မမလင်း ပစ်ခွာခဲ့တဲ့ စက္ကူလေး
________________________ခက်တယ်.. မမ ရာ
ဆယ်ကျော်သက်မို့.. ရင်ခုန်တယ်ပြောရအောင်လဲ
ကျွန်တော့်အသည်းက သူငယ်နှပ်စားမှ မဟုတ်တော့ဘဲမမ.. မမ.. မမ.. မမ
မမနဲ့စတွေ့ပြီးတည်းက
ကျွန်တော်ဟာ မမ နာမည်နဲ့ သရဏဂုံတည်လိုက်တယ်လင်းလက်.. မမလင်းလက်
ဂန္ထဝင်နာမည်တစ်လုံးတည်းနဲ့
ရူးဖို့လုံလောက်သွားတာ
တကယ်ကြီး ချစ်မိသွားလို့ပါ မမမမရဲ့ ရနံ့ယဉ်သော ရေမွှေးလေးအဖြစ်နဲ့
မမရဲ့လည်တိုင်တဝိုက်မှာ စီးခိုလို့ နေချင်တယ်
မမရဲ့ ဖြူစင်သော ဖိနပ်လေးအဖြစ်နဲ့
မမခြေဖဝါးမှာ စိုးမိုးချင်မိတယ်
မမရဲ့ ပန်းနုရောင်နှုတ်ခမ်းနီလေးအဖြစ်နဲ့
မမအပြုံးတိုင်းမှာ ပါဝင်ပတ်သတ်ချင်တယ်
ကျွန်တော်ရူးသွားတာလားပဲမမရယ်..ကျွန်တော်သာ နတ်ဘုရားတစ်ပါးဆိုရင်
မမ ကိုပြုံးစေမယ့်အရာရာတိုင်းကိုဖန်ဆင်းနိုင်တဲ့အစွမ်း
မမ သွားရာလမ်းမှာ ခလုတ်မထိ ဆူးမငြိစေမယ့်အစွမ်း
ချစ်သောသူနဲ့ပေါင်းဖက်ခွင့်ရစေမယ့်အစွမ်း.. ရချင်တယ်
(အဲ့ဒီ "သူ" ဟာ ကျွန်တော် မဟုတ်ခဲ့ရင်တောင်မှပဲ.. )နာမည်လေးတစ်ချက်နဲ့ရူးခဲ့သူပါ
တစ်ခါတစ်လေကျ မမ နင်းလျှောက်တဲ့ မြက်ခင်းလေး.. ဖြစ်ချင်တယ်
တစ်ခါတစ်လေကျ မမ နား ဖြတ်တိုက်သွားတဲ့
လေညင်းလေး ဖြစ်စေချင်တယ်
တစ်ခါတစ်လေကျ မမ စိတ်ချမ်းမြေ့စေမယ့် အရာရာဟာ ကျွန်တော်ပဲ ဖြစ်လိုက်ချင်တယ်..ချစ်ရသူကိုချစ်ခွင့်ရရုံနဲ့ကျေနပ်နေတဲ့ မမလင်းလက်
ချစ်ရသူနားဖြည့်ဆည်းခွင့်ရရုံနဲ့ကျေနပ်နေတဲ့ မမလင်းလက်
မမ ကိုလဲ ချစ်ရရုံနဲ့ပဲ ကျေနပ်တော့မယ် မမကျွန်တော့်ကဗျာတွေ မမ ကို ဦးညွတ်တဲ့အခါ..
တစ်ကမ္ဘာလုံးက ကဗျာဆရာတွေ မမရှေ့မှာ သေပေးရမယ်
မမအလှကို ကျွန်တော်လည်း ပြည့်စုံအောင်မဖွဲ့နိုင်သလို
မမအလှကို ကဗျာဖွဲ့မယ့်သူ ကျွန်တော့်အပြင် မရှိစေရကိုကိုနဲ့လွဲခဲ့သလို ဒီဒီနဲ့လဲ ပေးဆပ်သူထက် မပိုခဲ့တဲ့ မမ
မပြောကောင်းမဆိုကောင်း
မမလင်းလက်သာ ပန်းလေးလို နွမ်းခွေလျခဲ့ရင်
ရဲရဲကြီး ကောက်ယူ နမ်းရှိုက်မယ့်သူတစ်ယောက်..
ဒီကမ္ဘာကြီးရဲ့ တစ်နေရာမှာ ရှင်သန်နေတာ သတိရပေးပါကျွန်တော့်ကိုလည်းမယုံပါနဲ့မမ..
နောင်လာမယ့်အနာဂါတ်မှာ
ကလေးတစ်ယောက်မွေးစားပြီး
ကလေးရဲ့မေမေဟာ မမလင်းလက်ဖြစ်ကြောင်း
မပျင်းမရိထိုင်ညာနေမယ့်ကောင်ဟာ ကျွန်တော်လဲ ဖြစ်နေနိုင်တယ်လေ...#Yasuhiro
YOU ARE READING
ဝေးခဲ့ခြင်းများစွာ (အက်ဆေးနှင့်ဝတ္ထုတိုများ)
Poetryစိတ်အချဉ်ပေါက်တဲ့အခါ အလွမ်းတွေ ပွင့်အံလာလေ့ရှိတယ် ..။ လွမ်းရတဲ့အကြောင်းတွေ.. ဆွေးရတဲ့အရသာတွေ.. ကျွန်တော့်ဘေးမှာ သူရှိနေသေးတယ်လို့ လတ်လတ်ဆတ်ဆတ်ကြီး အရူးထရတာတွေအတွက် အက်ဆေးတစ်ချို့နဲ့အတူ ဖွင့်ချကြည့်မိတယ် ။ ပေါ့ပါးသွားမလားတော့ ကျွန်တော်မသိသေးဘူး။ ဘာပဲ...