Tokyo မြို့ရဲ့အငွေ့အသက်လေးတွေက
ရင်ထဲထိစီးဝင်မတတ်လွန်စွာလှပနေသည်။
နေရောင်ခြည်နွေးတေးတေးလေးကလည်း
ဟိုသည်သွားလာနေကြတဲ့လူတွေအပေါ်
ဖြန့်ကျက်လွှမ်းခြုံထားသည်။နိုင်ငံရပ်ခြားမှလာတဲ့ကောင်လေးတယောက်
ကတော့ဒီအလှတွေကိုမခံစားနိုင်သေးပဲ
မျက်လုံးလေးဝိုင်းနေအောင်ဟိုကြည့်
သည်ကြည့်နဲ့....။"Samတို့သွားတော့မယ်သား
လိမ်လိမ်မာမာနေနော်"သူကြောက်လန့်စွာကိုင်ထားသောလက်တို့ကို
ပိုပီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။သူ့ဘဝ....
သူသိသလောက်ကတော့သူ့မှာအဖေရောအမေရောမရှိ။
သူ့ရဲ့တစ်ဦးတည်းသောခင်တွယ်ရာက
မိဘမဲ့ဂေဟာမှအန်တီတယောက်....တစ်နေ့မမျှော်လင့်စွာNihon(Japan)လူမျိုး
သူဠေးလင်မယားနှစ်ဦးသူ့ကိုတွေ့ပီးမွေးစားဖို့
လုပ်ခဲ့သည်။သူမလိုက်ချင်ပါ....။
ခြောက်နှစ်အရွယ်ကလေးတယောက်
ပေမဲ့ ခင်တွယ်စရာလူမရှိပေမဲ့
အမိမြေမဟုတ်တဲ့နိုင်ငံကိုလိုက်သွားချင်စိတ်မရှိ။အားကိုးတကြီးဆုပ်ကိုင်ထားတဲ့လက်အစုံကို
ဖျော့တော့စွာလွှတ်ချတဲ့အန်တီကိုမော့ကြည့်
မိတော့ခပ်ယဲ့ယဲ့အပြုံးလေးပြုံးပြသည်။"သားစိတ်မပူပါနဲ့သားကိုသူတို့ကသိပ်ချစ်ကြတာ
အန်တီကသားအပေါ်မကောင်းတဲ့သူဆို
ထည့်မပေးတာသိတယ်မလား"သူမျက်ရည်များဝဲလာမိသည်ထင်။
ခေါင်းကိုငုံလိုက်ပီးခေါင်းငြိမ့်ပြလိုက်သည်။
သူအန်တီကိုဒုက္ခမပေးသင့်တော့ဘူးလေ....။
အခုတောင်သူ့ကြောင့်Nihon(Japan)နိုင်ငံ
Tokyoအထိလိုက်ပို့သည်မဟုတ်လား။သူလက်အစုံကိုလွှတ်ချလိုက်ပီး
ကျေးဇူးရှင်အန်တီကိုတာ့တာပြလိုက်ကာ
သူ့ရဲ့မွေးစားအဖေနဲ့အမေဆီသို့ပြေးသွားလိုက်သည်။
YOU ARE READING
🌸私の心の中のサクラ🌸>နှလုံးသားထဲကဆာကူရာ<
Short Storyကိုယ်မရှိတဲ့နေရာမှာပျော်နေလားချစ်သူ... ကိုယ်ကတော့ဆာကူရာကြွေတိုင်းသတိရနေဦးမှာ🌸 ///Tae to the Kook///🐯🐰💓