Col

46 3 0
                                    

ကိုး(လ်)


ချစ်ရပါသောကျွန်တော်၏ကိုး(လ်)
*************************

#ကိုးလ်(အနုလောမချစ်မေတ္တာ) 
_______________________

ကျွန်တော်သာ စွန်ငယ်တစ်ခုဖြစ်ခဲ့ရင် ကိုး(လ်) ဟာ ကျွန်တော့်အတွက် လေညင်းဖြစ်ပါလိမ့်မယ်။ သူသာမရှိရင် ပျက်ကျရမယ့်ဘဝလို့ မခံယူချင်ပဲလျက်က ခံယူခဲ့ရတာကို ကျွန်တော် ပျော်ဖူးတယ်။ ခုတော့ဖြင့် မဟုတ်လေ.. ။ ခွဲကြစို့လို့ပြောရင်း ကိုး(လ်)ရှိရာအရပ် ယောင်ရမ်းလို့ လွမ်းမိတယ်။

ကိုး(လ်)....
သည်နာမတော်အားဖြင့် ကျွန်တော့်ရူပစိတ္တ နှစ်ဖြာသော ခန္ဓာသည် သန္တအတိ.. ငြိမ်းအေးစေသတည်း။ ကိုး(လ်) ကို ချစ်၍ ပူလောင်၏။ နေ့ရဲ့ ကန္တာရဟာ ကိုး(လ်)ရှိရာ ဟိုတစ်ည.. ကြယ်တာရာခတဲ့ လထက် အေးချမ်းတယ်ပြောရင် ကိုး(လ်) ကျွန်တော့်သစ္စာအတွက် စိတ်ဆိုးပါ။ သည်ကြားထဲက ကိုး(လ်)ကို လွမ်းတဲ့စိတ်နဲ့ ကမ္ဘာတည်တဲ့အခါ ကျွန်တော့်ကမ္ဘာမှာ ထီးလိုအုပ်လို့ ချုပ်လှည့်ပါလား။ ရူးသွပ်ခြင်းဟာ ကိုး(လ်) အပြုံးကစပြီး ရင်ခုန်သံဟာ ကိုး(လ်) ပုံလွှာက စပါတယ်။ ကိုး(လ်) ကြောင့်ရူးရရင်လည်း ရူးရတာတန်တယ် ကိုး(လ်) ။

ဘာပဲဖြစ်ဖြစ် ပိုင်ဆိုင်ခြင်းဟာ ယောင်ယောင်မှ ချဉ်းနင်း မဝင်ရောက်ခဲ့တဲ့ ကျွန်တော့်သည်း နန်းတံခါး တိတ်တိတ်လေး ပိတ် အမှောင်ကမ္ဘာမှာ အိပ်တော့မယ်။ ကိုး(လ်) ရေ.. ယောင်လို့မှားလို့ရယ်မှ  ကျွန်တော်ဖန်ဆင်းတဲ့ လွမ်းအိပ်မက်ထဲ နယ်မြေကျူးလို့ မလာပါနဲ့.. ရူးရမှာလည်း စိုးခဲ့ပြီ။

#ကျွန်တော်၏ကိုး(လ်)(ပဋိလောမချစ်မေတ္တာ)
________________________________

မပိုင်ဆိုင်နိုင်မှန်းသိလျက်က ပေကပ်ကပ်ဖက်တွယ် မျှော်လင့်ချက်လိမ်လည်မှုကို လူသားတွေရဲ့ ဘာသာစကားမှာတော့ ဝဋ်ကြွေးလို့ ခေါ်ပါသတဲ့။ ကျွန်တော် ဖက်တွယ်ခဲ့သမျှ အရှုံးကို မီးတင်ရှို့တဲ့အခါ ကျွန်တော်ကိုယ်တိုင်လဲ ပြာမှုန်အဖြစ် ငြိမ်းချမ်းသွားပါရစေ။ အတ္တမှန်းသိနေရက် အနတ္တလို့ ကျွန်တော်မညာဘူး ကိုး(လ်)။ အဘိဓမ္မာစက်ဝန်းထဲ ပဋိစ္စသမုပ္ပာဒ် လက်တံလည်တဲ့အခါ ကိုး(လ်) သာလျှင် ကျွန်တော့်ရဲ့ အဝိဇ္ဇာပါ..။

ဝေးခဲ့ခြင်းများစွာ (အက်ဆေးနှင့်ဝတ္ထုတိုများ)Where stories live. Discover now