည်းလမ်းလည်းရှာ​တွေ့မယ်​ မထင်​ဘူး...ရုတ်​တရက်​ထွက်​သွားဖို့လုပ်​​နေတဲ့Kit ကို Mingသတိလက်​လွတ်​နဲ့ကြည့်​​နေမိပီးမှ အားနဲ့Kit ရဲ့လက်​ကိုလှမ်းဆွဲလိုက်​​မိတယ်​...

Love Me Like You Do Tempat cerita menjadi hidup. Temukan sekarang