| F.O.L |
' Ring ' ' Ring ' ' Ring '
နှိုးစက်သံ အချက်မြည်သည်နှင့် မျက်လုံးနှစ်ဖက်က တန်း၍ပွင့်လာကာ ကုတင်ပေါ်မှ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည် ဒီနေ့က D-day ! ဘဝအတွက် အပြောင်းအလဲတွေ ဖြစ်တည်လာနိုင်မယ့်နေ့ ... ထိုကဲ့သို့ တွေးမိသည်နှင့် Taeပြုံးရွှင်ကာ ပြင်ဆင်စရာရှိသည်တို့ကို စတင်လိုက်တော့သည်
ရေမိုးချိုး မှန်တင်ခုံရှေ့ အလှပြင်နေရင်းနှင့်ပင် စားပွဲပေါ်ရှိ Dialogueကို မျက်လုံးမခွာနိုင် ... နှုတ်မှရေရွတ်လျက် နောက်သုံးနာရီတွင် စတင်တော့မည့် Auditionအတွက် မမေ့ပျောက်ရန် စကားပြောများ ခေါင်းထဲအသေမှတ်သားနေမိသည်
ပြင်ဆင်ပြီးသည်နှင့် မှန်ရှေ့ရပ်လျက် တကိုယ်လုံးလှည့်ရင်း မိမိကိုယ်ကို သေချာဆန်းစစ်မိသည် မှန်ထဲမှ ရောင်ပြန်ဟပ်နေသော မကြာခင် ၃၀ကျော်တော့မည့် မိန်းကလေးတယောက်ကို အားပေးလိုက်သည်
" Kim TaeTae ... နင်လုပ်နိုင်မှာပါ Hwaiting "
ထို့နောက် အသင့်ပြင်ထားသော အိတ်ကိုဆွဲလျက် အောက်ထပ်သို့ ဆင်း၍ မနက်စာအတွက် ပြင်ဆင်လေသည် နှုတ်မှလည်း တဦးတည်းသော သွေးသားရင်းချာဖြစ်သည့် ညီမလေးရဲ့ နာမည်အား တစာစာ အော်ခေါ်ရင်း
" Kim Minnie !!! "
" Minnie ထမယ် ... မနက်ကျောင်းနောက်ကျနေမယ် "
' သိပါတယ် သိပါတယ် မနက်စောစောစီးစီး နားညည်းအောင် မလုပ်စမ်းပါနဲ့ '
မျက်နှာရှစ်ခေါက်ချိုးနှင့် ဆင်းလာသော သူမအား Taeလှမ်းကြည့်၍ ပြုံးလိုက်သည် ထို့နောက် လက်ထဲတွင် ကျက်နေပြီဖြစ်သော ကြက်ဥကြော်အား ပန်းကန်ထဲသို့ ပြောင်းထည့်ရင်း ရေခဲသေတ္တာဆီ ဦးတည်လိုက်သည် ... ရေခဲသေတ္တာ၌ ကပ်ထားသော စာရွက်အနီလေးအား မသိကျိုးကျွံပြုရင်း လုပ်လက်စသာ ဆက်လုပ်နေသည်
YOU ARE READING
Fear Of Love
RomanceDo u know how its feel like being betrayed by someone u love? (Vkook) (Normal) (Myanmmar fic)