Hand

720 107 0
                                    

~ နာကျင်မှု့တွေ အလွန်မှာ နူးညံ့တဲ့ လက်တစ်စုံ ကမ်းလင့်နေနိုင်မှာလား ~

_____________________________
မနက်မိုးစင်စင်လင်းခြင်းရဲ့ အဓိပ္ပာယ်ဆောင်တဲ့ နေရောင်ခြည် တို့က ကျွန်တော်မျက်နှာပေါ် ဖြာကျလာခဲ့တော့ ကုတင်ပေါ်ရောက်နေတယ်အမှတ်နဲ့ လူးလိမ့်မိခါမှ ကြမ်းပြင်မာမာထက်သို့ ဒလိမ့်ခေါက်ကွေး ကျသွားခဲ့သည်
"အား....ကျွတ် နာလိုက်တာ " ကိုယ်ပေါ်မှာ ခြုံစောင်တစ်ထည်တောင်မရှိဘဲ ဆိုဖာပေါ်မှာ တစ်ညလုံး မသက်မသာ အိပ်ခဲ့ရသည်ပဲ အနာဖြစ်ထားတဲ့ လက်ကောက်ဝတ်ကို ကိုင်ပြီး ခပ်သာသာ ညည်းလိုက်မိပြီး အတွေးက မနေ့ညဆီသို့ "ခုချိန်သူမ ပြန်လောက်ပြီလား " ကမန်းကတန်း နာရီကြည့်လိုက်တော့မှ
"ဟာာာ ၇နာရီတောင်ထိုးပြီ "
ကိုကို အလုပ်သွားဖို့ မနက်စာနောက်ကျတော့မှာပဲ ဆိုတဲ့ အသိက လက်ကောက်ဝတ်က အနာတောင်မေ့ချင်သယောင် အမြန်ရေချိုးခန်းထဲပြေးဝင်ရတော့သည်
မနက်စာ အမှီလုပ်ပေးဖို့ လှေကားတွေတောင် ဘယ်နှဆင့်ကျော်ခွလာမိမှန်းမသိ
ကံဆိုးခြင်းပဲလားမသိ ကျွန်တော် အောက်ရောက်ခါနီးမှ ကို့ကို့ ph ringtone သံကြားလိုက်ရတော့ ခြေလှမ်းတွေက အလိုလို ရပ်တန့်ပြီးသားဖြစ်သွားပြီး နံရံကာကိုသာ အကာအကွယ်ယူ နားစွင့်နေမိသည်
" ဟန်နီ မနက်က အစောကြီးပြန်သွားတာလား "
ဟိုဘက်က ဘာပြောလိုက်လဲ မသိ ကိုကို့ ရယ်သံတစ်ချို့ထွက်ပေါ်လာသည် မနက်ခင်းရဲ့အလှနဲ့ ကိုကို့ရယ်သံလေးက လိုက်ဖက်လွန်းလှသည် ကိုကို့ရယ်သံကကျွန်တော့်အတွက်မဟုတ်ပေမယ့် ကြားရတဲ့ ကျွန်တော့်တနေ့တာတော့ သာယာလှပတော့မည်
"uncle က ရုတ်တရက်ကြီး နိုင်ငံခြားကနေပြန်လာတော့ ဟန်နီလေးက ဆိုးလို့များလား ဟ ဟ "
ဟိုဘက်က သူမကို တီတီတာတာ ပြောပြီး စနေတဲ့ ကိုကိုဟာ ကျွန်တော်နဲ့ဆို စကား တစ်ခွန်းပြည့်အောင် မပြောတတ်သူဆိုတာ ယုံနိုင်ဖွယ်မရှိ
နာကျင်နေရတဲ့ ရင်ဘက်ကို လက်နဲ့ အသာဖိပြီး အမှတ်မရှိတဲ့ နှလုံးသားကို သာ ကျိန်ဆဲ ပစ်လိုက်မိသည်
ကိုကို ph ပြောပြီးချိန် ကျွန်တော်လည်း ထမင်းစားခန်းထဲ ဝင်လာလိုက်တော့ ကိုကို က ကော်ဖီသောက်ရင်း သတင်းစာတစ်ခုကို ဖတ်နေတယ်လေ ကိုကိုသာ သိပ် smart ကျလွန်းတယ်
"ကိုကို မနက်စာနောက်ကျသွားလို့ တောင်းပန်ပါတယ် "
"မလိုဘူး "
ခပ်တိုတိုပဲ ပြောပြီး ကိုကိုက ကော်ဖီတောင် ကုန်အောင်မသောက်ပဲ အပေါ်ထပ်သို့ တက်သွားခဲ့သည်
ကျွန်တော့်ကို မမြင်ချင် ပြောလိုက်ပါ ကိုကို
ကိုကို့ ကျန်းမာရေးထိခိုက်အောင် မနက်စာ မစားဘဲတော့မနေပါနဲ့
ကျွန်တော်နဲ့ ကိုကိုရဲ့ နေ့စဉ်အလုပ်က သိပ်မထူးခြားလှဘူး
မနက်ဆို ကျွန်တော်အရင်ထပြီး ကိုကို အတွက် မနက်စာပြင်ပေးမယ် ကိုကိုရုံးသွားရင် ကျွန်တော်က အိမ်မှာ အိမ်မှု့ကိစ္စတွေလုပ်မယ် ကိုကိုကတော့ မနက်စာသာ အိမ်မှာစားတတ်ပြီးတော့ ညဆို ကျွန်တော်နဲ့ မျက်နှာချင်း မဆိုင်ချင်လို့ပဲလားမသိ နောက်ကျမှပြန်လာတတ်တယ် ဒါပေမယ့် တစ်ညမှာ
အဝင်call ဆိုတာ တစ်လမှာ တစ်ခါတောင်မရှိခဲ့တဲ့ ကိုကို့ ph contact လေးဝင်လာခဲ့တယ် ပျော်ရွှင်မှု့တွေက ကြာကြာတောင်မခံလိုက် ph ကိုင်ဖြေဆိုသူက ကိုကိုမှ မဟုတ်ခဲ့ဘဲ
" Hello ဒီ ph ပိုင်ရှင် အစ်ကိုနဲ့ သိလား မသိဘူးခင်ဗျ "
"ဟုတ်ကဲ့ "
" ဒီph ပိုင်ရှင် အစ်ကို bar မှာမူးပြီးမှောက်နေလို့ခင်ဗျ "
" ဟုတ်ကဲ့ ကျွန်တော့်ကို လိပ်စာပို့ပေးလိုက်ပါ ကျွန်တော်အခုပဲလာခဲ့ပါ့မယ် ကျေးဇူးပါ "
စကားတွေကို တရက်စက်ပြောပြီး လိပ်စာ အပို့မှာ ချက်ချင်းထထွက်လာခဲ့မိတယ် ကိုကို ဘာတွေများ ပူပန်စရာရှိနေပါလိမ့်
Bar ရောက်တော့ ဝေ့ဝဲရှာကြည့်မိတဲ့ ကိုကိုဟာ ကောင်တာပေါ်မှာ ခေါင်းငိုက်လျက်သား
ကျွန်တော်အပြေးသွားလှုပ်နှိုးမိတော့
"ကိုကို "
"ကိုကို ထထ ဒီမှာ အိပ်မနေနဲ့လေ "
အမေးသာရှိပြီး အဖြေမရှိလေတော့ အတင်းဆွဲမပြီး ကိုကို့ကို တွဲထားရသည် ဒါတောင်ယိုင်နဲ့နေတော့ ဘေးက waiter လေးသာ အကူအညီတောင်းကာ ကားထဲ အတင်းထည့်ပြီး အိမ်ကိုသာ အမြန်ပြန်ပြေးရသည် ပေါ်တီကိုအောက် ကားထိုးပြီး ကိုကို့ကို အိမ်ထဲထိ မနိုင်မနင်းတွဲပေးထားရသည် အကယ်၍ကျွန်တော်သာ ကို့ကို့နေရာမှာဆို ကိုကို ဒီလိုများလာခေါ်လေမလား ဒါမှမဟုတ်ပစ်ထားမှာပဲလား လာခေါ်ခဲ့ရင်တောင် တွဲဖက်ပေးဖို့ထား ဒရွတ်တိုက် ဆွဲသွားဖို့က သေချာသည်မို့ ကိုယ့်အတွေးနဲ့ ကို တစ်ချက်ရယ်လိုက်မိသည်
ကျစ်လစ် သန်မာလာတဲ့ ကိုကို့ ကို အပေါ်ထပ်အခန်းထဲထိ သယ်ဖို့ဆိုတာ ကျွန်တော့ တစ်ပတ်စာ အားတွေ အကုန်သုံးလိုက်ရသလို အခန်းတံခါးနားရောက်ခါနီးမှ နံရံကို ဆွဲကပ်ခံလိုက်ရတဲ့ ကျွန်တော်ဟာ ရုတ်တရက် ကြောင်သွားသလို အချိန်တွေ စက္ကန့်တွေဟာလည်း ရပ်တန့်ကုန်သလား မသိ
နီးကပ်လွန်းလှတဲ့ ခန္ဓာကိုယ်နှစ်ခုနဲ့ မျက်နှာ ချင်းဆိုင်က ကိုကို့ရဲ့ ဝင်လေ ထွက်လေတို့က ကျွန်တော့နှာဖျားထိ ထိကပ်နေသယောင်
နီးကပ်လာတဲ့ ကိုကို့မျက်နှာကြောင့် အလန့်တကြားမျက်လုံးမှိတ်မိတော့ ခနဲ့သံတစ်ချို့သာ ထွက်ပေါ်လာသည်
" မမျှော်လင့်နဲ့ ကင်ဂျွန်မြောင် ငါမိန်းမတွေကို စိတ်ကုန်သွားရင်တောင် ယောက်ျားလေးတွေ စိတ်ဝင်စားမိခဲ့ရင်တောင် မင်းကို ငါစိတ်မဝင်စားဘူး "
လှောင်သံတစ်ချို့ ကပ်ညိပါသွားသလားတောင်မသိခဲ့ မင်သက်နေမိတဲ့ ကျွန်တော့်ဆီမှာ ကျကွဲသွားတဲ့ ဖန်ထည်နှလုံးသား တစ်စုံဟာ သွေးစွန်းနေခဲ့ပြီ ~
____________________________________
TBC ~

HandWhere stories live. Discover now