Night
ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်တမ်း မင်းကို ငါ လွမ်းတယ်။
တစ်ယောက်တည်း နိုးထလာတဲ့ နံနက်တိုင်းမှာ ငါ့မျက်နှာငါ မှန်ထဲပြန်ကြည့်ရင်း Fuckလို့ ပစ်ပစ်နှစ်နှစ် ဆဲတယ်။ နံရံမှာ ငါခြစ်ထားတဲ့ ဓားရာတွေ..။ စုတ်ပြတ်သတ်နေတဲ့ ငါ့ရင်ခွင်လိုပဲ မလှတော့ဘူး။ငါ့နှလုံးသားနဲ့ငါ လွမ်းရတဲ့အခိုးတွေရိုက်ပြီး မျက်ရည် ပေါက်ပေါက် ပေါက်ပေါက် ကျတယ်။ တမ်းတမ်းတတကြီးကို ငါရူးနေမိတာ။
ငါ့ကိုစောက်ဂရုစိုက်မနေနဲ့ ။ ငါလဲမင်းကို စောက်ဂရုမစိုက်ဘူး။ မင်းပြုံးနေရင် မင်းအကောင်ကို ငါမနာလိုဘူး။ မင်းပျော်နေရင် မင်းအကောင်ကို မကျေနပ်ဘူး ။ မင်းငိုရတဲ့အခါ မင်းအကောင်ကို ငါသတ်ချင်တယ်။ မင်းအကောင်စောက်ဂရု စိုက်ပေးတယ်ဆိုတာ ငါ ခြေဖျားတောင် မမီခဲ့ပေမယ့် မင်းက အရူးလက်မှ တစ်မူးသာနေတယ်။ Fuck!ပဲ။မိုးရွာတော့ ငါ့အတွက်ဘာအရေးလဲ။ မင်းဖျားမှာကို မင်းအကောင်က စိတ်ပူပေးနေတာပဲ။
နှင်းကျနေတော့ရော ငါ့အတွက် ဘာအရေးလဲ။ မင်း ကော်ဖီနွေးနွေးတစ်ခွက် မင်းကိုယ်တိုင် ဖျော်သောက်တတ်သွားပြီပဲ။
နေပူနေတယ် ။ ငါ့အတွက် ဘာအရေးလဲ။ ငါ့လက်ဖဝါးတွေထက် ပိုလုံမယ့် ထီးတစ်ချောင်း မင်းကိုယ်တိုင်ဆောင်းထားတာပဲ ။ FUCK! ငါကိုက စောက်ရေးမပါတာ။ကဗျာဆရာတွေကိုမုန်းတဲ့မင်းကို ကဗျာတွေရေးရင်း လွမ်းနေတာကို စောက်ရေးမပါတာ။ တွေးကြည့်ရင် ရယ်စရာကြီး။
ဆေးလိပ်တွေ အဆက်မပြတ် သောက်ချင်သောက်မယ်။
ဝီစကီတွေမော့ရင်း စောက်သည်းကွဲရင် ကွဲနေမယ်။
ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်တမ်း မင်းကိုငါလွမ်းမယ်။
နံရံကိုခေါင်းနဲ့တိုက်ပြီး ချစ်တယ်လို့ အကျယ်ကြီးအော်မယ်။
ကြယ်တွေကို တစ်လုံးချင်းရေရင်း မင်းနာမည်ကို တဖွဖွ ရွတ်မယ်။ဒီလောက်ပါပဲ။ မင်းပျော်နေတာကို ငါစောက်ဖတ်မလုပ်သလို ငါလွမ်းနေတာလဲ မင်း စောက်ဂရုစိုက်မနေနဲ့။
ဒီလောက်ပါပဲ။ ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်တမ်း လွမ်းနေရုံပေါ့။ ငါကျေနပ်ပါတယ်လို့ပြောရင်လဲ ညာနေတာလို့ ပြောရင်း ငါအမြတ်နိုးဆုံး ခိုးခိုးခစ်ခစ် ရယ်သံလေးနဲ့ ရယ်လိမ့်ဦးမယ်။
ခန့်သော်
YOU ARE READING
ဝေးခဲ့ခြင်းများစွာ (အက်ဆေးနှင့်ဝတ္ထုတိုများ)
Poetryစိတ်အချဉ်ပေါက်တဲ့အခါ အလွမ်းတွေ ပွင့်အံလာလေ့ရှိတယ် ..။ လွမ်းရတဲ့အကြောင်းတွေ.. ဆွေးရတဲ့အရသာတွေ.. ကျွန်တော့်ဘေးမှာ သူရှိနေသေးတယ်လို့ လတ်လတ်ဆတ်ဆတ်ကြီး အရူးထရတာတွေအတွက် အက်ဆေးတစ်ချို့နဲ့အတူ ဖွင့်ချကြည့်မိတယ် ။ ပေါ့ပါးသွားမလားတော့ ကျွန်တော်မသိသေးဘူး။ ဘာပဲ...