| F.O.L |
အချိန်အားဖြင့် မနက်၉နာရီ ... နေရောင်ဖြာကျနေသော မနက်ခင်း၏ အလှကို ကောင်းကင်ထက်က တိမ်ဖြူဖြူလေးတွေ ထောက်ပံ့ပေးနေသည်စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သည်မို့ Minnieတယောက် အပေါ်ထပ်မှ အကြောဆန့်ကာ အောက်သို့ဆင်းလာရင်း ပါးစပ်မှလည်း အဆက်မပြတ်သမ်းနေမိသည် ထိုစဉ် ဧည့်ခန်းရှိ ဆိုဖာ၌ ဖုန်းကိုနားတွင်ကပ်ရင်း ဝိညာဉ်လွင့်နေပုံရသော အစ်မဖြစ်သူပုံစံကြောင့် အိပ်ချင်မူးတူးနှင့် မေးခွန်းထုတ်လိုက်သည်
" Unnie... ဒါနင် သရုပ်ဆောင်ရမယ့် ဇာတ်ကွက် ကျင့်နေတာလား ဘာလဲ? "
" Minnieရေ ... Unnieလေ "
" အင်း ဘာဖြစ်လဲ "
" Unnieလေ "
" ဘာလဲဆို !??? "
" Unnie အရွေးခံရပြီ နောက်ဆုံးတော့ နင့်ရဲ့Unnie ငါ အချီကြီးဖြစ်တော့မယ်လို့ "
ဖုန်းကို လွှတ်ချလျက် ထခုန်နေသော သူမကို နားမလည်နိုင်စွာ စိုက်ကြည့်ရင်း သူမရဲ့တောင်စဉ်မရ ပြောစကားတွေကို Minnie ဆက်နားထောင်နေမိသည် နောက်ဆုံးတော့ အကြွေးဒဏ် မခံနိုင်ရှာဘဲ ရူးသွပ်သွားပြီကိုး -.-
----
' KBS 'ထိုစာလုံးရေးထားသည့် အဆောက်အအုံကို ကြည့်ရင်း ပါးစပ်မှ ပြုံးဖြီးနေမိသည်ကို Taeတားဆီး၍ မရနိုင် ... ပါးနှစ်ဖက်ကို ဆွဲကိုင်ရင်း ခပ်ဆတ်ဆတ်လေး ရိုက်ကာ ကိုယ့်ကိုကိုယ် သတိပေးလိုက်သည်
သတိထား Kim Tae Tae ... နင့်အပြုအမူနင်ထိန်း နင်က2019မှာ စန်းထမယ့် မင်းသမီးတစ်ဦး ဖြစ်လာတော့မှာ
ထိုသို့ တွေးမိသည်နှင့် တဒုတ်ဒုတ် ခုန်လာသော ရင်ဘတ်အား ဖိထိန်းလျက် ထိုအဆောက်အအုံတွင်းသို့ ဝင်လာခဲ့သည်
အခုမှစ၍ ဤနေရာကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး မကြာခဏ အဝင်အထွက် လုပ်ရတော့မှာ ခွိ xD
YOU ARE READING
Fear Of Love
RomanceDo u know how its feel like being betrayed by someone u love? (Vkook) (Normal) (Myanmmar fic)