San-3

594 85 10
                                    

ရင်​ဘတ်​ထဲကထိုး​အောင့်​လာမှု​ကြောင့်​​လေးပင်​​နေတဲ့
မျက်​လုံး​တွေကိုအားယူပြီးဖွင့်​ကြည့်​လိုက်​​တော့
ဖြူလွှလွှမျက်​နှာကျက်​တစ်​ခု ။

"Taehyung နိုးလာပြီလား"

ကော်​ဖီ​ရောင်​ဆံနွယ်​​တွေဝဲတက်​သွား​အောင်​​ပြေးဝင်
လာပြီး​မေးတဲ့လူတစ်​​ယောက်​​ကြောင့်
မျက်​​မှောင်​ကိုအသာကျုံ့လိုက်​မိသည်​။

အင်း.....ငါ့ကိုသိတဲ့သူလား.....

"မင်း​မေ့​နေတာတစ်​ပတ်​​လောက်​ရှိ​နေပြီ"

မျက်​​မှောင်​ကျုံကာတစ်​ဖက်​ကိုလှည့်​သွားတဲ့သူ့ကို
ကြည့်​ရင်းသက်​ပြင်းချသံနဲ့အတူအ​ရေး​ပေါ်ခလုတ်
နှိပ်​ပြီးဆရာဝန်​ကိုလှမ်း​ခေါ်သံ​တွေကိုလည်း
မသိကျိုးကျွံ​​နေလိုက်​မိသည်​။

ခေါင်းထဲမှာလည်းအပ်​​တွေနဲ့ထိုး​နေသလို
အောင့်​သက်​သက်​နဲ့.......
ငါ.....ဘယ်​သူလဲ.................

မမှတ်​မိလို့မဖြစ်​ဘူးဆိုတဲ့ခံစားချက်​တစ်​ခု
ကြောင့်​မငိုမိပါပဲမျက်​ရည်​တစ်​ချို့ကျဆင်းသွားသည်​။

**********

သက်​ပြင်းတစ်​ချက်​ချရင်းဆရာဝန်​စားပွဲ​ရှေ့က
ခုံ​လေးမှာဝင်​ထိုင်​လိုက်​မိသည်​။
ဒါနဲ့ဆိုသူသက်​ပြင်းချ ချ​နေတာဘယ်​နှစ်​ကြိမ်
ရှိပြီမှန်း​တောင်​မသိ.......

"လူနာနဲ့ဘယ်​လိုပတ်​သက်​မှုလည်းမသိဘူး"

ပတ်​ သက်​ မှု . . . . ? ?

ဘယ်​နှစ်​ကြိမ်​​မြောက်​မှန်းမသိတဲ့သက်​ပြင်းကိုထပ်​ချရင်း

"သူငယ်​ချင်းပါ...."

"လူနာအခုခံစား​နေရတဲ့​ရောဂါကဖြစ်​​တောင့်​ဖြစ်ခဲ
Dissociative Amnesiaဆိုတဲ့​ရောဂါတစ်​မျိုးပါ..."

"Dissociative Amnesia???"

"အင်း ဖြစ်​ခဲတဲ့​ရောဂါတစ်​မျိုးလို့​ပြောရမှာ​ပေါ့...
Taehyung ရဲ့ဦး​နှောက်​ကမှတ်​ဥာဏ်​သိမ်းတဲ့
အကန့်​​တွေဟာအချိန်​ကာလတစ်​ခုကို​ရောက်​ရင်
သူ့ဘာသာ​ဖျောက်​ပစ်​​နေတာပါ"

🌸私の心の中のサクラ🌸>နှလုံးသားထဲကဆာကူရာ<Where stories live. Discover now