ကောင်းကင်ကား အုံ့မှိုင်းလျက် မကြာခင် မိုးရွာသွန်းတော့မည့်ဟန်... ညနေစောင်းပေမို့ ကော်ဖီဆိုင်ထဲ လူအနည်းငယ်သာ ရှိနေပြီး အပြင်ဘက်တွင်တော့ မိုးမိမှာ ကြောက်မည့်အလား ခပ်သွက်သွက် ပြေးလွှားနေကြသည်
အုံ့မှိုင်းမှိုင်း ကောင်းကင်ကို ကော်ဖီဆိုင်အတွင်းရှိ ကောင်တာ၌ ငေးမောကြည့်ရင်း Tae သက်ပြင်းချလိုက်သည် ထို့နောက် ပလာစတာအပြည့် ကပ်ထားရသော သူမလက်ချောင်းတို့ကို ကြည့်ကာ စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်မိသည်
' အောင်မြင်ဖို့က တကယ်ကို ပင်ပန်းတာပါလား'
ယနေ့ မနက် ၇နာရီမှစကာ ဒါရိုက်တာဆင်းခိုင်းသည့် workshopသို့ ဆင်းရသည် ဇာတ်လမ်းရိုက်မယ့် သရုပ်ဆောင်အချင်းချင်း ရင်းနှီးမှုရှိစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် Team work gameအချို့ ကစားရကာ ဇာတ်လမ်းထဲ၌ ပါမည့် ဇာတ်ကွက်အချို့ကို လေ့ကျင့်သရုပ်ဆောင်ရသည်
Workshop လာဆင်းသည့်အထဲ Jeon Jungkook မပါ၍လားမသိ သူမအတွက်တော့ အရာအားလုံး ရှောရှောရှူရှူ ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ၁၁နာရီမှစ၍ ဒါရိုက်တာ စာရင်းသွင်းပေးထားသည့် စောင်းတီးသင်တန်းသို့ တက်ရသည်...
အခုသူမရဲ့လက်ချောင်းတွေက ထိုစောင်းတီးသင်တန်းမှ ဖန်တီးပေးလိုက်တဲ့ အနုပညာလေးတွေပင်... ဇာတ်လမ်း အစအဆုံးတွင် ၁၅မိနစ်သာသာ ပါမည့် စောင်းတီးရမည့် အခန်းအတွက် ပေးဆပ်လိုက်ရသည်မှာမနည်း
* ကလင် *
တံခါးမှထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံကြောင့် Taeကိုယ်ကို မတ်မတ်အနေအထားသို့ ပြင်လိုက်ကာ ချိုသာလှသော အပြုံးကို ဖော်ဆောင်ရင်း စတင်နှုတ်ဆက်လိုက်သည်
" မင်္ဂလာပါ Smile Cafeမှ ကြိုဆိုပါတယ်"
ဆိုင်ထဲသို့ ဝင်လာသည့် Customerသည် ဦးထုပ်ကို နောက်ပစ်စောင်းထားပြီး maskအမည်းကို အုပ်ထားကာ ကုတ်အကျီင်္အနက်ထဲ လက်ထည့်၍ မော်ဒယ်လ်တယောက်ကဲ့သို့ ဟန်ကျကျလျှောက်လာသည်။
သောက်ကျိုးနည်း...ဒါ Jeon Jungkookမဟုတ်ဘူးလား
မျက်နှာအမူအရာ မပျက်အောင် ထိန်းထားသော်လည်း Taeစိတ်ထဲတွင်တော့ မကြာသေးခင်ကအထိ ငြိမ်းချမ်းနေသော သူမနေ့ရက်လေးကို ဖျက်စီးချင်တဲ့ ထိုသူအား အကြိမ်တရာမက ပိတ်ထိုးပြီးနှင့်ပြီ
YOU ARE READING
Fear Of Love
RomanceDo u know how its feel like being betrayed by someone u love? (Vkook) (Normal) (Myanmmar fic)