Hand

691 98 20
                                    

ဒီနေ့တော့ ကိုကို နေမကောင်းသလိုဖြစ်နေတာမို့ အိမ်မှာရှိနေလေသည်

"ဂျွန်မြောင် ဒီနေ့ ဧည့်သည်လာမှာမို့ ဖွယ်ဖွယ်ရာရာ ချက်ထားပေး " ခပ်တိတိ ထွက်လာသော ကိုကို့ စကားတစ်ခွန်းက ကျွန်တော့်ကို ခေါင်းငြိမ့်စေတဲ့ အမိန့်တစ်ခုလို

"ဟုတ်ကိုကို "
"ကိုကို နေသိပ်မကောင်းသေးလို့ ဆန်ပြုတ်လေးစားမလား "
"မလိုဘူး ကော်ဖီပဲပေး "
"ဟုတ်ဟုတ် ကိုကို" ခပ်သွက်သွက်လေး မီးဖိုခန်းပြေးပြီး အမိန့်မှန်သမျှ ခေါင်းငြိမ့်မိပြန်သည်
ကိုကို တောင်းဆိုတယ်ဆိုတာ ဒီတစ်ခါ ပထမဆုံးမလား
ပျော်ရွှင်မှု့ဆိုတာက အတိုင်းအဆမရှိ ပဲ

"ကိုကို ကော်ဖီရယ် ဆေးရယ် "
"ကျေးဇူး ဂျွန်"

ကြောင်အသွားမိသည် "ဂျွန်...ဂျွန်တဲ့လား" ခပ်တိုးတိုးညီးမိတော့ မျက်ဝန်းထက် အရည်လက်လက်တို့က ဝိုင်းလာခဲ့သည် မဟုတ်ဘူး ကျွန်တော်အပျာ်လွန်သွားလို့ပါ

"ပြောစရာရှိလို့လား ?"
မတ်တပ်ရပ်ရင်းကြောင်ကြည့်နေတဲ့ ကျွန်တော့်ကို အမေးတစ်ခွန်းပြောတော့ ခပ်သာသာ ခေါင်းငြိမ့်ရင်း မီးဖိုခန်းသာခုန်ပေါက်ဝင်ခဲ့မိတော့သည်

"ဂျွန်.....ဂျွန်တဲ့ အဟိ " ယောင်းမကြီးကိုင်ပြီးခုန်ပေါက်နေတဲ့ ကျွန်တော့်ကို အများကမြင်ရင်တော့ ရူးနေပြီထင်မှာ ဒီနေ့တော့ ကျွန်တော့်နေ့လေးသာယာနေပြီထင်ပါရဲ့

ကိုကို တောင်းဆိုထားတဲ့ ဖွယ်ဖွယ်ရာရာဟင်းလေးတွေကို ချက်ရင်း ပျော်ရွှင်နေတဲ့ကျွန်တော်
ဧည့်ခန်းထဲ မှာ သတင်းစာဖတ်နေတဲ့ တည်ကြည်တဲ့ ကိုကို အရာရာဟာ သာယာနေခဲ့တယ်

"တီ ......တောင် "
"screen မှာပေါ်နေတဲ့ မျက်နှာစိမ်း ကောင်လေးတစ်ယောက် ကြောင့် ကြောင်အသွားမိတယ် အိမ်ကို ယောက်ျားလေး လာတာရှားတယ်မလား "
"ဖွင့်ပေးလိုက် ဂျွန်မြောင် ငါ့ အတွင်းရေးမှုးပဲ "
အနောက်က ထွက်လာတဲ့ ကိုကို့ အသံနဲ့ ခွင့်ပေးမှု့ကြောင့် တံခါးဖွင့်ပေးလိုက်သည်

" ge ge ! file တွေ လာပို့တာ "
" omm byun လေး လာလေ ။ နေ့လည်စာလည်း ပြင်ခိုင်းထားတယ် အတူတူ စားပြီးမှပြန်"
"ဟာာ geရယ် အလကား အလုပ်ရှုပ် ခံပြီးတော့ "
ဖြူဖြူဥဥ နဲ့ ကျွန်တော့်လို သေးသေး လေး ကောင်လေးက suit နဲ့smart ကျလှသည် အင်းးပေါ့ ကိုကို့ အတွင်းရေးမှုးပဲလေ ဒါပေမယ့် စိတ်ထဲ သိပ်တော့ သဘောမကျလှ CEO တစ်ယောက်ကို gege ကို ခေါ်တာကိုလည်းသဘောမကျသလို ကိုကို က Byun လေး လို့ အဖျားစွတ်ခေါ်တာကိုလည်း သဘောမကျပါ

"ဂျွန်မြောင် ကော်ဖီ တစ်ခွက်ဖျော်ခဲ့ပေး "
"အာာ မလုပ်ပါနဲ့ ကျွန်တော့်ကို ရေတစ်ခွက်ပဲပေးပါ "

"ဟုတ်ကဲ့ "

ဟင်းအင်းသဘောမကျဘူး ကျွန်တော့်ရှေ့မှာတောင် အရယ်အပြုံးမရှိတဲ့ ကိုကို က သူ့အတွင်းရေးမှု့းလေးရှေ့မှာတော့ ပါးချိုင့်တွေ ဝင်သည်ထိ ပြုံးပြနေတယ် လောက ကြီးက မတရားလိုက်တာ
ရေတစ်ခွက် သွားချပေးတော့ ကိုကို့ အနီးနားမှာ ထိုင်နေတဲ့ သူ့အတွင်းရေးမှုးလေးက ကိုကို့ နဖူးကို စမ်းလိုက် သူ့နဖူးကို စမ်းလိုက်နဲ့ ဗြာများနေတဲ့ပုံရိပ်က ရင်ဘက်ထဲ အောင့်တက်လာသလို

" နည်းနည်း ကိုယ်ငွေ့နေသလားလို့ gege ဆေးခန်းသွားကြမလားဟင် "
" ဆေးသောက်ထားတယ် Byun လေးရဲ့ သက်သာသွားမှာပါ "

"ကိုကို ထမင်းပြင်လိုက်ရတော့မလား "
"ပြင်လိုက်တော့ ဂျွန် " "aww ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်Byun လေး သူက ကင်ဂျွန်မြောင် တဲ့ Ge ရဲ့ ညီ"
"ညီ! "
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည် Byun Baekhyun ပါ "
ခေါင်းသာ ငြိမ့်ပြပြီး မီးဖိုခန်းထဲ အပြေးသွားမိတော့သည်
"ညီ ... ညီတဲ့ " ကျွန်တော်က ကျွန်တော့် တည်ရှိရာနေရာတောင် လူသိရှင်ကြားနေထိုင်ခွင့်မရှိတော့ဘူးလား .......ဧည့်ခန်းထဲက ရယ်မောသံတစ်ချို့က ရင်ကို အစိမ်းလိုက်ခွဲနေသလို ပဲ သွေစိမ်းရှင်ရှင် ထွက်နေတဲ့ အနာလို နာကျင်နေရပြီ ကိုကိုရယ် ဒီဇာတ်လမ်းကို စခဲ့မိတာ ကျွန်တော့်အမှားလား ......ကိုကို့ရဲ့ မလွန်ဆန်နိုင်တဲ့ အခြေအနေတစ်ခုကြောင့်ပဲလား .....

"ထမင်းပွဲအသင့်ဖြစ်ပြီ Xing "
"လာ မငြင်ရဘူး Byun ပိစိ gege စိတ်ဆိုးမိမှာနော် "
"ကြောက်ပါရဲ့ CEO zhang ရယ် ဟဟ"

စနောက်နေတဲ့ ကိုကို က လူစားထိုးခံရသလို
"ဒီက ကင်ဂျွန်မြောင် shi လည်း ဝင်စားပါလား "
စကားသံကြောင့်ဘေးက ကိုကို ကပါ
" ဟုတ်တာပဲ ညီ ဝင်စားပါလား အတူတူ "
" ဟုတ် Xing ge "

ထမင်းသာစားနေရပါသော်လည်း ခံတွင်းထဲ အရသာမတွေ့ အထူးသဖြင့် ကိုကို နှင့်အတွင်းရေးမှူးကောင်လေးကြောင့်လည်း ပါလေမည်

" Byun လေး ge တို့ ဂျယ်ဂျူ စာရင်းစစ် သွားကြမလား "
"အင် ge ge တကယ်ပြောတာလား "
"အင်းပေါ့ ge တို့ စာရင်းလည်းစစ်ရင် အပန်းလည်းဖြေရင်း"
" ကောင်းသားပဲ အဟိ"

"ဂျွန်မြောင် ရော လိုက်ဦမလား "
မေးတဲ့သူကို မဖြေမိဘဲ ge ကို လှမ်းကြည့်မိတော့
" ညီက ရှုပ်ရှုပ်ယှက်ယှက် လူပေါတဲ့နေရာ မကြိုက်ဘူး ဆိုတော့ အိမ်မှာ နေခဲ့မယ်ထင်တယ် "တဲ့လေ ပညာရှိပီပီ သွယ်ဝိုက်ပြောတတ်တဲ့ ကိုကို့ကို အပြစ်မမြင်ရက် အင်းပေါ့ ကိုယ်ဆိုသည်မှာလည်း ကိုကို ထားရာနေစေရာသွားပဲမလား .........

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
                                       TBC

You've reached the end of published parts.

⏰ Last updated: May 04, 2018 ⏰

Add this story to your Library to get notified about new parts!

HandWhere stories live. Discover now