Hand

1.1K 124 2
                                    

ကျွန်တော်က ကိုကို့ရဲ့ အချစ်ဦးမဟုတ်တောင်
ကိုကို့ အတွက် အချစ်ဆုံးဆိုတဲ့သူတော့ ဖြစ်ခွင့်ရှိချင်သူပါ~

****************************************
ပတ်ဝန်းကျင်တစ်ခွင်မှာ အမှောင်ကြီးစိုးနေသလို တိတ်ဆိတ်မှု့ကလည်း နံရံပေါ်က တိုင်ကပ်နာရီသံ တချောက်ချောက် နဲ့ ပိုးပုရစ်တို့ အော်မြည်သံမှလွှဲ၍ ပကတိ ငြိမ်သက်လျှက်

ထပ်ပေါင်းဖြည့်စွက်ရမည်ဆိုလျှင် အသက်ရှုသံသဲ့သဲ့ တစ်ခုတော့ ကြားရပါလိမ့်မယ်

မီးရောင်ထိန်ထိန်လင်းနေတဲ့ ဧည့်ခန်း ထဲဝယ် ကောင်လေးတစ်ယောက် ကတော့ မလှုပ်မယှက် နှင့် ၁နာရီတိတိကို ညွှန်ပြနေတဲ့ တိုင်ကပ်သစ်သားနာရီ ကြီးကိုသာ တစ်စိုက်မတ်မတ် ကြည့်နေလေတယ်

" ကိုကို ပြန်မလာသေးပါလား "

မျက်လုံးအစုံကလည်း သစ္စာရှိစွာ ၁နာရီထိုးတောင်မမှေးစက်ချင် စိတ်အစုံတို့ကလည်း ပြန့်လွှင့်လျက်သာ
ခြံထဲကားဝင်သံနဲ့ ပေါ်တီကို အောက် ကားထိုးသံတို့ကြောင့် အမိန့်မပေးပါဘဲ ထရပ်မိသည်

တံခါးပြေးဖွင့်မည်ကြံတော့ ဦးစွာပွင့်လာတဲ့ တံခါးလက်ကိုင်ဘုမှာ လက်သွယ်သွယ် တစ်စုံ ...... ကိုကို့ လက်သွယ်သွယ်ကို မြင်ချင်ခဲ့ပေမယ့် ဆန္ဒတို့နှင့်ဆန့်ကျင်စွာ လက်သည်းနီ ဆိုးထားတဲ့ မမြင်ချင်တဲ့ လက်တစ်ဖက်သာ ဖြစ်နေခဲ့သည်

"Darling...... darling အခန်းဘယ်မှာလဲ "
သောက်ထား၍ အနည်းငယ်ယိုင်နေပါသော ကိုကို့ ခါးထက်တွင် သူမလက်အစုံတို့က ပွေ့ဖက်ထိန်းကြောင်းလျက် ဈေးကြီးတဲ့ ရေမွှေးနံ့က သူ့မ အဆင့်အတန်းပြနေသယောင်
" ဟက် ခနဲ့ တစ်ချက်ရယ်ရင်း ပြန်တွေးကြည့်မှ ဟုတ်တာပေါ့ ကိုကို့ အဆင်းအတန်း ဂုဏ်သိက္ခာ ပိုင်ဆိုင်မှု့တွေက ONS တွေအနားကပ်ဖို့မပြောနှင့် သူဌေးသမီးတွေနဲ့ပင် တိုးမပေါက်ခဲ့
"ဟိတ် ဒီမှာ Darling အခန်းက ဘယ်မှာလဲ "
ကြောင်အစွာ ရပ်နေတဲ့ ကျွန်တော် ထိုမဒီလှလှ အသံကြောင့် အသက်ပြန်ဝင်လာခဲ့သည်
"အော် အင်း ဟို"

"ကျစ် "

"ဟန်နီ သူ့ကိုမေးမနေနဲ့တော့ Darling အခန်းက အပေါ်ထပ် ညာဘက်က အခန်း မြန်မြန် ပို့ပေးပါ ဟန်နီ ကိုယ်ရင်တွေပူလှပြီ "
" Ok darling "

HandWhere stories live. Discover now